ရတီမေတို့ရေ… ပူပြင်းတဲ့နွေကို အန်တု ဖို့ ဒါမှမဟုတ် နေပူဒဏ်ခံရရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို သိဖို့အတွက် မျက်လုံးအလှကို ဖျက်တတ်တဲ့ ကျီးခြေ ထောက်တွေကစပြီး နေအပူဒဏ်ကာကွယ်ဖို့နဲ့ ဖက်ရှင်အကြောင်းလေး တွေ၊ အခြားသိမှတ်စရာလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။
ကျီးခြေထောက်မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ
ကျီးခြေထောက်ဆိုတာ မျက်လုံးရဲ့ အပြင် ဘက်အစွန်းနားမှာ ကြည့်မကောင်းလောက် အောင် အကြောင်းလေးတွေ ပေါ်နေတာမျိုး ဖြစ် ပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ အရေးအကြောင်းတွေကို ရှောင်လွှဲဖို့ ခက်ပေမယ့် ဒီကျီးခြေထောက်တွေမဖြစ်အောင် ရှောင်ကြည် ဖို့တော့ မခက်ပါဘူး။ ဒါကြောင့် သဘာဝနည်း အတိုင်း ကျီးခြေထောက် မဖြစ်အောင်နဲ့ သက်သာ အောင်လုပ်တဲ့နည်းတွေကတော့ မိမိအသားအရေ ကို ဂရုစိုက်ခြင်းပဲ။ နေလောင်ဒဏ်မခံခြင်း ကလည်း ကာကွယ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။ အောက်မှာ ဖော်ပြပေးထားတဲ့ အချက်တွေကို လိုက်နာရင်လည်း ကျီးခြေထောက်တင်မက အခြားသော အရေပြားမှာ ဖြစ်တတ်တဲ့ ပြဿနာ တွေကို ကာကွယ်ပေးပါလိမ့်မယ်။
နေရောင်ခြည်ကို ရှောင်ပါ
နေရောင်ခြည်က အသားအရေကို ပျက်စီး မည်းနက်စေပါတယ်။ ဒါတင်မက ကျီးခြေထောက် လည်း ဖြစ်တတ်တာကြောင့် မျက်လုံးရဲ့အလှကို ပျက်စီးစေပါတယ်။ ဒါတင်မက နေရောင်ဟာ နှုတ်ခမ်းသားကို ပျက်စီးစေပြီး ပြုံးရယ်လိုက်တိုင်း လည်း ပါးမှာ လိုင်းတွေပိုပြီး ထင်းလာတတ်ပါ တယ်။ ဒါကြောင့် နွေရာသီမှာ ဦးထုပ်လေး တွေ၊ ထီးလှလှလေးတွေနဲ့ ဖက်ရှင် လည်း ထွင်ရင်း နေပူ ဒဏ်ကိုလည်း ကာကွယ်ပါ။ နေကာမျက်မှန်နဲ့ နေ လောင်ခံ ခရင်မ်တွေကို လိမ်းပြီးမှ အပြင်ထွက်ဖို့ လည်း မမေ့နဲ့နော်။နေလောင်ဒဏ်ကာကွယ်ဖိှု့Sunscreen ဆိုတဲ့ ခရင်မ်တွေ လိမ်းနေရုံနဲ့ရော နေရောင်ကို အပြည့်အဝ ကာကွယ်နိုင်တယ်လို့ မပြောနိုင်ပါ ဘူး။ ၂ဝဝ၈ ခုနှစ်က ပတ်ဝန်းကျင်ဆိုင်ရာ လှုပ် ရှားမှုပြုသူတွေရဲ့ လေ့လာချက် အရ တော့Micronized Zince Oxide ပါတဲ့ Sunscreen အမျိုးအစားတွေကသာ ထိရောက်တဲ့ နေရောင် ကာကွယ်မှုကို ပေးနိုင်ပြီး နုပျိုမှုကို ထိန်းပေးနိုင် ပါလိမ့်မယ်။
ဆေးလိပ်မသောက်ပါနဲ့
ဆေးလိပ်သောက်တဲ့ မိန်းကလေးနည်းလှ တယ်ဆိုပေမယ့် လုံးဝမသောက်ဖို့ အကြံပြုပါရစေ။ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေက အများ ကြီးဆိုပေမယ့် အလှအပအတွက်တင်ပဲ ပြောရ မယ်ဆိုရင်တောင် ပါးရေတွန့်စေပြီး အသားတွေ ဝါစေပါတယ်။
အစိုဓာတ်ကို ထိန်းပါ
ကိုယ်တွင်းရော၊ ခန္ဓာကိုယ်အပြင်ပိုင်းမှာ ရေ ဓာတ်ပြည့်ဝနေပါမှ ခန္ဓာကိုယ်ကနေ တစ်သျှူး အသစ်တွေဆဲလ်အသစ်တွေ ထုတ်ပေးဖို့ အားရှိ ပြီး ကျန်းမာတဲ့ အသား အရေကို ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် လှပတဲ့အသားအရေကို ပိုင်ဆိုင်ချင်ရင် နွေရာသီမှာ ရေသန့်များ များသောက်ပေးဖို့၊ အရည် ရွှမ်းတဲ့အသီးတွေ စားဖို့ မမေ့ပါနဲ့။ နွေရာသီမှာ ရေဓာတ်ခြောက်ခန်းတတ်တဲ့အတွက် ရေဓာတ် ပြည့်ဝ နေဖို့က သင့်ကျန်းမာလှပမှုအတွက် အရေး အကြီးဆုံးပါပဲ။ ရေငတ်တိုင်းသောက်နိုင်ဖို့ အဖန် ဖန်ပြန်သုံးလို့ရတဲ့ ရေဘူးတစ်ဘူးကို ကိုယ်သွားလေ ရာမှာ ယူသွားပါ။ အလုပ်များတဲ့အခါ ရေ သောက်ဖို့ မေ့တတ်တာကြောင့် ကိုယ်နဲ့ အနီးဆုံးမှာ ရေဘူး ကိုထား ထားတာ ရေသောက်ဖြစ်ဖို့ ရာခိုင်နှုန်းပိုများစေပါတယ်။ ရေသောက်ခြင်း တစ် မျိုးနဲ့ ရေဓာတ်ပြည့်ဝနေရုံနဲ့ မေတို့ရဲ့ အလှအပ နဲ့ အသားအရေကို ဖျက်ဆီးမယ့် အရာ တွေကနေ အများကြီး ရှောင်လွှဲနိုင်ပါတယ်။
နှုတ်ခမ်းနီကို ဂရုတစိုက်ရွေး
နှုတ်ခမ်းနီ အမျိုးအစားကို ဂရုစိုက်ရွေး ချယ်သုံးပါ။ အမျိုးအစားအများကြီးထဲကမှ ကိုယ့် နှုတ်ခမ်းလေးကို အန္တရာယ်ပေးမှုအနည်းဆုံးကို ရွေးပြီး သုံးပါ။ နှုတ်ခမ်းနီ နေ့တိုင်းဆိုးရင် အစာ စားတဲ့အခါ ခဲတွေအစာနဲ့ ကပ်ပါသွားတဲ့အတွက် အန္တရာယ်ရှိမလားလို့ စိုးရိမ်သူတွေ လည်း မစိုးရိမ်ပါနဲ့။ တကယ်လို့ တစ်နေ့ကို နှုတ်ခမ်းနီ တစ်ထောင့် စာခဲတွေ ဗိုက်ထဲရောက်သွားတောင် အမေရိကန် အစား အသောက် နှင့်ဆေးဝါးကွပ်ကဲရေးက တစ်ရက်တာအတွက် ခွင့်ပြုပေးထားတဲ့ အစားအသောက် အတွင်းပါ ခဲဓာတ် ပမာဏအောက်မှာပဲ ရှိနေပါ သေးတယ်လို့ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ တုန်းက Parents Magazine မှာ ဖော်ပြဖူးပါ တယ်။
မိတ်ကပ်ထူထူ မလိမ်းပါနဲ့
နွေရာသီမှာ မိတ်ကပ်ထူထူ လုံးဝ မလိမ်းပါ နဲ့။ စနိုးနဲ့ လိုးရှင်းတွေကလည်း သင့်ကို ချွေးပြန် စေနိုင်တာကြောင့် နွေရာသီမှာ မျက်နှာကို ချွေး ပြန်စေပါတယ်။ တတ် နိုင်ရင် အပြင်မထွက်ဘဲ အိမ်မှာနေတဲ့အခါ သနပ်ခါးရေကျဲပါးပါးလေးကို လိမ်းထားပါ။ အပူဒဏ်ကို သက်သာစေပြီး ချွေး ပေါက်ပိတ်ခြင်းကို ကာကွယ် ပေးပါလိမ့်မယ်။ မတတ်သာလို့ မိတ်ကပ်လိမ်းရမယ်ဆိုရင်လည်း နေရောင်ဒဏ်ခံလောက်ရုံ နည်းနိုင်သမျှ နည်း နည်းပဲလူးပါ။ မိတ်ကပ်ပေါ်က ဖို့မယ့် ပေါင်ဒါက တော့ SPF များများ ပါရပါမယ်။ အချိန်နည်း နည်းပဲရှိတတ်တဲ့ ပျိုမေတို့အတွက် လက်သည်းကို ခပ်တိုတိုထားဖို့သင့်တဲ့ ရာသီလည်းဖြစ်ပါတယ်။ ခြေသည်းလေးတွေကို ခြေသည်းနီဆိုး ရင်တော့ ခပ်တောက်တောက်အရောင်လေးတွေ၊ အရောင် ရင့်လေးတွေနဲ့ သင့်တော်ပါတယ်။
ဆံပင်ကို ဂရုစိုက်ဖို့
နေရောင်ထဲကို အကာအကွယ်မပါဘဲ သွား ရတော့မယ်၊ သဘာဝကျကျလေး ဆံပင်ကိုလည်း အရောင်တင်ချင်တယ်ဆိုရင်တော့ သန့်ရှင်းခြောက် သွေ့တဲ့ ဆံနွယ် တွေကို သံပရာလိမ်းပြီး ခေါင်းကို ဖြီးပေးပါ။ တကယ်လို့ ရေခဏခဏကူးတတ်တဲ့ ပျိုမေတွေဆိုရင်တော့ ဆံပင်ကို ရေထဲမှာပါတဲ့ ကလိုရင်းနဲ့ ဆားကြောင့် မပျက်စီး စေဖို့ ပျော့ဆေး ကို လုံလုံလောက်လောက် သုံးပေးပါ။ ပုံမှန်အား ဖြင့်တော့ ဘယ်သူမဆို တစ်ပတ်တစ်ခါလောက် တော့ ခေါင်းလျှော်တဲ့အခါ ပျော့ဆေးသုံးမှ ဆံပင် မွဲခြောက်တာ၊ ကြမ်းတမ်းတာကို ကာကွယ်ပေး နိုင်ပါလိမ့်မယ်။
ရာသီနဲ့ဖက်ရှင်
ပူအိုက်တဲ့ ဒီရာသီမှာ နိုင်လွန်နဲ့ တခြား ထူ ထဲပူအိုက်တဲ့ ပိတ်စတွေနဲ့ ဖန်တီးထားတဲ့ အဝတ် တွေအစား ပေါ့ပေါ့ပါးပါးနဲ့ အေးတဲ့ ရိုးရာချည် ထည်အပါးလေးတွေကို ဝတ်ဆင်မယ်ဆိုရင် ဖက် ရှင်တစ်မျိုးထွင်ဝတ်ဖို့ အခွင့်အရေးရတဲ့အခါ ဖြစ် သလို သွားလာလုပ်ကိုင်ရတာတွေလည်း အ တော်လေးစိတ်သက်သာရာရပါလိမ့်မယ်။ ကိုယ့် ရဲ့ အဝတ်အစားက ရာသီဥတုနဲ့ မကိုက်ညီရင် ဘယ်လောက်ပဲလှလှ စိတ်သက်သာရာ မရနိုင်တဲ့ အတွက် မျက်နှာပေါ်မှာလည်း လန်းဆန်းတဲ့ အ ရိပ်အရောင် မရှိနိုင် ပါဘူး။ ဒီလိုဆိုရင် လှပမှုဆို တာလည်း မရှိနိုင်တော့ဘူးပေါ့။ ဒါကြောင့် အ ဝတ်အစားကလည်း အရေးကြီးတယ်ဆိုကြတာ ပေါ့။ အထက်မှာ ပြောပြခဲ့တဲ့ အကြံပြုချက် လေး တွေနဲ့ အချိန်ကုန်ငွေကုန်မဖြစ်ဘဲ မိမိမျက်လုံး၊ မိမိ အသားအရေနဲ့ ဆံနွယ်နဲ့ ခန္ဓာကိုယ်လှပဖို့ မိမိရဲ့ အလှအပကို ပုံမှန်ထိန်းသိမ်းနိုင်ကြရင်း လှပစို ပြည်တဲ့ ရတီမေတို့ ဖြစ်ကြပါစေလို့…
မာဦး