မိုးရာသီမှာ ထိရောက်တဲ့ ၀တ်စားဆင်ယင်မှု
ရတီချစ်ပရိသတ်ပျိုမေတို့ရေ…. တယ်လီဂရပ် နေ့စဉ်သတင်းစာက ဖော်ပြဖူးတဲ့ သတင်းတစ်ရပ်အရတော့ မိန်းကလေးတွေဟာ ဘ၀မှာ ၂၈၉ ရက်လောက်ကို ဘာဝတ်ရင် ကောင်းမလဲလို့ စဉ်းစားရင်းအချိန်ကုန်နေကြသ တဲ့။ ဗြိတိသျှ အ၀တ် အစားကုမ္ပဏီ Matalan ကလည်း ၁၆ နှစ်ကနေ အသက် ၆၀ အတွင်း အမျိုး သမီးတွေဟာ တစ်ပတ်မှာ တနင်္လာက သောကြာအတွင်း မနက် တိုင်း ဘာဝတ် ရင်ကောင်း မလဲလို့ စဉ်းစားတာ တစ်နေ့ကို ပျမ်းမျှကြာချိန် ၁၆ မိနစ်လောက် ရှိသတဲ့။ စနေ၊ တနင်္ဂနွေတွေမှာဆို ၁၄ မိနစ်လောက်စီနဲ့ ပိတ်ရက် အားလပ် ရက်တွေ မှာဆို ပိုတောင်ကြာတတ်တာကြောင့် ၅၂ မိနစ် လောက်ကြာ တတ်ပါ သတဲ့။ ဒါက အထွေအထူးပွဲလမ်းတွေရှိတဲ့နေ့တွေမှာ ဘာဝတ်မယ်လို့ ဆုံး ဖြတ်ဖို့ အချိန်ယူတာရဲ့ ကြာချိန်တွေမပါသေးဘူး နော်။ အခြေခံ အားဖြင့်တော့ နေရာချိန် ခါအ လိုက် မိန်းမချောလေးတစ်ယောက်လို့ ရှုမြင်ခံရဖို့ ကိုယ့်အလှကို ယုံကြည် မှုရှိနေဖို့ အ၀တ်အစား ရွေးချယ်မှုက အရေးကြီးတယ်ဆို တာကတော့ ငြင်းလို့ မရဘူးပေါ့။ ပြီးတော့ အလှပြင်ဖို့ ကကော မေတို့ရဲ့အသား အရေကိုထိန်းဖို့ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေဖို့အတွက် လိုအပ် တာပဲမဟုတ်လား။ ကဲ ဒါဆိုရင် ရာသီဥတု အလိုက် ရော အ၀တ်အစားရွေးချယ်တတ်ဖို့လိုတယ်လို့ မထင်ဘူးလား ။ လိုအပ်တာပေါ့နော် ။ ကဲ ဒါဆို ရင် မိုးရာသီမှာ ဘယ်လိုအ၀တ်အစားမျိုး အဆင် အပြင်မျိုးကို ရွေးသင့်တယ် လို့သိနိုင်ဖို့ မိုးရာသီ ၀တ်စားဆင်ယင်မှုနဲ့ အလှအပအတွက် အကြံပြု ချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။
ဆောင်ရန် ရှောင်ရန် မိုးတွင်းဖက်ရှင်
မိုးတွင်းရာသီမှာ အ၀တ်အစားတွေ ရေစိုလွယ်လို့ ဖက်ရှင်မကျစတိုင်မလှဘူးထင်နေ တဲ့ အတွေးတွေကို လွှင့်ပစ်လိုက်ပါ။ တကယ့် ဖက်ရှင် သမားတွေအတွက်တော့ ဒါက ကျော်လွှား နိုင်တဲ့ စိန်ခေါ်မှုသက်သက်တစ်ခုပါပဲ။ မိုးရေစက် တွေကြားမှာကို လှပ၀ံ့ကြွားနေအောင် ပြင်ဆင် တတ်ကြပါတယ်။ ဒီ့အတွက် ကိုရီးယား ChosunIlbo ၀က်ဘ်ဆိုက်က အခုလိုပဲ ရာသီ သဘာဝ နဲ့ကိုက်ညီအောင် ၀တ်ဆင်တတ်ဖို့ လမ်း ညွှန်ချက်လေးတွေပေးထားပါတယ်။ တိမ်ထူတဲ့နေ့ မိုးရွာတဲ့နေ့ မိုးစက်လေးတွေ နဲ့အတူ တောက်ပ ပေါ်လွင်စွာလှနိုင်ဖို့ မှန်မှန်ကန်ကန်ဝတ်စားတတ် အောင် ဖတ်ကြည့်လိုက်ရအောင်နော်။
ဆောင်ရန်
အခြေခံစည်းမျဉ်းအားဖြင့်တော့ ခန္ဓာ ကိုယ်အပေါ်ပိုင်းကို အရှည်ဝတ် အောက်ပိုင်းကို တော့ အတိုဝတ်ရမှာပါ။ ခြေထောက်တွေ ကို အလွယ်တကူ စိုစွတ်ညစ်ပေနိုင် တဲ့အတွက် ဘောင်း ဘီစကလေးတွေ စကတ်လေးတွေကို ရောင်စုံတီရှပ်လေးတွေနဲ့ တွဲဝတ်နိုင်ပါတယ်။ ချမ်းမှာ စိုးရင် ဖက်ရှင်ပိုကျချင်ရင် အဖြူရောင် ရှပ်အင်္ကျီအောက်မှာ ရောင်စုံတီရှပ်လေးတွေခံ ၀တ်တာ မျိုးပေါ့။ အပေါ်ပိုင်းမှာ ပန်းပွင့်ရောင် စုံလေးတွေပါပြီးအောက်ပိုင်းကို အရောင် ရင့်ရင့် ပြောင် လေးဝတ်လိုက်ရင် လူတွေရဲ့ မျက် လုံး ထဲမှာ ကိုယ့်ခန္ဓာကိုယ် အပေါ်ပိုင်းလေးက အထင်း သားလေးနေမှာပါ။ ရေနဲ့ ရွှံ့ရေတွေပေမယ်ဆို လည်း အထိုက် အလျောက်တော့ သက်သာစေ မှာပါ။ မိုးတွေများများရွာတဲ့နေ့မျိုးဖြစ်လေ အနီ ရောင်နဲ့ အ၀ါရောင် တောက်တောက်လေးတွေ ၀တ်လို့ ကောင်းလေပဲပေါ့။ အရောင်တွေက လူတွေကိုဖမ်းစားနိုင်တဲ့ ထင်ပေါ်စေတာအမှန် ပါပဲ။ ဒါပေမဲ့ အရေးအကြီးဆုံးတော့ မဟုတ်ပါဘူး။ အရေးကြီး တာကတော့ မိမိဝတ်ဆင်တဲ့အ၀တ် အစားရဲ့ ပိတ်စအမျိုးအစားပါပဲ။ အထူးသဖြင့် ခြောက်သွေ့လွယ်တဲ့ လီနင်လို၊ ပေါ်လီ အက်စတာ Polyester အသားမျိုးကို ရွေးချယ်ခြင်းဟာ မိုးရေစိုတောင် စမတ်ကျစေမယ့်ရွေးချယ်မှုပဲဖြစ်ပါ တယ်။ ပါးနပ်တဲ့ သူမျိုးကတော့ ပေါ့ပေါ့ပါးပါး မိုးကာလည်းဖြစ် အနွေးထည်လည်းဖြစ်တဲ့ ဂျာ ကင်တစ်မျိုးကို အပေါ်အင်္ကျီအဖြစ် ထပ်ဝတ်ပြီး ဒါမှမဟုတ် အိတ်ထဲထည့်သယ်လာပြီး မိုးရေ ထဲမှာ ရော ရုံးနဲ့ကျောင်းတွေရောက်ရင်ပါ indoor၊ outdoor မိမိကိုယ်ကိုယ် လှပသပ်ရပ်ပြီး ကျန်းမာ အောင် ထိန်းထားနိုင်ကြပါတယ်။ မိုးရာသီဆိုတာ ကလည်း အပူချိန်က indoor outdoor အတော် လေး ကွဲပြားတတ် ပါတယ်။ ရေငွေ့ပြန်လွယ်တဲ့ အ သားမျိုးနဲ့ ဂျာကင်ဆို ပိုလိုက်ပါတယ်။
ခြေထောက်လေးတွေနေရထိုင်ရသက်သောင့်သက်သာရှိဖို့
မိုးရာသီမှာ ရွှံ့ရေတွေနဲ့မကြာခဏ ထိ တွေ့ရတဲ့ခြေထောက်လေးတွေဟာ အလွန်ပဲ အန်္တရာယ်များပါတယ်။ ခြေထောက်မှာ ယားလာ တဲ့အခါ ရေနွေးစိမ်ပေးပါ။ အနံ့ဆိုးတွေ ထွက် လာတဲ့အခါ ရေနွေးထဲက အလှဆီနည်းနည်းနဲ့ နို့ရည်နည်းနည်းထည့်ပြီး စိမ်ပေးပါ။ ခြေထောက် ကို နူးညံ့သန့်ရှင်းစေပါတယ်။
ရှောင်ရန်
ရေစိုပြီဆိုရင်တော့ ရာနှုန်းပြည့်ချည် သားပါတဲ့ အ၀တ်အထည်တွေက ဒီရာသီမှာ အပြင်ထွက်ရင် ပြဿနာတက်တော့တာပါပဲ။ ဒါကြောင့် ဒီရာသီမျိုးမှာ အိမ်အပြင်ထွက်ပြီဆိုရင် ဂျင်းဘောင်းဘီ ဂျင်းစကတ်အရှည်တွေဝတ်တာ ကို ရှောင်သင့်ပါ တယ်။ ခြေထောက်အောက်နားကို မိုးစိုလွယ်တဲ့အတွက် မိုးစိုရင်အအေးပတ်နိုင်ပါ တယ်။ ဒီတော့ ကျန်းမာရေးနဲ့ သင့်တော် သလို ပေါ့ပေါ့ပါးပါးသွားလာနိုင်အောင် ခန်္ဓာကိုယ်ရဲ့ အလေးချိန်ကိုလည်း လျှော့နိုင်အောင် ရှောင် သင့်တယ်လို့ ဆိုလိုခြင်းဖြစ် ပါတယ်။
အဆင်အပြင် အသုံးအဆောင်
ရှူးဖိနပ်ဝတ်ချင်တယ်ဆိုရင်တော့ ရေ လုံတဲ့ ဂျယ်လီရှူးဖိနပ်တွေမှဖြစ်ပါမယ်။ ကမ်းခြေ တွေမှာ စီးရင်လှတဲ့ ရာဘာ ဖိနပ်၊ ကော် အကြည် ဖိနပ်လေးတွေက ဒီရာသီမှာပေါ့ပါးတောက်ပပြီး လှပစေပါတယ်။ ပါဝါတွေအစားစတိုင်ကျချင်ရင် ပုတီးစေ့ရောင် စုံလေးတွေ ရတနာတွေဝတ်သင့် ပါတယ်။ အ၀တ်အစားနဲ့လိုက်ဖက်တဲ့မိုးကာနဲ့ ထီးတွေကလည်း လူကိုပေါ်လွင်စေတာဖြစ်လို့ အရောင်ရွေးချယ်မှုမှန်ဖို့တော့အရေးကြီးတယ် နော်။ မိုးရာသီမှာ ခြေအိပ်တွေ ရှူးဖိနပ်တွေဆိုတာ မေ့ထား ဖို့ ကောင်းတဲ့ အရာတွေပါ။ စိုစွတ်တဲ့ ခြေထောက်လေးတွေအတွက် ဖိနပ်များခေါက် တင်လို့ရတဲ့ ဂျင်းဘောင်းဘီ၊ မီနီစကတ်လေးတွေ နဲ့ လိုက်ဖက်တဲ့ ဖိနပ်မျိုးလေးတွေ၊ ချော်လဲမ လွယ်တဲ့ဖိနပ်မျိုးတွေကို ရွေးရအောင်နော်။ အလွယ်တကူ ချော်မလဲနိုင်ဖို့ ဒေါက် အရမ်းမြင့်တာ တွေ ရှောင်မှဖြစ်မယ်။
အသားအရေနဲ့ ဦးရေပြားပြဿနာ
အသားအရေကို အစိုဖြည့်ခရင်မ်တွေ လိမ်းဖို့ဆိုတာ မိုးတွင်းမှာသိပ်လိုအပ်တဲ့ ကိစ်္စ တော့ မဟုတ်ပါဘူး။ ဒါကြောင့် နည်းနည်းပဲ လိမ်းပါ။ ဒါပေမဲ့ နေလောင်ခံခရင်မ်ကိုတော့ မပျက်မကွက်လိမ်းသင့်ပါတယ်။ မိုးရာသီဆိုတာ ဘက်တီးရီးယား နဲ့ဗိုင်း ရပ်စ်တွေ ပြန့်ပွားတဲ့ ရာသီ လည်းဖြစ်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ ပျိုမေတွေအတွက်အရေးကြီးတဲ့အရာကတော့ ကိုယ့် အသားအရေကို သန့်ရှင်းအောင်ထားဖို့ပါပဲ။ ဒါဆို ပြဿနာအားလုံးကနေ ကင်းအောင် သန့် ရှင်းတဲ့အသားအရေကို ဘယ်လို ထိန်းမလဲ။ မျက် နှာကိုလန်းဆန်းစေတဲ့ မျက်နှာသစ်ဆေးတွေထဲ မှာတော့ အယ်ဖာဟိုက်ဒရောဆိုက် ပါဝင်တဲ့ မျက်နှာသစ်ဆေး က ဒီရာသီနဲ့ သင့်တော်ပါတယ်။ ဒါပေမဲ့ တစ်နေ့ကိုတစ်ကြိမ်သာ သင့်တော်ပါ တယ်။ အလှပြင်တဲ့ ပစ်္စည်းတွေမှာလည်း Non-alkaline အမျိုးအစားကို ရွေးချယ်သင့်ပါ တယ်။ ဒီအမျိုးအစားက ချွေးပေါက်တွေရဲ့ အတွင်းပိုင်း ထိ သန့်စင်ပေးပါတယ်။ မိတ်ကပ်ထူထူလူးတာ မိုးရာသီမှာ ရှောင်သင့်ပါတယ်။ ဖောင်ဒေးရှင်းခရင်မ်လိမ်းတာကိုလည်း ရှောင်သင့်ပါတယ်။ ဆံပင်က လည်း ညစ်ပတ်လွယ်တာကြောင့် နေ့ တိုင်းမဟုတ်တောင် တစ်ရက်ခြားတစ်ခါ လျှော် သင့်ပါတယ်။ ထီးနဲ့မိုးကာ ၀ယ်တဲ့အခါမှာ လည်း အပြင်ကိုထွက်တဲ့အခါ ကိုယ့်စိတ်ကိုပျော်ရွှင်မှု ရှိစေတဲ့ အရောင်မျိုး၊ အဆင်မျိုးတွေကို ရွေး ချယ်ပါ။ ဒါပေမဲ့ အရမ်းဖျော့ တဲ့အရောင်မျိုးတွေ ကိုမရွေးချယ်ပါနဲ့။ ညစ်ပတ်လွယ်စေလို့ ဖြစ်ပါ တယ်။
ရှောင်ရန်စားရန်အစားအစာများ
အစာမကြေတဲ့ပြဿနာမျိုးတွေ ဖြစ် လွယ်တဲ့ရာသီဖြစ်လွယ်လို့ အစာကြေလွယ်တာ တွေကိုပဲ ရွေးချယ်စားပါ။ အချို့အစား အစာတွေက ဒီရာသီမှာ အသက်ရှူကျပ်စေတာ ဖျားလွယ်စေ တာတွေဖြစ်တဲ့အတွက် ရှောင်သင့်ပါတယ်။ စားတဲ့ အစား အစာထဲမှာ ဘာလီ ဂျုံ၊ ပဲ၊ လတ် ဆတ်တဲ့သစ်သီး၊ ထောပတ်၊ နို့တွေကို များများ စားသင့်ပါတယ်။ အစားမစားခင်မှာ သံပရာ ရည်ကို သကြားထည့်ပြီး သောက်သင့်ပါတယ်။ အစာကြေလွယ်စေလို့ ဖြစ်ပါတယ်။ သစ်သီးခြောက်တွေမစားပါနဲ့။
ဗောက်ထခြင်းမှကင်းဝေးဖို့
သင့်ရဲ့ ဆံနွယ်အဖျားတွေကို ဆီနွေး နွေးလေးတွေ လိမ်းပေးပါ။ လက်ချောင်းထိပ် လေးတွေနဲ့ သွေးလည်ပတ်မှုကောင်းအောင် ညစဉ် နှိပ်နယ်ပေးပါ။
ရိုးရှင်းသော ဟန်ကိုရွေးချယ်ပါ
ဆံပင်ရှည်ရင်ခပ်မြင့်မြင့်စည်းနှောင် ထားပါ။ မိုးရေမစိုပါစေနဲ့။ ထိန်းသိမ်းရခက်တဲ့ ဆံပင်ကို သားရေကွင်းလေးတွေနဲ့ ဆံပင် ကိုလွှာပြီး စည်းနှောင်မယ်၊ ဖန်စီဒါမှမဟုတ် ရတနာ ကိုယ် ကြိုက်ရာကိုရွေးချယ်ပြီး ၀တ်ဆင်မယ်ဆိုရင်လည်း စတိုင် တစ်မျိုးနဲ့ လှပစေမှာပါပဲ။ Hair Dryer နဲ့ ပ၀ါကိုဆောင်ပြီး ခရီးသွားတာမျိုး ရုံးမှာထား ထားတာမျိုးကလည်း မိုးရေစိုတဲ့အခါ ကိုယ့် ဆံပင် ကို ပြန်လည်ခြောက်သွေ့အောင်လုပ်ဖို့ ကောင်းမွန်စေပါတယ်။ ဒီရာသီမှာတောင် ချွေး ထွက်လွယ်နေတတ်သေးရင် မျက်နှာပေါ် မှာ ရေခဲတုံးလေးတွေကို မျက်နှာသစ်ပြီးတိုင်း ၁၀ မိနစ်လောက် ထားပေးပါ။
ရတီချစ်တဲ့ပျိုမေတိုင်းလှပစိုပြည်ကြပါစေ။
မာဦး