ကမ္ဘာကျော်တို့ရဲ့ အလှအပနည်းလမ်းများ
ရတီမေတို့ရေ—–
ယခင်ကဒီကဏ္ဍများမှာ လှပစေဖို့နည်းလမ်းစုံ ကို ဖတ်ရှုနိုင်ဖို့လှပကျန်းမာစိုပြည်ဖို့ နည်းလမ်းတွေ ကို တင်ဆက် ပေးခဲ့ပါတယ်။ ဒီတစ်လမှာတော့ ကမ္ဘာကျော် အနု ပညာရှင်တချို့ရဲ့ အလှအပ ထိန်းသိမ်း နည်းတွေကို တင်ပြပေးချင်ပါတယ်။ သူတို့တွေက ကမ္ဘာကျော်သူတွေ ဖြစ်တာကြောင့်ရော၊ ကင်မရာ များရှေ့မှာ အနီးကပ် ရော အဝေးကပါ အာရုံစိုက်ခံ ရသူတွေဖြစ်လို့သူတို့ရဲ့ အလှအပကို တစ်နည်းတစ်ဖုံ နဲ့ ဂရုစိုက်ရသူတွေ ဖြစ်လေတော့ ကျွန်မတို့ရဲ့ ရတီမေများ အတုယူနိုင်မယ့် နည်းလမ်း ကောင်းတွေလည်း သူတို့ဆီက ရနိုင်တယ်လေ။ နာမည်ကျော် မင်းသမီးနဲ့မော်ဒယ်တွေရဲ့ အလှအပခြယ်သထား ချိန်ရဲ့ နောက်ကွယ်က အလှအပကိုထိန်းသိမ်းထားတဲ့ နည်းတချို့ဟာ မထင်မိလောက်အောင်ကို လွယ်ကူရိုးရှင်းနေတာကို လေ့လာကြည့်ရအောင်နော်။
ဂျနီဖာလာ့ဖ်ဟူးဝစ်
မိတ်ကပ်လိမ်းမထားချိန်မှာတောင်မှ လှပတဲ့ မျက်နှာ အသားအရေကို ပိုင်ဆိုင်ထားတဲ့ ဂျနီဖာလာ့ဖ်ဟူးဝစ် ရဲ့ ရံဖန်ရံခါ ထွက်လာတတ်တဲ့ ဝက်ခြံ တွေကိုဖြေရှင်းတဲ့ နည်းကတော့ ညဘက်မှာ သွားတိုက်ဆေးကို ဝက်ခြံတွေပေါ် လိမ်းအိပ်တာ ဖြစ်ပါ တယ်။ ဒီလောက်ရိုးစင်းတဲ့ ဖြေရှင်းနည်းကို သူတို့ သုံးတယ်လို့ ထင်မထားရအောင်ကို လွယ်ကူတဲ့နည်းလမ်းကို အသုံးပြုကြတာလို့ သိသွားပြီမဟုတ်လား ။
ရီဟားနား
လူမည်းမျိုးနွယ်ပေမယ့် စိုပြည်နေတဲ့ အသား အရေပိုင်ရှင် အဆိုတော်မလေး ရီဟားနားရဲ့ အသားအရေ စိုပြည်အောင် ထိန်းသိမ်းတဲ့နည်း ကတော့ အခွင့်အရေးရတိုင်း များများအနားယူပြီး ရေများများ သောက်တာပါတဲ့။ နောက်ပြီး သူ့ရဲ့ ဖျော်ဖြေပွဲတွေမှာ သူ့ကိုကြည့်လိုက်ရင် လင်းလက် တောက်ပနေတာ ကတော့ ခန္ဓာကိုယ်မှာ အလှကပ် တဲ့ ရွှေရောင်အမှုန်လေးတွေကို သူမရဲ့ ပါးမို့မို့ လေးတွေ၊ နှာခေါင်းနဲ့ မေးစေ့တွေမှာ နည်းနည်းစီ လိမ်းထားတာကြောင့်ပါ။ နောက်ထပ် သူ့ရဲ့ မရှိမဖြစ် အလှပြင်ပစ္စည်းက Bronzer ပါတဲ့။
ဂျူလီယာရောဘတ်
အသက် ၄ဝ ကျော် လာတဲ့အထိ လှပတဲ့ အပြုံးနဲ့ အမေရိကရဲ့ အသည်းစွဲ မင်းသမီးအဖြစ် အလှအပကို ထိန်းနိုင်တဲ့ မင်းသမီးတွေထဲမှာ ဂျူလီယာ ရောဘတ်ကို ချန်ထားလို့လည်း မရပါဘူး။ သူ့ရဲ့အလှအပနည်းလမ်းများထဲက စိတ်ဝင် စားစရာနည်းတစ်ခုကတော့ သံလွင်ဆီကိုလက် သည်း အတွက်သုံးတာပါပဲ။ သူက အပတ်စဉ် အပတ်တိုင်းသူ့ရဲ့လက်သည်းတွေကို သံလွင်ဆီထဲ မှာ မိနစ်အနည်းငယ်နှစ်ထားပေးပါတယ်တဲ့။ ဒီနည်း ကလက်သည်းကိုနူးညံ့စိုပြည်ပြီး ခြောက်သွေ့ခြင်း ကင်းစေတယ် လို့ ဂျူလီယာရောဘတ်ကဆိုပါတယ်။
တယ်ရီသက်ချာ
အိမ်ရှင်မ တစ်ယောက်လည်းဖြစ် အနုပညာရှင် တစ်ယောက်လည်းဖြစ်တဲ့ တယ်ရီသက်ချာက တော့ သူ့ရဲ့အသားအရေ နူညံ့စေဖို့အတွက် ဝိုင်နီကို သုံးပါတယ်တဲ့။ သူကဝိုင်နီကိုသောက်ဖို့အတွက် မဟုတ်ဘဲ ညတိုင်း ရေချိုးတဲ့အခါဝိုင်နီ ၂ ခွက် ထည့်ပြီး ချိုးတာဖြစ်ပါတယ်တဲ့။
စင်ဒီကရောဖို့ဒ်
တစ်ချိန်ကစူပါမော်ဒယ်လည်းဖြစ် ယခုတိုင် အောင်လည်းထင်ရှားဆဲ စင်ဒီကရောဖို့ဒ်ရဲ့ လန်းဆန်း လှပစေတဲ့နည်းက နို့ဖြစ်ပါတယ်။ သူမက နို့အစိမ်းနဲ့ ရေကိုရောပြီး မျက်နှာကိုဖျန်းပက် ပေးခြင်းဟာ တစ်နေ့တာလုံးအတွက် လန်းဆန်းနေ စေတယ်လို့ဆိုပါတယ်တဲ့။
ကရိုနီနာ ကာကိုဗာ
ကရိုနီနာကတော့ မျက်နှာအသားအရေ လန်း ဆန်းဖို့နဲ့အစက်အပြောက် တွေချွတ်နိုင်ဖို့ အတွက် လတ်ဆတ်တဲ့ သံပရာသီးကို အရည်ညှစ်ပြီး ဝါဂွမ်းနဲ့ လိမ်းပေးပြီး မိနစ်အနည်းငယ် အကြာမှာ မျက်နှာ သစ်ပစ်တာပါလို့ဆိုပါတယ်။ သံပရာသီးမှာပါတဲ့ သဘာဝ citric acids ဟာဆဲလ်အသေများ ကိုဖယ် ရှားပေးဖို့အားပေးပြီး ကျန်းမာလန်းဆန်း ကြည်လင် တဲ့ အသားအရေကိုရရှိစေပါတယ်။
လက်ရှ်မီမီနွန်
အိန္ဒိယစူပါမော်ဒယ် လက်ရှ်မီမီနွန်ကတော့ သူမရဲ့ဆံကေသာ ကျန်းမာသန်စွမ်းပြီး လှပဖို့ခေါင်း မလျှော်ခင်မှာ အုန်းဆီကိုအသုံးပြုသလို အဖျားနှစ်ခွ မဖြစ်ဖို့အတွက် အသုံးပြုပါတယ်တဲ့။ ဒီနည်းလမ်းကိုတော့ သူ့မိခင်က ပေးခဲ့တာလို့ဆိုပါတယ်။ သူမရဲ့ နည်းလမ်းကတော့ ခေါင်းမလျှော်ခင်မှာ အုန်းဆီကို ဆံပင်အရင်းကနေ အဖျားထိ လိမ်းပေးပြီး ဦးရေ ပြားကို သွေးလည်ပတ်မှု ကောင်းအောင် နှိပ်ပေးဖို့နဲ့ တစ်နာရီလောက်ကြာမှ ရှန်ပူနဲ့ပျော့ဆေးသုံးပြီး ခေါင်းလျှော်ပစ်ဖို့ပါပဲ။
ရတီချစ်သော ပျိုမေတိုင်းလှပစိုပြည်မှုကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုလျက် …..
မာဦး