Quantcast
Channel: Yati Magazine »ရတီမေ
Viewing all 55 articles
Browse latest View live

လှပစိုပြည် ရတီမေ

$
0
0

ရတီချစ်တဲ့ပျိုမေတို့ရေ … ဒီ တစ်လမှာလည်း ရတီမေတို့ လှပ စိုပြည်ဖို့အတွက် ဘယ်လိုနည်းလမ်း ကောင်းလေးတွေ ဆောင်ယူလာ ပေးမလဲလို့ မျှော်လင့် နေကြ ပြီလား။ ဒီတစ်လမှာတော့ ဘယ်လိုနည်း လမ်းတွေက ပျိုမေတို့ရဲ့လှပနုပျို မှုအတွက် အထောက်အကူဖြစ်စေ မလဲဆိုတာတွေကို အတူလေ့လာ ကြည့်နိုင်ဖို့ ဖက်ရှင်နဲ့ အလှအပရေး ရာ ဝက်ဘ်ဆိုက်တချို့က မှတ် သားလိုက်နာ သင့်တာလေးတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။
နုပျိုလှပမှုအတွက် အထောက်အကူဖြစ်သည့်အချက်များ

(၁) မိမိလုပ်ငန်းဆောင်တာတွေကို ကြိုတင်အစီအစဉ်ဆွဲပါ
အလှအပနဲ့ မိမိလုပ်ငန်းဆောင်တာတွေကို ကြိုတင်အစီအစဉ်ဆွဲလုပ်ဆောင်ဖို့က ဘယ်လိုများ ဆက်စပ်မှုရှိသလဲလို့ မေးစရာရှိပါတယ်။ ကျွန်မ တို့တစ်တွေမှာ အရေး အကြောင်းတွေ ဖြစ်ပေါ် လာစေတဲ့၊ ခေါင်းကိုက်စေတဲ့၊ စိတ်ဖိစီးမှုနဲ့ နေမ ကောင်းမှုတွေကို ယူလာပေးတဲ့အရာက တော့ ကြိုတင်အစီအစဉ်ဇယား မချ ဘဲ လုပ်ဆောင် ခြင်းနဲ့ အလျင်စ လိုဆုံးဖြတ် ရတာ တွေများလွန်းလို့ ဆိုတာကလည်း အဓိကအကြောင်းရင်းတစ်ချက် ပါပဲ။ နေ့စဉ်လုပ်ငန်းခွင်တွေထဲက ပျိုမေတို့ အတွက် ဒီအချက်က ဂရု မစိုက်လို့ မရလောက်အောင်ဘဲ အရေး ပါလှပါတယ်။ တစ်နေ့တာအတွက် ဘာတွေ လုပ်ရမယ်၊ ဘယ်အချက်ကအဆင် မပြေရင် ဘယ်လိုလုပ်မယ် ဆိုတာတွေကိုပါ ကြိုတင်တွက်ဆထားပါမှ အရေးပေါ်အချိန်မှာ စိတ် အကျဉ်းအကျပ် နည်းနည်းနဲ့ စိတ်နဲ့ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို မထိခိုက်ဘဲ ဆုံးဖြတ်နိုင်မှာပါ။ ဒါမှလည်း မေတို့ရဲ့ နုပျိုလှပမှုကို ဂရုစိုက်ရာ ရောက်ပါလိမ့်မယ်။

(၂) မျက်နှာပေါင်းတင်ပါ။

အလှကုန်ရောင်းတဲ့ဆိုင်တွေကို သွားရင် ပစ္စည်းအမည်မျိုးစုံနဲ့လုပ်ထားတဲ့ မျက်နှာပေါင်းတင်ကပ်ခွာမျိုးစုံ ရောင်း ချတာ တွေ့ရပါလိမ့်မယ်။ ဒါမှမဟုတ် Beauty Spa တွေကိုပဲသွား သွား အိမ် မှာပဲပေါင်းတင်တင်ပေါ့။ ဒီလိုပေါင်း တင်တာ တွေ ကိုသုံးဖို့လိုအပ်တဲ့အကြောင်း ရင်းကဘာပါလဲ။ သန့်စင်ပြီးသား မျက် နှာအသားအရေကို အားဖြည့်ပေးဖို့ပဲ မဟုတ်ပါလား။ အစွမ်းထက်တဲ့ မျက်နှာကပ်ခွာ တွေနဲ့ ပေါင်းတင်ခရင်မ်တွေက မျက်နှာ ပေါ်က အမည်းစက်နဲ့ အပြောက်တွေကို ဖယ်ရှား ပေးနိုင်တယ်။ ချွေး ပေါက်လေး တွေရဲ့ အနက်ရှိုင်းဆုံးအစိတ်အပိုင်းအထိ သန့်စင်ပေးတယ်။ အဆီပြန်တဲ့သူတွေ အတွက် အစိုဓာတ်ကိုဖြည့်ပေးပြီးတော့၊ တောက်ပဝင်းလဲ့တဲ့ အသားအရေကိုဖြစ် ပေါ်စေနိုင်လို့ပေါ့။ ဒါတင်မကဘူး အေး မြတဲ့ဓာတ် ကြောင့် လူကိုလန်းဆန်းမှု ပင် ပန်းနေတာတွေ လျော့ပါးသွားမှုလည်း ဖြစ်စေလို့ စိတ်ပိုင်းဆိုင်ရာ ကိုပါအနားရ စေပါတယ်။ ဒါပေမဲ့ သာမန်အားဖြင့် မျက်နှာ ပေါင်းတင်ကပ်ခွာတွေကို ၁၅ မိနစ်ကနေ မိနစ် ၂ဝ ထက် ကြာကြာကပ်ထားလို့ မကောင်းဘူး ဆိုတာလည်း မမေ့ပါနဲ့။ ကြာလွန်းရင်လူကို လန်းဆန်းစေတဲ့ အစားအကပ်လွန်ပြီးဆွဲခွာတဲ့အခါ လူကို ပင်ပန်းစေပါတယ်။ မျက်နှာခြောက်သွေ့ ခြင်း အရေးအကြောင်းထင်ခြင်းတို့ကို လည်း အားပေးရာရောက်ပါလိမ့်မယ်။

(၃) စိတ်ဖိစီးမှုနည်းပါး အောင်နေထိုင်ပါ။
စိတ်ဖိစီးမှုဆိုတာ လူတိုင်းအနည်းနဲ့ အများဆိုသလို ကြုံတွေ့ကြရပါတယ်။ ဒါပေမဲ့ဒါကို ဘယ်လိုနည်းပါးအောင် နေ ထိုင်မ လဲဆိုတာအထူးအရေးကြီးပါတယ်။ စိတ်ဖိစီး မှုက ကျန်းမာရေးကို ထိခိုက်စေ သလို ပျိုမေတို့ရဲ့နုပျိုမှုကို ထိခိုက် စေလို့ ပါပဲ။ ဒါကြောင့်လည်း စိတ်ပျိုရင် ကိုယ်နု တယ် နုပျိုခြင်းကလှပခြင်းရဲ့ လျှို့ဝှက် ချက် လို့ဆိုကြတာပေါ့။ ပလတ်စတစ် ဆာဂျရီတို့ ထိုးဆေးတို့မပါဘဲ  တကယ့် စစ်မှန်တဲ့ နုပျိုမှုကို ထိန်းသိမ်းနိုင်ဖို့ဆိုရင်၊ အသားအရေမတွန့်ဘဲ ကြည်လင် ဝင်းပ ဖို့ဆိုရင် တစ်နေ့ကို ၈ နာရီခန့်အိပ်ရေး ဝအောင်အိပ်ဖို့၊ စိတ်ကိုပျော်ပျော်ရွှင်ရွှင် နေဖို့၊ အကောင်းမြင်တတ်ဖို့ ဒါတွေက အရေးကြီးပါတယ်။ ဒါကြောင့် ပျော် ရွှင်လန်းဆန်းစွာ နေရင်း မေတို့အလှ ကို ထိန်းကြရအောင်နော်။

(၄) ဗောက်ထခြင်းနဲ့ အသားအရေကို ဘယ်လိုထိန်းမလဲ။
ဘာမဆို ခေါင်းနဲ့ပဲစဉ်းစားချင့် ချိန်လုပ်ဆောင် နေရချိန်မှာ ခေါင်းက ယားလို့ကုပ်လိုက်၊ ဗောက်တွေကွာ လာလိုက်ဆို သိပ် အရုပ်ဆိုးပြီး ကိုယ့် ကိုယ် ကိုယ်မယုံကြည် တော့ပါဘူး။ ဒါကြောင့် ဗောက်ပျောက်တဲ့ခေါင်း လျှော်ရည်နဲ့ လျှော်ပြန် တော့ လည်း ဒီတစ်ခုတည်းနဲ့ မလုံလောက်တော့ မပျောက်နိုင်ဖြစ်ရပါတယ်။ ဒါဆို ဘာလိုဦး မလဲ..။ ဖြည့်စွက်အား ဆေးတွေ သောက်ဖို့လိုပါတယ်။ ဇင့် ဓာတ်ပါတဲ့အားဆေးကို သောက်ရပါ တယ်။ အထူးသဖြင့် ဗောက်ထခြင်း ဟာ ဘီတာမင် A, B, B12,F နဲ့ဆီလီနီယမ်ဓာတ်အားနည်းသူတွေ မှာဖြစ်တတ်ပါတယ်။ ဒါကြောင့်တစ် ကိုယ်ရေ သန့်ရှင်းရေးနဲ့ သုံးသင့်တဲ့ ရှန်ပူကိုသုံးဖို့ ဂရုစိုက် ရမှာ ဖြစ်သလို အထက်က ဖော်ပြခဲ့တဲ့ ဓာတ်တွေ ကြွယ်ဝစွာပါတဲ့ အစားအစာတွေ လည်း စားပေးဖို့ လိုအပ်ပါတယ်။အသားအရေလှပဖို့အတွက် သခွားသီးနဲ့ ဆလတ်ရွက်တို့ကို စား ပေးပါ။ အစိုဓာတ်ပါတဲ့ ခရင်မ်တို့ကို  တစ်နေ ကုန်မလိမ်းနိုင်ရင်တောင် လေ တိုက်တဲ့နေရာတွေသွားတဲ့အခါ၊ ည အိပ်တဲ့အခါမှာလူးပေးပါ။ နေပူထဲ သွားတဲ့အခါမှာ UV ဒဏ်ခံနိုင်တဲ့ မိတ်ကပ်နဲ lotion တွေသုံးပေးပါ။ သန့်ရှင်းစွာ နေထိုင်ပါ။ဒီတစ်ပတ်မှာ ဖော်ပြခဲ့တဲ့ အ ချက်လေးတွေက ပျိုမေတို့ရဲ့ နုပျို လှပမှုအတွက် အထောက်အကူ ပေးရင်းလှပစိုပြည်ရတီမေများဖြစ် ကြပါစေလို့…..။
မာဦး


လှပစိုပြည်ရတီမေ

$
0
0

ရတီမေတို့ရေ… ပူပြင်းတဲ့နွေကို အန်တု ဖို့ ဒါမှမဟုတ် နေပူဒဏ်ခံရရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို သိဖို့အတွက် မျက်လုံးအလှကို ဖျက်တတ်တဲ့ ကျီးခြေ ထောက်တွေကစပြီး နေအပူဒဏ်ကာကွယ်ဖို့နဲ့ ဖက်ရှင်အကြောင်းလေး တွေ၊ အခြားသိမှတ်စရာလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။

ကျီးခြေထောက်မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ

ကျီးခြေထောက်ဆိုတာ မျက်လုံးရဲ့ အပြင် ဘက်အစွန်းနားမှာ ကြည့်မကောင်းလောက် အောင် အကြောင်းလေးတွေ ပေါ်နေတာမျိုး ဖြစ် ပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ အရေးအကြောင်းတွေကို ရှောင်လွှဲဖို့ ခက်ပေမယ့် ဒီကျီးခြေထောက်တွေမဖြစ်အောင် ရှောင်ကြည် ဖို့တော့ မခက်ပါဘူး။ ဒါကြောင့် သဘာဝနည်း အတိုင်း ကျီးခြေထောက် မဖြစ်အောင်နဲ့ သက်သာ အောင်လုပ်တဲ့နည်းတွေကတော့ မိမိအသားအရေ ကို ဂရုစိုက်ခြင်းပဲ။ နေလောင်ဒဏ်မခံခြင်း ကလည်း ကာကွယ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။ အောက်မှာ ဖော်ပြပေးထားတဲ့ အချက်တွေကို လိုက်နာရင်လည်း ကျီးခြေထောက်တင်မက အခြားသော အရေပြားမှာ ဖြစ်တတ်တဲ့ ပြဿနာ တွေကို ကာကွယ်ပေးပါလိမ့်မယ်။

နေရောင်ခြည်ကို ရှောင်ပါ
နေရောင်ခြည်က အသားအရေကို ပျက်စီး မည်းနက်စေပါတယ်။ ဒါတင်မက ကျီးခြေထောက် လည်း ဖြစ်တတ်တာကြောင့် မျက်လုံးရဲ့အလှကို ပျက်စီးစေပါတယ်။ ဒါတင်မက နေရောင်ဟာ နှုတ်ခမ်းသားကို ပျက်စီးစေပြီး ပြုံးရယ်လိုက်တိုင်း လည်း ပါးမှာ လိုင်းတွေပိုပြီး ထင်းလာတတ်ပါ တယ်။ ဒါကြောင့် နွေရာသီမှာ ဦးထုပ်လေး တွေ၊ ထီးလှလှလေးတွေနဲ့ ဖက်ရှင် လည်း ထွင်ရင်း နေပူ ဒဏ်ကိုလည်း ကာကွယ်ပါ။ နေကာမျက်မှန်နဲ့ နေ လောင်ခံ ခရင်မ်တွေကို လိမ်းပြီးမှ အပြင်ထွက်ဖို့ လည်း မမေ့နဲ့နော်။နေလောင်ဒဏ်ကာကွယ်ဖိှု့Sunscreen ဆိုတဲ့ ခရင်မ်တွေ လိမ်းနေရုံနဲ့ရော နေရောင်ကို အပြည့်အဝ ကာကွယ်နိုင်တယ်လို့ မပြောနိုင်ပါ ဘူး။ ၂ဝဝ၈ ခုနှစ်က ပတ်ဝန်းကျင်ဆိုင်ရာ လှုပ် ရှားမှုပြုသူတွေရဲ့ လေ့လာချက် အရ တော့Micronized Zince Oxide ပါတဲ့ Sunscreen အမျိုးအစားတွေကသာ ထိရောက်တဲ့ နေရောင် ကာကွယ်မှုကို ပေးနိုင်ပြီး နုပျိုမှုကို ထိန်းပေးနိုင် ပါလိမ့်မယ်။

ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တဲ့ မိန်းကလေးနည်းလှ တယ်ဆိုပေမယ့် လုံးဝမသောက်ဖို့ အကြံပြုပါရစေ။ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေက အများ ကြီးဆိုပေမယ့် အလှအပအတွက်တင်ပဲ ပြောရ မယ်ဆိုရင်တောင် ပါးရေတွန့်စေပြီး အသားတွေ ဝါစေပါတယ်။

အစိုဓာတ်ကို ထိန်းပါ
ကိုယ်တွင်းရော၊ ခန္ဓာကိုယ်အပြင်ပိုင်းမှာ ရေ ဓာတ်ပြည့်ဝနေပါမှ ခန္ဓာကိုယ်ကနေ တစ်သျှူး အသစ်တွေဆဲလ်အသစ်တွေ ထုတ်ပေးဖို့ အားရှိ ပြီး ကျန်းမာတဲ့ အသား အရေကို ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် လှပတဲ့အသားအရေကို ပိုင်ဆိုင်ချင်ရင် နွေရာသီမှာ ရေသန့်များ များသောက်ပေးဖို့၊ အရည်  ရွှမ်းတဲ့အသီးတွေ စားဖို့ မမေ့ပါနဲ့။ နွေရာသီမှာ ရေဓာတ်ခြောက်ခန်းတတ်တဲ့အတွက် ရေဓာတ် ပြည့်ဝ နေဖို့က သင့်ကျန်းမာလှပမှုအတွက် အရေး အကြီးဆုံးပါပဲ။ ရေငတ်တိုင်းသောက်နိုင်ဖို့ အဖန် ဖန်ပြန်သုံးလို့ရတဲ့ ရေဘူးတစ်ဘူးကို ကိုယ်သွားလေ ရာမှာ ယူသွားပါ။ အလုပ်များတဲ့အခါ ရေ သောက်ဖို့ မေ့တတ်တာကြောင့် ကိုယ်နဲ့ အနီးဆုံးမှာ ရေဘူး ကိုထား ထားတာ ရေသောက်ဖြစ်ဖို့ ရာခိုင်နှုန်းပိုများစေပါတယ်။ ရေသောက်ခြင်း တစ် မျိုးနဲ့ ရေဓာတ်ပြည့်ဝနေရုံနဲ့ မေတို့ရဲ့ အလှအပ နဲ့ အသားအရေကို ဖျက်ဆီးမယ့် အရာ တွေကနေ အများကြီး ရှောင်လွှဲနိုင်ပါတယ်။

နှုတ်ခမ်းနီကို ဂရုတစိုက်ရွေး

နှုတ်ခမ်းနီ အမျိုးအစားကို ဂရုစိုက်ရွေး ချယ်သုံးပါ။ အမျိုးအစားအများကြီးထဲကမှ ကိုယ့် နှုတ်ခမ်းလေးကို အန္တရာယ်ပေးမှုအနည်းဆုံးကို ရွေးပြီး သုံးပါ။ နှုတ်ခမ်းနီ နေ့တိုင်းဆိုးရင် အစာ စားတဲ့အခါ ခဲတွေအစာနဲ့ ကပ်ပါသွားတဲ့အတွက်  အန္တရာယ်ရှိမလားလို့ စိုးရိမ်သူတွေ လည်း မစိုးရိမ်ပါနဲ့။ တကယ်လို့ တစ်နေ့ကို နှုတ်ခမ်းနီ တစ်ထောင့် စာခဲတွေ ဗိုက်ထဲရောက်သွားတောင် အမေရိကန် အစား အသောက် နှင့်ဆေးဝါးကွပ်ကဲရေးက တစ်ရက်တာအတွက် ခွင့်ပြုပေးထားတဲ့ အစားအသောက် အတွင်းပါ ခဲဓာတ် ပမာဏအောက်မှာပဲ ရှိနေပါ သေးတယ်လို့ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ တုန်းက Parents Magazine မှာ ဖော်ပြဖူးပါ တယ်။

မိတ်ကပ်ထူထူ မလိမ်းပါနဲ့

နွေရာသီမှာ မိတ်ကပ်ထူထူ လုံးဝ မလိမ်းပါ နဲ့။ စနိုးနဲ့ လိုးရှင်းတွေကလည်း သင့်ကို ချွေးပြန် စေနိုင်တာကြောင့် နွေရာသီမှာ မျက်နှာကို ချွေး ပြန်စေပါတယ်။ တတ် နိုင်ရင် အပြင်မထွက်ဘဲ အိမ်မှာနေတဲ့အခါ သနပ်ခါးရေကျဲပါးပါးလေးကို လိမ်းထားပါ။ အပူဒဏ်ကို သက်သာစေပြီး ချွေး ပေါက်ပိတ်ခြင်းကို ကာကွယ် ပေးပါလိမ့်မယ်။ မတတ်သာလို့ မိတ်ကပ်လိမ်းရမယ်ဆိုရင်လည်း နေရောင်ဒဏ်ခံလောက်ရုံ နည်းနိုင်သမျှ နည်း နည်းပဲလူးပါ။ မိတ်ကပ်ပေါ်က ဖို့မယ့် ပေါင်ဒါက တော့ SPF များများ ပါရပါမယ်။ အချိန်နည်း နည်းပဲရှိတတ်တဲ့ ပျိုမေတို့အတွက် လက်သည်းကို ခပ်တိုတိုထားဖို့သင့်တဲ့ ရာသီလည်းဖြစ်ပါတယ်။  ခြေသည်းလေးတွေကို ခြေသည်းနီဆိုး ရင်တော့ ခပ်တောက်တောက်အရောင်လေးတွေ၊ အရောင် ရင့်လေးတွေနဲ့ သင့်တော်ပါတယ်။

ဆံပင်ကို ဂရုစိုက်ဖို့
နေရောင်ထဲကို အကာအကွယ်မပါဘဲ သွား ရတော့မယ်၊ သဘာဝကျကျလေး ဆံပင်ကိုလည်း အရောင်တင်ချင်တယ်ဆိုရင်တော့ သန့်ရှင်းခြောက် သွေ့တဲ့ ဆံနွယ် တွေကို သံပရာလိမ်းပြီး ခေါင်းကို ဖြီးပေးပါ။ တကယ်လို့ ရေခဏခဏကူးတတ်တဲ့ ပျိုမေတွေဆိုရင်တော့ ဆံပင်ကို ရေထဲမှာပါတဲ့ ကလိုရင်းနဲ့ ဆားကြောင့် မပျက်စီး စေဖို့ ပျော့ဆေး ကို လုံလုံလောက်လောက် သုံးပေးပါ။ ပုံမှန်အား ဖြင့်တော့ ဘယ်သူမဆို တစ်ပတ်တစ်ခါလောက် တော့ ခေါင်းလျှော်တဲ့အခါ ပျော့ဆေးသုံးမှ ဆံပင်  မွဲခြောက်တာ၊ ကြမ်းတမ်းတာကို ကာကွယ်ပေး နိုင်ပါလိမ့်မယ်။

ရာသီနဲ့ဖက်ရှင်
ပူအိုက်တဲ့ ဒီရာသီမှာ နိုင်လွန်နဲ့ တခြား ထူ ထဲပူအိုက်တဲ့ ပိတ်စတွေနဲ့ ဖန်တီးထားတဲ့ အဝတ် တွေအစား ပေါ့ပေါ့ပါးပါးနဲ့ အေးတဲ့ ရိုးရာချည် ထည်အပါးလေးတွေကို ဝတ်ဆင်မယ်ဆိုရင် ဖက် ရှင်တစ်မျိုးထွင်ဝတ်ဖို့ အခွင့်အရေးရတဲ့အခါ ဖြစ် သလို သွားလာလုပ်ကိုင်ရတာတွေလည်း အ တော်လေးစိတ်သက်သာရာရပါလိမ့်မယ်။ ကိုယ့် ရဲ့ အဝတ်အစားက ရာသီဥတုနဲ့ မကိုက်ညီရင် ဘယ်လောက်ပဲလှလှ စိတ်သက်သာရာ မရနိုင်တဲ့ အတွက် မျက်နှာပေါ်မှာလည်း လန်းဆန်းတဲ့ အ ရိပ်အရောင် မရှိနိုင် ပါဘူး။ ဒီလိုဆိုရင် လှပမှုဆို တာလည်း မရှိနိုင်တော့ဘူးပေါ့။ ဒါကြောင့် အ ဝတ်အစားကလည်း အရေးကြီးတယ်ဆိုကြတာ ပေါ့။ အထက်မှာ ပြောပြခဲ့တဲ့ အကြံပြုချက် လေး တွေနဲ့ အချိန်ကုန်ငွေကုန်မဖြစ်ဘဲ မိမိမျက်လုံး၊ မိမိ အသားအရေနဲ့ ဆံနွယ်နဲ့ ခန္ဓာကိုယ်လှပဖို့ မိမိရဲ့ အလှအပကို ပုံမှန်ထိန်းသိမ်းနိုင်ကြရင်း လှပစို ပြည်တဲ့ ရတီမေတို့ ဖြစ်ကြပါစေလို့…
မာဦး

လှပစိုပြည်ရတီမေ

$
0
0

ရတီကိုချစ်ကြတဲ့ ပျိုမေတို့ရေ…..
ရတီမေတို့အတွက်မျက်နှာနဲ့ ခန္ဓာကိုယ်အသားအရေမှာ အရေးအကြောင်းတွေမဖြစ်အောင် ထိန်းသိမ်းရနိုင်မယ့်ပေါင်းတင်နည်းနဲ့ လက်သည်းလေးတွေအတွက် အကြံ ပြုချက်စသဖြင့်အတွက် အကြံဥာဏ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။
အရေးအကြာင်းကင်းပြီး နုပျိုမှုကိုထိန်းသိမ်းပေးမယ့် ရှေးတရုတ်အမျိုးသမီးများ၏ မျက်နှာပေါင်းတင်နည်း
ယခုဖော်ပြမယ့်နည်းလမ်းကို ဘယ်အသက်အရွယ်မဆို သုံးစွဲနိုင်ပါတယ်။ ဒီနည်းလမ်းကိုသုံးစွဲခဲ့သူတွေဟာ အသက် ၅ဝ၊ ၆ဝ ရောက်တဲ့အထိအသားအရေ မတွန့်ခဲ့ကြ ဘူးလို့ သိရပါတယ်။ ရှေးတရုတ်အမျိုးသမီးများနဲ့ ချင်မင်းဆက်က သေဆုံးချိန်အထိ နုပျိုလှပခဲ့တဲ့ Cixiဘုရင်မ ကြိုက်နှစ်သက်တဲ့ အသားအရေထိန်းသိမ်းနည်း တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီမျက်နှာပေါင်းတင်နည်းကိုအလွယ်ကူဆုံး ပစ္စည်းအမယ်များနဲ့ပြောပြရရင်တော့ လိုအပ်တာက ကြက်ဥ ၃ လုံး၊ ဝိုင်နီနဲ့ ပျားရည်တို့ဖြစ်ပါ တယ်။
ကြက်ဥ ၃ လုံးကိုအရင်ဆုံး ပန်းကန်လုံးထဲကို ဖောက်ထည့်ပြီး အဲဒီကြက်ဥအနှစ်တွေမြုပ်သွားတဲ့အထိ ဝိုင်နီကိုလောင်းထည့်ပါ။ ပြီးရင်အဲဒီပန်းကန်လုံးကို လုံအောင် ပိတ်ပြီးရေခဲသေတ္တာထဲမှာ ၄ ၊ ၅ ရက်ထားပါ။ ပြီး၇င် ထုတ်ယူပြီး ပျားရည် ၂ ဇွန်းထည့်ထည့်လို့ သမအောင်မွှေပါ။ အဲဒီနောက် မျက်နှာကိုသန့်စင်ခြောက်သွေ့အောင် လုပ်ပြီး ကြက်ဥ၊ဝိုင်နီနဲ့ ပျားရည်သမထားတဲ့ အနှစ်ကို မျက်လုံးနဲ့ နှုတ်ခမ်းကိုရှောင်ပြီး လိမ်းပါ။ (အသုံးပြုပြီးပိုတဲ့ ခရင်မ်ကို ၁ လအထိရေခဲသေတ္တထဲမှာထားပြီး ဆက် လက်အသုံးပြုနိုင်ပါတယ်) မိနစ် ၂ဝ ကြာရင် ရေနွေးနဲ့မျက်နှာသစ်ပစ်ပါ။ ဒါပေမဲ့ သတိပြုရမှာက မေတို့ရဲ့အသားအရေဟာ သိပ်ကို ဓာတ်မတည့်မှုဖြစ်လွယ်တယ်ဆိုရင်၊ အသုံးပြုမယ့်ဝိုင်နီက အယ်လ်ကိုဟော ပါဝင်မှုများတယ်ဆိုရင်တော့ အကျိုးသက်ရောက်မှုကောင်းတယ်ဆိုပေမဲ့ ဒီနည်းလမ်းကို အသုံးမပြုသင့်ပါဘူး။ အကျိုး အာနိသင်အနေနဲ့ကတော့ အသားဖြူခြင်း၊ အသားအရေချောမွေ့ခြင်း၊ အရေးအကြောင်းများကိုကာကွယ်ပေးနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။
ချောမွေ့စိုပြည်တဲ့ အသားအရေပိုင်ဆိုင်စေမယ့် body scrub
ဖုန်မှုန်တွေပါတဲ့ လေထုတွေကို အမြဲဖြတ်သန်းသွားနေရတယ်။ အလုပ်ကလည်းများတယ် ဆိုရင် သင့်အသားအရေဟာ မွဲခြောက်လာတယ်၊ ကြမ်းတမ်းလာတယ်လို့ ခံစားရပါလိမ့်မယ်။ ဒီလိုဆိုရင်နေသာပြီး အချိန်ပိုရတဲ့နေ့လေးတစ်နေ့မှာ မေတို့ရဲ့အသားအရေကို ချေးချွတ်တဲကအနေနဲ့ Scrubလုပ်လိုက်ပါ။ Scrub လုပ်နည်းတွေ ကတော့အများကြီးရှိပါတယ်။ အလှပြင်ဆိုင်တွေမှာသွားလုပ်နိုင်သလို အလှပြင်ပစ္စည်းကောင်တာတွေမှာရောင်းတတ်တဲ့အမျိုးမျိုးသော body scrub တွေကိုလည်း ရွေးချယ်ဝယ်ယူပြီး အိမ်မှာလုပ်နိုင်ပါတယ်။
အသင့်ဝယ်ထားတဲ့ scrubလုပ်စရာ ပစ္စည်းကလည်းမရှိ ကိုယ်ကလည်း လုပ်ချင်နေပြီးဆိုရင်တော့ နည်းလေးတစ်ခုပေးပါမယ်။ ဒီလိုလုပ်ဖို့သင့်မှာ ဆားလက်တဆုပ်နဲ့ ရေချုးဆပ်ပြာရည်ကောင်းတစ်မျိုးရှိရင်ပဲရပါပြီ။ အရင်ဆုံး ရေနွေးနွေးလေးနဲ့ ၁ဝ မိနစ်လောက်နေချိုးပါ။ ဒါမှမဟုတ် ရေနွေးနွေးလေးထဲမှာ စိမ်နေပါ။ ပြီးရင် ဆားလက် တစ်ဆုပ်စာကို ခွက်လေးတစ်ခွက်ထဲမှာထည့် ရေချိုးဆပ်ပြာရည်သင့်ရုံနဲ့ရောနှောပြီး တကိုယ်လုံကို ပွတ်လိုက်ပေးပါ။ လည်ပင်းကအစ ခြေဖျားအဆုံး အသေအချာ ပွတ်တိုက်ပြီးရင် ရေချိုးလိုက်ပါ။ အရေပြားပေါ်ကဆဲလ်သေတွေနဲ့ ဖုန်တွေဂျီးတွေကိုဖယ်ရှားလိုက်တဲ့အတွက် ရေချိုးပြီးတဲ့အခါ ချောမွေ့သွားတဲ့ အသားအရေကို ရပါလိမ့်မယ်။ အဲဒီအခါ body lotion တစ်ခုခု ဒါမှမဟုတ် moisturizer တစ်မျိုးမျိုးကိုလိမ်းထားလိုက်ပါ။ ဒီလိုအပတ်စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင် သင့်အသားအရေ ဟာ စိုပြည်ချောမွေ့မှုရှိနေပါလိမ့်မယ်။
လက်သည်းတွေသန်မာကြံခိုင်စေချင်သလား
လက်သည်းလေးတွေ ကြံ့ခိုင်ဖို့
မိန်းကလေးအများစုကတော့ လက်သည်းရှည်လေးတွေ ထားရတာကြိုက်ကြပါတယ်။ အဲဒီအခါ လက်သည်းတွေကျိုးလွယ်ရင် ပြဿနာတက်တော့တာပါပဲ။ တစ်ချောင်းကျိုးပြီဆိုတာနဲ့ ကြည့်လို့မလှတော့ဘူးမဟုတ်လား။ ဒီတော့လက်သည်းတွေ သန်မာဖို့တော့လိုပြီပေါ့။ ဘယ်လိုလုပ်လို့ရမလဲဆိုတာကို ပြောပြပါမယ်။ လက်သည်းတွေ သန်မာကြံ့ခိုင်စေချင်ရင် ကြက်သွန်ဖြူကိုအစိတ်စိတ်အမြွှာမြွာဖြစ်အောင် ဓါးနဲ့စဉ်းထားပြီး လက်သည်းများပေါ်မှာ သုတ်လိမ်းပေးပါ။ လက်သည်းတွေ ကို အရောင်တင်ပြီးလို့ခဏနေရင် ရေအေားလောင်းပေးပါ။ အမြဲပဲလက်သည်းဆိုးဆေးဆိုးထားရင် လက်သည်းအရောင်မလှပဲ ဝါလာနိုင်တဲ့အတွက် တခါတရံမှာ လက်သည်းလေးတွေကို     အသက်ရှုပေါက်ပေးတဲ့အနေနဲ့ လက်သည်းဆိုးဆေးတွေကို ဖျက်ပြီးသဘာဝအတိုင်းလည်း အနေသင့်ပါတယ်။ ဆိုလိုတာကတော့ အမြဲတမ်းလက်သည်းနီပုံမှန်ဆိုးတာမျိုးမလုပ်သင့်ဘူးပြောချင်တာပါ။
နုပျိုလှပဖို့အတွက် အကောင်းဆုံးဆေး
တနေ့ကို ၇ နာရီခန့အိပ်စက်နိုင်မယ်ဆိုရင် ကျန်းမာဖို့ အတော်လေးအထောက်အကူဖြစ်ပါတယ်။ လှုပ်ရှားအလုပ်များချိန်နဲ့ အိပ်ချိန်အနားယူချိန်မမျှတရင် မကျန်းမာ နိုင်ပါဘူး။ မကျန်းမာတဲ့အတွက်နုပျိုလှပမှုဆိုတာလည်းမရှိနိုင်ပါဘူး။ဒါကြောင့်လုံလောက်တဲ့အိပ်စက်မှုရှိရပါမယ်။ ဒါပေမဲ့ ကျန်းမာနေဖို့အပြင် ဖျတ်လတ်ရွှင်လန်းနေ ပါမှလည်း လှပအောင်ပြင်ဆင်ထိန်းသိမ်းချင်စိတ်၊ အလုပ်လုပ်ဖို့လှုပ်ရှားသွားလာဖို့ တက်ကြွနေမှာဖြစ်ပါတယ်။ ဒီလိုတက်ကြွသွက်လက်နေဖို့ကတော့ နေ့စဉ် ကိုယ် လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ဖို့လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများဟာ  ကိုယ်တွင်းကိုယ်ပကျန်းမာလှပမှုအတွက် အထောက်အကူ ဖြစ်စေပါ တယ်။ စက်ဘီးစီးခြင်း၊ ခုန်ဆွဆွပြေးခြင်း၊ လမ်းလျှောက်ြာခင်း၊ စက်ဘီးစီးခြင်း၊ လေကောင်းလေသန့်ရှူခြင်း၊ သစ်ပင်များတဲ့ ပန်းခြံထဲမှာလမ်းလျှောက်ခြင်းတွေဟာ လည်း ပျိုမေတို့ကို ကျန်းမာစေတဲ့အပြင် ရွှင်လန်းစေပါတယ်။
အစားအသောက်နဲ့ အသားအရေလှပမှု
အပူအစပ်နဲ့ အဆီများတဲ့အစာ၊ အသင့်စားအစားအစာတွေကို ရှောင်ကျဉ်ပြီး အမျှင်ဓာတ်များတဲ့၊ ဗီတာမင်နဲ့သတ္တုဓာတ်ကြွယ်ဝတဲ့ဟင်းရွက်၊ သစ်သီးနဲ့ အစားအစာ များကိုစားသုံးသင့်ပါတယ်။ ရေကိုလည်းအလုံအလောက် သောက်သုံးပေးသင့်ပါတယ်။ ဒါကတော့ သင့်ကိုလှပစေဖို့ ငွေမကုန်တဲ့ လှပမှုအတွက် ဂရုစိုက်နိုင်တဲ့ သဘာဝနည်းတွေပါပဲ။
ရတီပျိုမေတိုင်း လှပစိုပြည်ကြပါစေ။
မာဦး

လှပစိုပြည်ရတီမေ

$
0
0

မိုးရာသီမှာ ထိရောက်တဲ့ ၀တ်စားဆင်ယင်မှု
ရတီချစ်ပရိသတ်ပျိုမေတို့ရေ…. တယ်လီဂရပ် နေ့စဉ်သတင်းစာက ဖော်ပြဖူးတဲ့ သတင်းတစ်ရပ်အရတော့ မိန်းကလေးတွေဟာ ဘ၀မှာ ၂၈၉ ရက်လောက်ကို ဘာဝတ်ရင် ကောင်းမလဲလို့ စဉ်းစားရင်းအချိန်ကုန်နေကြသ တဲ့။ ဗြိတိသျှ အ၀တ် အစားကုမ္ပဏီ Matalan ကလည်း ၁၆ နှစ်ကနေ အသက် ၆၀ အတွင်း အမျိုး သမီးတွေဟာ တစ်ပတ်မှာ တနင်္လာက သောကြာအတွင်း မနက် တိုင်း ဘာဝတ် ရင်ကောင်း မလဲလို့ စဉ်းစားတာ တစ်နေ့ကို ပျမ်းမျှကြာချိန် ၁၆ မိနစ်လောက် ရှိသတဲ့။ စနေ၊ တနင်္ဂနွေတွေမှာဆို ၁၄ မိနစ်လောက်စီနဲ့ ပိတ်ရက် အားလပ် ရက်တွေ မှာဆို ပိုတောင်ကြာတတ်တာကြောင့် ၅၂ မိနစ် လောက်ကြာ တတ်ပါ သတဲ့။ ဒါက အထွေအထူးပွဲလမ်းတွေရှိတဲ့နေ့တွေမှာ ဘာဝတ်မယ်လို့ ဆုံး ဖြတ်ဖို့ အချိန်ယူတာရဲ့ ကြာချိန်တွေမပါသေးဘူး နော်။ အခြေခံ အားဖြင့်တော့   နေရာချိန် ခါအ လိုက် မိန်းမချောလေးတစ်ယောက်လို့ ရှုမြင်ခံရဖို့ ကိုယ့်အလှကို ယုံကြည် မှုရှိနေဖို့ အ၀တ်အစား ရွေးချယ်မှုက အရေးကြီးတယ်ဆို တာကတော့ ငြင်းလို့ မရဘူးပေါ့။ ပြီးတော့ အလှပြင်ဖို့ ကကော မေတို့ရဲ့အသား အရေကိုထိန်းဖို့ ဒါမှမဟုတ်     ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေဖို့အတွက် လိုအပ် တာပဲမဟုတ်လား။ ကဲ ဒါဆိုရင် ရာသီဥတု အလိုက် ရော အ၀တ်အစားရွေးချယ်တတ်ဖို့လိုတယ်လို့ မထင်ဘူးလား ။ လိုအပ်တာပေါ့နော် ။ ကဲ ဒါဆို ရင် မိုးရာသီမှာ ဘယ်လိုအ၀တ်အစားမျိုး အဆင် အပြင်မျိုးကို ရွေးသင့်တယ် လို့သိနိုင်ဖို့ မိုးရာသီ ၀တ်စားဆင်ယင်မှုနဲ့ အလှအပအတွက် အကြံပြု ချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ဆောင်ရန် ရှောင်ရန် မိုးတွင်းဖက်ရှင်
မိုးတွင်းရာသီမှာ အ၀တ်အစားတွေ ရေစိုလွယ်လို့ ဖက်ရှင်မကျစတိုင်မလှဘူးထင်နေ တဲ့ အတွေးတွေကို လွှင့်ပစ်လိုက်ပါ။ တကယ့် ဖက်ရှင် သမားတွေအတွက်တော့ ဒါက ကျော်လွှား နိုင်တဲ့ စိန်ခေါ်မှုသက်သက်တစ်ခုပါပဲ။ မိုးရေစက် တွေကြားမှာကို လှပ၀ံ့ကြွားနေအောင် ပြင်ဆင် တတ်ကြပါတယ်။ ဒီ့အတွက် ကိုရီးယား ChosunIlbo ၀က်ဘ်ဆိုက်က အခုလိုပဲ ရာသီ သဘာဝ နဲ့ကိုက်ညီအောင် ၀တ်ဆင်တတ်ဖို့ လမ်း ညွှန်ချက်လေးတွေပေးထားပါတယ်။ တိမ်ထူတဲ့နေ့ မိုးရွာတဲ့နေ့ မိုးစက်လေးတွေ နဲ့အတူ တောက်ပ ပေါ်လွင်စွာလှနိုင်ဖို့ မှန်မှန်ကန်ကန်ဝတ်စားတတ် အောင် ဖတ်ကြည့်လိုက်ရအောင်နော်။

ဆောင်ရန်
အခြေခံစည်းမျဉ်းအားဖြင့်တော့ ခန္ဓာ ကိုယ်အပေါ်ပိုင်းကို အရှည်ဝတ် အောက်ပိုင်းကို တော့ အတိုဝတ်ရမှာပါ။ ခြေထောက်တွေ ကို    အလွယ်တကူ စိုစွတ်ညစ်ပေနိုင် တဲ့အတွက် ဘောင်း ဘီစကလေးတွေ စကတ်လေးတွေကို     ရောင်စုံတီရှပ်လေးတွေနဲ့ တွဲဝတ်နိုင်ပါတယ်။ ချမ်းမှာ စိုးရင် ဖက်ရှင်ပိုကျချင်ရင် အဖြူရောင် ရှပ်အင်္ကျီအောက်မှာ ရောင်စုံတီရှပ်လေးတွေခံ ၀တ်တာ မျိုးပေါ့။ အပေါ်ပိုင်းမှာ ပန်းပွင့်ရောင် စုံလေးတွေပါပြီးအောက်ပိုင်းကို အရောင် ရင့်ရင့် ပြောင်   လေးဝတ်လိုက်ရင် လူတွေရဲ့ မျက် လုံး ထဲမှာ ကိုယ့်ခန္ဓာကိုယ် အပေါ်ပိုင်းလေးက အထင်း သားလေးနေမှာပါ။ ရေနဲ့ ရွှံ့ရေတွေပေမယ်ဆို လည်း အထိုက် အလျောက်တော့ သက်သာစေ မှာပါ။ မိုးတွေများများရွာတဲ့နေ့မျိုးဖြစ်လေ အနီ ရောင်နဲ့ အ၀ါရောင်   တောက်တောက်လေးတွေ ၀တ်လို့ ကောင်းလေပဲပေါ့။ အရောင်တွေက လူတွေကိုဖမ်းစားနိုင်တဲ့ ထင်ပေါ်စေတာအမှန် ပါပဲ။ ဒါပေမဲ့ အရေးအကြီးဆုံးတော့ မဟုတ်ပါဘူး။ အရေးကြီး တာကတော့ မိမိဝတ်ဆင်တဲ့အ၀တ် အစားရဲ့ ပိတ်စအမျိုးအစားပါပဲ။ အထူးသဖြင့် ခြောက်သွေ့လွယ်တဲ့ လီနင်လို၊ ပေါ်လီ အက်စတာ Polyester အသားမျိုးကို ရွေးချယ်ခြင်းဟာ မိုးရေစိုတောင် စမတ်ကျစေမယ့်ရွေးချယ်မှုပဲဖြစ်ပါ တယ်။ ပါးနပ်တဲ့ သူမျိုးကတော့ ပေါ့ပေါ့ပါးပါး မိုးကာလည်းဖြစ် အနွေးထည်လည်းဖြစ်တဲ့ ဂျာ ကင်တစ်မျိုးကို အပေါ်အင်္ကျီအဖြစ် ထပ်ဝတ်ပြီး ဒါမှမဟုတ် အိတ်ထဲထည့်သယ်လာပြီး မိုးရေ ထဲမှာ ရော ရုံးနဲ့ကျောင်းတွေရောက်ရင်ပါ indoor၊ outdoor  မိမိကိုယ်ကိုယ် လှပသပ်ရပ်ပြီး ကျန်းမာ အောင် ထိန်းထားနိုင်ကြပါတယ်။ မိုးရာသီဆိုတာ ကလည်း အပူချိန်က indoor outdoor အတော် လေး ကွဲပြားတတ် ပါတယ်။ ရေငွေ့ပြန်လွယ်တဲ့ အ သားမျိုးနဲ့ ဂျာကင်ဆို ပိုလိုက်ပါတယ်။

ခြေထောက်လေးတွေနေရထိုင်ရသက်သောင့်သက်သာရှိဖို့
မိုးရာသီမှာ ရွှံ့ရေတွေနဲ့မကြာခဏ ထိ တွေ့ရတဲ့ခြေထောက်လေးတွေဟာ အလွန်ပဲ အန်္တရာယ်များပါတယ်။ ခြေထောက်မှာ ယားလာ တဲ့အခါ ရေနွေးစိမ်ပေးပါ။ အနံ့ဆိုးတွေ ထွက် လာတဲ့အခါ ရေနွေးထဲက အလှဆီနည်းနည်းနဲ့ နို့ရည်နည်းနည်းထည့်ပြီး စိမ်ပေးပါ။ ခြေထောက် ကို နူးညံ့သန့်ရှင်းစေပါတယ်။

ရှောင်ရန်
ရေစိုပြီဆိုရင်တော့ ရာနှုန်းပြည့်ချည် သားပါတဲ့ အ၀တ်အထည်တွေက ဒီရာသီမှာ အပြင်ထွက်ရင် ပြဿနာတက်တော့တာပါပဲ။ ဒါကြောင့် ဒီရာသီမျိုးမှာ အိမ်အပြင်ထွက်ပြီဆိုရင် ဂျင်းဘောင်းဘီ ဂျင်းစကတ်အရှည်တွေဝတ်တာ ကို ရှောင်သင့်ပါ တယ်။ ခြေထောက်အောက်နားကို မိုးစိုလွယ်တဲ့အတွက် မိုးစိုရင်အအေးပတ်နိုင်ပါ တယ်။ ဒီတော့ ကျန်းမာရေးနဲ့ သင့်တော် သလို ပေါ့ပေါ့ပါးပါးသွားလာနိုင်အောင် ခန်္ဓာကိုယ်ရဲ့ အလေးချိန်ကိုလည်း လျှော့နိုင်အောင် ရှောင်    သင့်တယ်လို့ ဆိုလိုခြင်းဖြစ် ပါတယ်။

အဆင်အပြင် အသုံးအဆောင်
ရှူးဖိနပ်ဝတ်ချင်တယ်ဆိုရင်တော့ ရေ လုံတဲ့ ဂျယ်လီရှူးဖိနပ်တွေမှဖြစ်ပါမယ်။ ကမ်းခြေ တွေမှာ စီးရင်လှတဲ့ ရာဘာ ဖိနပ်၊ ကော် အကြည် ဖိနပ်လေးတွေက ဒီရာသီမှာပေါ့ပါးတောက်ပပြီး လှပစေပါတယ်။ ပါဝါတွေအစားစတိုင်ကျချင်ရင် ပုတီးစေ့ရောင် စုံလေးတွေ ရတနာတွေဝတ်သင့် ပါတယ်။ အ၀တ်အစားနဲ့လိုက်ဖက်တဲ့မိုးကာနဲ့ ထီးတွေကလည်း လူကိုပေါ်လွင်စေတာဖြစ်လို့  အရောင်ရွေးချယ်မှုမှန်ဖို့တော့အရေးကြီးတယ် နော်။ မိုးရာသီမှာ ခြေအိပ်တွေ ရှူးဖိနပ်တွေဆိုတာ မေ့ထား ဖို့ ကောင်းတဲ့ အရာတွေပါ။ စိုစွတ်တဲ့ ခြေထောက်လေးတွေအတွက် ဖိနပ်များခေါက် တင်လို့ရတဲ့ ဂျင်းဘောင်းဘီ၊ မီနီစကတ်လေးတွေ နဲ့ လိုက်ဖက်တဲ့ ဖိနပ်မျိုးလေးတွေ၊ ချော်လဲမ    လွယ်တဲ့ဖိနပ်မျိုးတွေကို ရွေးရအောင်နော်။ အလွယ်တကူ ချော်မလဲနိုင်ဖို့ ဒေါက် အရမ်းမြင့်တာ တွေ ရှောင်မှဖြစ်မယ်။

အသားအရေနဲ့ ဦးရေပြားပြဿနာ
အသားအရေကို အစိုဖြည့်ခရင်မ်တွေ လိမ်းဖို့ဆိုတာ မိုးတွင်းမှာသိပ်လိုအပ်တဲ့ ကိစ်္စ တော့ မဟုတ်ပါဘူး။ ဒါကြောင့် နည်းနည်းပဲ လိမ်းပါ။ ဒါပေမဲ့ နေလောင်ခံခရင်မ်ကိုတော့ မပျက်မကွက်လိမ်းသင့်ပါတယ်။ မိုးရာသီဆိုတာ ဘက်တီးရီးယား နဲ့ဗိုင်း ရပ်စ်တွေ ပြန့်ပွားတဲ့ ရာသီ လည်းဖြစ်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ ပျိုမေတွေအတွက်အရေးကြီးတဲ့အရာကတော့ ကိုယ့် အသားအရေကို သန့်ရှင်းအောင်ထားဖို့ပါပဲ။ ဒါဆို ပြဿနာအားလုံးကနေ ကင်းအောင် သန့် ရှင်းတဲ့အသားအရေကို ဘယ်လို ထိန်းမလဲ။ မျက် နှာကိုလန်းဆန်းစေတဲ့ မျက်နှာသစ်ဆေးတွေထဲ မှာတော့ အယ်ဖာဟိုက်ဒရောဆိုက် ပါဝင်တဲ့ မျက်နှာသစ်ဆေး က ဒီရာသီနဲ့ သင့်တော်ပါတယ်။ ဒါပေမဲ့ တစ်နေ့ကိုတစ်ကြိမ်သာ သင့်တော်ပါ တယ်။ အလှပြင်တဲ့ ပစ်္စည်းတွေမှာလည်း Non-alkaline အမျိုးအစားကို ရွေးချယ်သင့်ပါ တယ်။ ဒီအမျိုးအစားက ချွေးပေါက်တွေရဲ့ အတွင်းပိုင်း ထိ သန့်စင်ပေးပါတယ်။ မိတ်ကပ်ထူထူလူးတာ မိုးရာသီမှာ ရှောင်သင့်ပါတယ်။ ဖောင်ဒေးရှင်းခရင်မ်လိမ်းတာကိုလည်း ရှောင်သင့်ပါတယ်။ ဆံပင်က လည်း ညစ်ပတ်လွယ်တာကြောင့် နေ့ တိုင်းမဟုတ်တောင် တစ်ရက်ခြားတစ်ခါ လျှော် သင့်ပါတယ်။ ထီးနဲ့မိုးကာ ၀ယ်တဲ့အခါမှာ လည်း အပြင်ကိုထွက်တဲ့အခါ ကိုယ့်စိတ်ကိုပျော်ရွှင်မှု ရှိစေတဲ့ အရောင်မျိုး၊ အဆင်မျိုးတွေကို ရွေး ချယ်ပါ။ ဒါပေမဲ့ အရမ်းဖျော့ တဲ့အရောင်မျိုးတွေ ကိုမရွေးချယ်ပါနဲ့။ ညစ်ပတ်လွယ်စေလို့ ဖြစ်ပါ တယ်။

ရှောင်ရန်စားရန်အစားအစာများ
အစာမကြေတဲ့ပြဿနာမျိုးတွေ ဖြစ် လွယ်တဲ့ရာသီဖြစ်လွယ်လို့ အစာကြေလွယ်တာ တွေကိုပဲ ရွေးချယ်စားပါ။ အချို့အစား အစာတွေက ဒီရာသီမှာ အသက်ရှူကျပ်စေတာ ဖျားလွယ်စေ   တာတွေဖြစ်တဲ့အတွက် ရှောင်သင့်ပါတယ်။ စားတဲ့ အစား အစာထဲမှာ ဘာလီ ဂျုံ၊ ပဲ၊ လတ် ဆတ်တဲ့သစ်သီး၊ ထောပတ်၊ နို့တွေကို များများ စားသင့်ပါတယ်။ အစားမစားခင်မှာ သံပရာ ရည်ကို သကြားထည့်ပြီး သောက်သင့်ပါတယ်။ အစာကြေလွယ်စေလို့ ဖြစ်ပါတယ်။ သစ်သီးခြောက်တွေမစားပါနဲ့။

ဗောက်ထခြင်းမှကင်းဝေးဖို့
သင့်ရဲ့ ဆံနွယ်အဖျားတွေကို ဆီနွေး နွေးလေးတွေ လိမ်းပေးပါ။ လက်ချောင်းထိပ်     လေးတွေနဲ့ သွေးလည်ပတ်မှုကောင်းအောင် ညစဉ် နှိပ်နယ်ပေးပါ။

ရိုးရှင်းသော ဟန်ကိုရွေးချယ်ပါ
ဆံပင်ရှည်ရင်ခပ်မြင့်မြင့်စည်းနှောင် ထားပါ။ မိုးရေမစိုပါစေနဲ့။ ထိန်းသိမ်းရခက်တဲ့ ဆံပင်ကို သားရေကွင်းလေးတွေနဲ့ ဆံပင် ကိုလွှာပြီး စည်းနှောင်မယ်၊ ဖန်စီဒါမှမဟုတ် ရတနာ ကိုယ် ကြိုက်ရာကိုရွေးချယ်ပြီး ၀တ်ဆင်မယ်ဆိုရင်လည်း စတိုင် တစ်မျိုးနဲ့ လှပစေမှာပါပဲ။ Hair Dryer နဲ့ ပ၀ါကိုဆောင်ပြီး ခရီးသွားတာမျိုး ရုံးမှာထား ထားတာမျိုးကလည်း မိုးရေစိုတဲ့အခါ ကိုယ့် ဆံပင် ကို ပြန်လည်ခြောက်သွေ့အောင်လုပ်ဖို့ ကောင်းမွန်စေပါတယ်။ ဒီရာသီမှာတောင် ချွေး ထွက်လွယ်နေတတ်သေးရင် မျက်နှာပေါ် မှာ ရေခဲတုံးလေးတွေကို မျက်နှာသစ်ပြီးတိုင်း ၁၀ မိနစ်လောက် ထားပေးပါ။
ရတီချစ်တဲ့ပျိုမေတိုင်းလှပစိုပြည်ကြပါစေ။
မာဦး

လှပစိုပြည် ရတီမေ

$
0
0

ဒီလမှာတော့ ရတီချစ်သော ပျိုမေများအတွက် မိတ်ကပ်လူးသူတွေအတွက် မိတ်ကပ်မလူးချိန်တွေမှာ အသား အရေကို ထိန်းသိမ်းဖို့နဲ့ မလူးတဲ့သူတွေလည်း အသား အရေကို ဘယ်လို ထိန်းသိမ်းသင့်တယ်ဆိုတာတွေအပြင် အခြားကြုံတွေ့ ရတတ်တဲ့ အမည်း စက်ဖြစ်ပေါ်ခြင်းကို ဘယ်လိုပျောက်စေနိုင်တယ် ဆိုတာတွေ   ဖော်ပြ   ပေးလိုက်ပါတယ်။

ပေါ်လွင်သောအလှ
မိန်းကလေးတွေဟာ မိတ်ကပ်လူးပြီး ပေါင်ဒါ ရိုက် မယ်၊ Eyeliner လေးတွေခြယ်၊ Mascara လေးတွေသုံး၊ ပါးနီလေးဖို့၊ နှုတ်ခမ်းနီလေးဆိုး လိုက်မယ်ဆိုရင် လှပပြီး ထင်ပေါ်နေမယ်ဆိုတာ အသေအချာပါပဲ။ ပွဲတွေတက်မယ်ဆိုတဲ့အခါ တောက်ပ ပေါ်လွင်အောင် မိမိမျက်နှာ အနေအထား၊ အဝတ်အစားနဲ့ လိုက်ဖက်အောင် မပြင် မဖြစ် ပြင်ရသလို နေ့စဉ်လိုလိုလည်း ပြင်နေကြရ ပါတယ်။ ဒါဟာလည်း မိမိအသားအရေကို ထိန်းသိမ်းဖို့ အလှအပကို ဖော် ကျူးဖို့ ယုံကြည်မှုနဲ့ ဆွဲဆောင်မှုရှိဖို့ လိုအပ်တာ ပါပဲ။ နေရောင်တွေ လေတိုက်တာတွေ ခံနိုင်ဖို့လည်း လူးရတာပါပဲ။ ဒါပေမဲ့မိတ်ကပ်ကို မလူးသင့်တဲ့အချိန်တွေ လည်းရှိပါတယ်။ ဥပမာ ညအိပ်ချိန်မှာ မိတ်ကပ် ဖျက်အိပ် တာတို့ အိမ်မှာအနားယူတဲ့ရက်တွေ တို့မှာ မိတ်ကပ်မလူးဘဲ Moistrurizer လောက်ပဲ လူးတာ တို့လုပ်သင့်ပါတယ်။ နောက်ပြီး ပုံမှန်လိုလို မိတ်ကပ် ထူထူ လူးခြင်း ကိုလည်း ရှောင်ရပါမယ်။ မိတ်ကပ် ထူလေလေ မူရင်းအသက်ထက် ရင့်စေလေပါပဲ။  မိတ်ကပ်လူးကျွမ်းကျင်သူတွေဟာ မိတ်ကပ် မလူးထားဘူးလို့ ထင်ရလောက်အောင် မိတ်ကပ်ကို ခပ်ပါးပါး လိမ်းပေးတတ်ကြပါတယ်။ မလူးထားဘူးလို့လည်း ထင်စေချင်တယ်။ မိတ်ကပ်လူးရင် ဘာ အကျိုးရှိမလဲ။ ဒါမှမဟုတ် မလူးရင်ကော။ မိတ်ကပ် အကောင်းစားတွေ ဝယ်ဖို့ မိန်းကလေးတိုင်းက ငွေဖြုန်းချင်မှဖြုန်းချင် မှာပါ။ ဒါမှမဟုတ် သူ့မှာ အချိန်မရှိ တာ၊ လူးရတာကိုမကြိုက်တာ၊ မိတ်ကပ်နဲ့ သူ့အသားအရေ မတည့်တာ စသဖြင့်ပေါ့။  မိတ်ကပ်ကို အဆင့်ဆင့်လူး မယ်ဆိုရင်တော့ မှန်ရှေ့မှာ မိနစ် ၃ဝ လောက် အချိန်ဖြုန်းနိုင်ရမှာပါ။ အဲဒီအစား အိပ်ရာထဲမှာ နာရီဝက် ပိုလှဲချင် သူတွေလည်းရှိမှာပါ။ မိတ် ကပ်မလူးတဲ့ သူဟာ ပိုနုပျိုပါတယ်။ လူးနေကျသူတောင် မလူးခင်နဲ့ လူး ပြီးပုံကိုကြည့်ရင် လှမလှ ထင်ပေါ်မပေါ် ကိုအသာထား၊   နုပျိုတာက   တော့  မိတ်ကပ်မလူးခင်ပုံပါပဲ။ နောက်ပြီး ခပ်ပါးပါး လိမ်းတာကလည်း ပွဲမိတ်ကပ်တွေထက် ကြည့်ရတာ ပိုနုပျိုပါတယ်။

နုပျိုသောအလှ
မိတ်ကပ်လူးရတာမကြိုက်ဘူး ဆိုရင်လတ်တလောနုပျိုတယ်ဆိုပေ မယ့်ရေရှည်အတွက်တော့ ဘာမှ မလူးရင် အသားအရေကို မထိန်း သိမ်းရာရောက်ပါတယ်။ ဒီလိုဆိုရင် မိတ်ကပ်မလူးဘဲလှအောင် ဘယ်လို နေကြမလဲ။ မိတ်ကပ်မလိမ်းလည်း လှနေဖို့ ဒါမှမဟုတ် မိတ်ကပ်မလူးထားချိန်တွေမှာပါ လှနေစေဖို့ နည်းလမ်းများ

လုံလောက်တဲ့ အနားယူမှု ယူပါ
သေချာတာကတော့ ညအိပ်ရာ ဝင်တိုင်းသင်ဟာ မျက်နှာသစ် မိတ်ကပ်မလိမ်းဘဲ အိပ်နိုင်ပါတယ်။ လုံ လောက်အောင် ၆ နာရီကနေ ၈ နာရီအထိ အိပ်စက်ခြင်း   ရေများများ သောက်မယ်။ ဆိုဒါများတဲ့ အစား အစာတွေကိုရှောင်မယ်ဆိုရင် သင့်ရဲ့ အသားအရောင်ဟာ မိတ်ကပ်မပါ ဘဲ လှပနေနိုင်ပါတယ်။

မျက်နှာသစ်ပါ
မိတ်ကပ်မပါဘဲ ကြည်လင်ရှင်း သန့်နေတဲ့ အသားအရေ ဖြစ်ဖို့ဆိုတာ တစ်နေ့ ၂ ကြိမ် အထက် မျက်နှာကို သစ်ပေးနေ ဖို့လိုပါတယ်။ အဲဒီ့အချိန် မှာလည်း ကိုယ့်အသား အ ရေနဲ့လိုက်တဲ့ facial cleanser ကိုသုံးဖို့လိုအပ်ပါတယ်။ အဆီတွေ ပြန်မ နေပါမှလည်း နုပျိုတဲ့ပုံပေါ် မှာ ဖြစ်ပါတယ်။

လှပတဲ့မျက်ဝန်းလေးများ အတွက် ပုံသွင်းပါ
မိတ်ကပ် မလူးထားပေမယ့်လည်း ကိုယ့်မျက်လုံးလေးက ဆွဲဆောင်မှု ရှိဖို့လိုတာဆိုတော့ မျက်ခုံး ရဲ့အလှက အရေးကြီးပြန်တာပေါ့။ အများစုအတွက် မလိုအပ်ပေမယ့် တချို့ သော မိန်းကလေးများ အတွက်တော့ မျက်ခုံးကို ကိုယ့်မျက်နှာနဲ့ လိုက်ဖက်ပြီး လှပစေဖို့ ပုံဖော်ပေးရတာ မျိုးရှိပါတယ်။ ဒါဆိုရင် ကျွမ်းကျင် တဲ့သူတွေရဲ့ဆိုင်မှာ ပုံသွားသွင်းပါ။ နောက်ပိုင်းမှာ မိမိကိုယ်တိုင် လုပ်နိုင်လာရင် ကိုယ်တိုင်လုပ်ပါ။  မျက်ခုံးမွေးနုတ်ခြင်းကိုရှောင်ပါ။ ဒါက အနာဂတ်မှာ သင့်အတွက်   ပြဿနာ တွေဖြစ် လာနိုင်ပါတယ်။

သင့်မျက်နှာနဲ့ အသားအရေအတွက် Moisturizer
မိတ်ကပ်မလူးဘူးဆိုတဲ့ အချိန်တွေမှာတောင် သင့် အသားအရေကိုထိန်းဖို့ moisturizerတစ်မျိုးကို လိမ်းဖို့ လိုအပ်နေသေးတယ်ဆိုတာ ကိုမမေ့ပါနဲ့။ နေရောင်ထဲ မသွားရင် တောင်မှ ကိုယ် လူးတဲ့ Moisturizer ဟာ SPF 15 အထက်ပါတဲ့ ပစ္စည်းဖြစ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် နေက ရောင်ခြည်တွေက သင့် အသားအရေ ကိုပျက်စီးနိုင်လို့ပါပဲ။ moisturizer ကို ပုံမှန်လူးခြင်းဟာ အသားအရေကို နူးညံ့ချောမွေ့ပြီး ခြောက်သွေ့ခြင်းက ကင်းဝေးပါလိမ့်မယ်။

အစားအသောက်
အသားအရေ လေးစိုနေဖို့ဆိုရင် ဟင်းရွက်နဲ့ သစ်သီးတွေ ခပ်များများစား ဖို့လိုပါလိမ့်မယ်။ တစ်နေ့ကို သစ်သီးဖျော်ရည် တစ်ခွက်နဲ့ ဟင်းသီးဟင်းရွက် ဟင်းတွေကို ထမင်းမစားခင် မှာစား သောက်ပေးမယ်ဆိုရင် အသားအရေအတွက်ပိုမိုထိရောက် မှုရှိတာတွေ့ရပါလိမ့်မယ်။

ဆံပင်ပုံစံ
ဆံပင်ပုံစံကို မိမိနဲ့လိုက်ဖက် ပြီး ထိန်းရလွယ် တဲ့ စတိုင်ဖြစ် အောင်ဂရုတ စိုက်ထားပေးပါ။

အစက်အပြောက်တွေ ပျောက်ကင်းစေဖို့နည်းလမ်း အသွယ်သွယ်
မိတ်ကပ်လူးသူရော မလူးသူ ရော အမည်းစက်တွေ မျက်နှာမှာ ဖြစ်လာရင် စိတ်အညစ်ရဆုံးပေါ့။ သဘာဝနည်းနဲ့ ဖြေရှင်းရမယ်ဆိုရင် အက်ဆစ်ပါဝင်မှုမြင့်မားတဲ့ သံပရာ၊ သံပရို သီးတွေကိုစိတ်ပြီး တစ်နေ့ ၂ ကြိမ် မျက်နှာမှာ ပွတ်ပေးမယ်ဆိုရင် အစက်တွေမှိန်လာမယ်၊ပုံမှန် လုပ် ပေးရင်ပျောက်တောင်သွားနိုင်တယ်။  ဒါပေမဲ့ စိတ် ရှည် လက်ရှည်လုပ်ဖို့ တော့ လိုတာပေါ့နော်။ ကဲ သံပရာသီးမရနိုင်ဘူး ဆိုရင်ကော ကြက်သွန် နီကိုခြမ်းပြီး ပွတ်ပေးနိုင် ပါတယ်တဲ့။ ရလဒ်က အတူတူပါပဲ။
ဒီနည်းတွေကို မကြိုက်ရင် အစက်တွေ ကိုမှိန်စေတဲ့ခရင်(မ်)နဲ့ ပေါင်းတင်ကပ်ခွာတွေ လည်းရှိပါတယ်။အရမ်း များတဲ့ မှဲ့ခြောက်၊ တင်း တိပ်တွေဆိုရင်တော့ လေဆာကုထုံးနဲ့ အလှအပ ရေးရာဆေးခန်း၊ ဆေးရုံကြီးတွေမှာ လုပ်နိုင်ပါတယ်။

ဗီတာမင်အေကို သောက်ပါ
ဆဲလ်အသစ်တွေ ပြန်ဖြစ် ထွန်းဖို့၊ အမည်းစက်တွေ မှိန်သွားစေဖို့အတွက်  ဗီတာမင်အေ လိုအပ်တာကြောင့် ဗီတာမင်အေ ဆေးလုံးများကို သောက်သုံးပေးခြင်းနဲ့ စိုပြည်တဲ့ အသားအရေကိုရနိုင်ပါတယ်။

Cover Make-up သုံးပါ
ချက်ချင်းဆိုသလို အမည်း စက်တွေကို သူများတွေအမြင်မှာ မြင်တွေ့တာမျိုးမခံချင်ရင်၊ ပွဲတွေ တက်ရမှာမို့ဆိုရင်တော့ Cover Make-up ဒါမှမဟုတ်အစက်တွေ ဖုံးပေးနိုင်တဲ့ Foundation ခရင်(မ်) မိတ်ကပ်ဒါမှမဟုတ် concealer တစ်မျိုးကိုဝယ်သုံးပါ။ ဒီမိတ်ကပ် ကိုလူးပြီး ပေါင်ဒါရိုက်လိုက်တာနဲ့ တစ်မုဟုတ်ချင်း မျက်နှာပေါ် က  အမည်းစက်အညိုစက်အားလုံးကို ဖျောက်ပေးထားနိုင်စွမ်းရပါတယ်။  ဒီနည်းလမ်းလေးတွေနဲ့ ရတီပျို မေတိုင်းလှပ စိုပြည်နိုင်ပါစေလို့….
မာဦး

လှပစိုပြည် ရတီမေ

$
0
0

ကမ္ဘာကျော်တို့ရဲ့ အလှအပနည်းလမ်းများ
ရတီမေတို့ရေ—–
ယခင်ကဒီကဏ္ဍများမှာ လှပစေဖို့နည်းလမ်းစုံ ကို ဖတ်ရှုနိုင်ဖို့လှပကျန်းမာစိုပြည်ဖို့ နည်းလမ်းတွေ ကို တင်ဆက် ပေးခဲ့ပါတယ်။ ဒီတစ်လမှာတော့ ကမ္ဘာကျော် အနု ပညာရှင်တချို့ရဲ့ အလှအပ ထိန်းသိမ်း နည်းတွေကို တင်ပြပေးချင်ပါတယ်။ သူတို့တွေက ကမ္ဘာကျော်သူတွေ ဖြစ်တာကြောင့်ရော၊ ကင်မရာ များရှေ့မှာ  အနီးကပ် ရော အဝေးကပါ အာရုံစိုက်ခံ ရသူတွေဖြစ်လို့သူတို့ရဲ့ အလှအပကို တစ်နည်းတစ်ဖုံ နဲ့ ဂရုစိုက်ရသူတွေ ဖြစ်လေတော့ ကျွန်မတို့ရဲ့ ရတီမေများ အတုယူနိုင်မယ့် နည်းလမ်း   ကောင်းတွေလည်း သူတို့ဆီက ရနိုင်တယ်လေ။ နာမည်ကျော် မင်းသမီးနဲ့မော်ဒယ်တွေရဲ့ အလှအပခြယ်သထား ချိန်ရဲ့ နောက်ကွယ်က အလှအပကိုထိန်းသိမ်းထားတဲ့ နည်းတချို့ဟာ မထင်မိလောက်အောင်ကို လွယ်ကူရိုးရှင်းနေတာကို လေ့လာကြည့်ရအောင်နော်။

ဂျနီဖာလာ့ဖ်ဟူးဝစ်
မိတ်ကပ်လိမ်းမထားချိန်မှာတောင်မှ လှပတဲ့ မျက်နှာ အသားအရေကို ပိုင်ဆိုင်ထားတဲ့ ဂျနီဖာလာ့ဖ်ဟူးဝစ် ရဲ့ ရံဖန်ရံခါ ထွက်လာတတ်တဲ့ ဝက်ခြံ တွေကိုဖြေရှင်းတဲ့ နည်းကတော့ ညဘက်မှာ သွားတိုက်ဆေးကို ဝက်ခြံတွေပေါ် လိမ်းအိပ်တာ ဖြစ်ပါ တယ်။ ဒီလောက်ရိုးစင်းတဲ့ ဖြေရှင်းနည်းကို သူတို့ သုံးတယ်လို့ ထင်မထားရအောင်ကို လွယ်ကူတဲ့နည်းလမ်းကို အသုံးပြုကြတာလို့ သိသွားပြီမဟုတ်လား ။

ရီဟားနား
လူမည်းမျိုးနွယ်ပေမယ့် စိုပြည်နေတဲ့ အသား အရေပိုင်ရှင် အဆိုတော်မလေး ရီဟားနားရဲ့ အသားအရေ စိုပြည်အောင် ထိန်းသိမ်းတဲ့နည်း ကတော့ အခွင့်အရေးရတိုင်း များများအနားယူပြီး ရေများများ သောက်တာပါတဲ့။ နောက်ပြီး သူ့ရဲ့ ဖျော်ဖြေပွဲတွေမှာ သူ့ကိုကြည့်လိုက်ရင် လင်းလက် တောက်ပနေတာ ကတော့ ခန္ဓာကိုယ်မှာ အလှကပ် တဲ့ ရွှေရောင်အမှုန်လေးတွေကို သူမရဲ့ ပါးမို့မို့ လေးတွေ၊ နှာခေါင်းနဲ့ မေးစေ့တွေမှာ နည်းနည်းစီ လိမ်းထားတာကြောင့်ပါ။ နောက်ထပ် သူ့ရဲ့ မရှိမဖြစ် အလှပြင်ပစ္စည်းက Bronzer ပါတဲ့။

ဂျူလီယာရောဘတ်
အသက် ၄ဝ ကျော် လာတဲ့အထိ လှပတဲ့ အပြုံးနဲ့ အမေရိကရဲ့ အသည်းစွဲ မင်းသမီးအဖြစ် အလှအပကို ထိန်းနိုင်တဲ့ မင်းသမီးတွေထဲမှာ ဂျူလီယာ ရောဘတ်ကို ချန်ထားလို့လည်း မရပါဘူး။ သူ့ရဲ့အလှအပနည်းလမ်းများထဲက စိတ်ဝင် စားစရာနည်းတစ်ခုကတော့ သံလွင်ဆီကိုလက် သည်း အတွက်သုံးတာပါပဲ။ သူက အပတ်စဉ် အပတ်တိုင်းသူ့ရဲ့လက်သည်းတွေကို သံလွင်ဆီထဲ မှာ မိနစ်အနည်းငယ်နှစ်ထားပေးပါတယ်တဲ့။ ဒီနည်း ကလက်သည်းကိုနူးညံ့စိုပြည်ပြီး ခြောက်သွေ့ခြင်း ကင်းစေတယ် လို့ ဂျူလီယာရောဘတ်ကဆိုပါတယ်။

တယ်ရီသက်ချာ
အိမ်ရှင်မ တစ်ယောက်လည်းဖြစ် အနုပညာရှင် တစ်ယောက်လည်းဖြစ်တဲ့ တယ်ရီသက်ချာက တော့ သူ့ရဲ့အသားအရေ နူညံ့စေဖို့အတွက် ဝိုင်နီကို သုံးပါတယ်တဲ့။ သူကဝိုင်နီကိုသောက်ဖို့အတွက် မဟုတ်ဘဲ ညတိုင်း ရေချိုးတဲ့အခါဝိုင်နီ ၂ ခွက် ထည့်ပြီး ချိုးတာဖြစ်ပါတယ်တဲ့။

စင်ဒီကရောဖို့ဒ်
တစ်ချိန်ကစူပါမော်ဒယ်လည်းဖြစ် ယခုတိုင် အောင်လည်းထင်ရှားဆဲ စင်ဒီကရောဖို့ဒ်ရဲ့ လန်းဆန်း လှပစေတဲ့နည်းက နို့ဖြစ်ပါတယ်။ သူမက နို့အစိမ်းနဲ့ ရေကိုရောပြီး မျက်နှာကိုဖျန်းပက် ပေးခြင်းဟာ တစ်နေ့တာလုံးအတွက် လန်းဆန်းနေ စေတယ်လို့ဆိုပါတယ်တဲ့။

ကရိုနီနာ ကာကိုဗာ
ကရိုနီနာကတော့ မျက်နှာအသားအရေ လန်း ဆန်းဖို့နဲ့အစက်အပြောက် တွေချွတ်နိုင်ဖို့ အတွက် လတ်ဆတ်တဲ့ သံပရာသီးကို အရည်ညှစ်ပြီး ဝါဂွမ်းနဲ့ လိမ်းပေးပြီး မိနစ်အနည်းငယ် အကြာမှာ မျက်နှာ သစ်ပစ်တာပါလို့ဆိုပါတယ်။ သံပရာသီးမှာပါတဲ့ သဘာဝ citric acids ဟာဆဲလ်အသေများ ကိုဖယ် ရှားပေးဖို့အားပေးပြီး ကျန်းမာလန်းဆန်း ကြည်လင် တဲ့ အသားအရေကိုရရှိစေပါတယ်။

လက်ရှ်မီမီနွန်
အိန္ဒိယစူပါမော်ဒယ် လက်ရှ်မီမီနွန်ကတော့ သူမရဲ့ဆံကေသာ ကျန်းမာသန်စွမ်းပြီး လှပဖို့ခေါင်း မလျှော်ခင်မှာ အုန်းဆီကိုအသုံးပြုသလို အဖျားနှစ်ခွ မဖြစ်ဖို့အတွက် အသုံးပြုပါတယ်တဲ့။ ဒီနည်းလမ်းကိုတော့ သူ့မိခင်က ပေးခဲ့တာလို့ဆိုပါတယ်။ သူမရဲ့ နည်းလမ်းကတော့ ခေါင်းမလျှော်ခင်မှာ အုန်းဆီကို ဆံပင်အရင်းကနေ အဖျားထိ လိမ်းပေးပြီး ဦးရေ ပြားကို သွေးလည်ပတ်မှု ကောင်းအောင် နှိပ်ပေးဖို့နဲ့ တစ်နာရီလောက်ကြာမှ ရှန်ပူနဲ့ပျော့ဆေးသုံးပြီး ခေါင်းလျှော်ပစ်ဖို့ပါပဲ။
ရတီချစ်သော ပျိုမေတိုင်းလှပစိုပြည်မှုကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုလျက် …..
မာဦး

လေးဆယ်ကျော် မမတို့ အတွက် အလှ လျှို့ဝှက်ချက်

$
0
0

လေးဆယ်ကျော် မမတို့ရေ ငါအသက်ကြီး လာပြီ အလှပြင်စရာ မလိုတော့ဘူးလို့ အထင်ရောက်ပြီး မပြင်မဆင် မနေလိုက်ပါနဲ့နော်။ ဒီခေတ်ကြီးထဲမှာ မပြင်မဆင်နေတဲ့ မမတွေ ရှားသွားပေမယ့် တချို့တစ်ဝက် ကျန်နေသေးလို့ ဒီလို ပြောရတာပါ။ အမျိုးသမီးတွေက ဘယ် အသက် အရွယ်ပဲရောက်ရောက် ဘယ်လို ပုံစံမျိုးက သူတို့နဲ့ လိုက်ဖက်ညီတယ် ဆိုတာ သိပြီးသားပါ။
မမ အရွယ်တွေက အလွန်အကျွံ ပြင်ဆင်မှု တွေ မလုပ်သင့်တော့ပါဘူး။ မိတ်ကပ် ပါးပါးလေး လိမ်းကာ သက်သောင့် သက်သာ ရှိပြီး စတိုင် ကျမယ့် အဝတ်အစား တစ်စုံက လေးဆယ်ကျော် အမျိုးသမီးတွေ နဲ့ လိုက်ဖက် တင့်တယ်ပါတယ်။ အဝတ်အစား ကို နေရာဒေသ လိုက်ပြီး ခွဲခြား ဝတ်ဆင်သင့်ပါတယ်။ ကုတ်အင်္ကျီ နဲ့ ဒူးလောက် စကတ် တွေကလည်း အမြင် တစ်မျိုး ဆန်းပြီး လိုက်ဖက်ပါ တယ်။ မကလက်ပါဘူး။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာကလည်း အလှ တစ်မျိုးပါပဲ။ ဘယ် အသက်အရွယ် မှာမဆို မရှိမဖြစ် လိုအပ်ပါတယ်။ အလှအပ ဆိုတာ အရေ ပြား တစ်ထောက် စာပါလို့ ပြောနေကြပေမယ့် တကယ်တမ်း ကျတော့ လူတွေက လှပ သပ်ရပ်စွာ နေတတ်တဲ့ သူကို ပိုသဘောကျပါတယ်။
မမတို့ရေ အသားအရေ လှပမှုကိုလည်း ဂရုစိုက်ရပါမယ်။ မိတ်ကပ်တွေနဲ့ အပေါ်ယံ အလှ ပြင်တာနဲ့တင် မလုံလောက်ပါဘူး။ Skin Care လည်း သုံးပေးရပါမယ်။ မိတ်ကပ် လိမ်းတော့မယ် ဆိုရင်လည်း အရင်ဆုံးမျက်နှာကို Toner သုံးပါ။ ပြီးရင် အပေါ်က Cream တစ်ခုလိမ်းပြီးမှ မိတ်ကပ်လိမ်းပါ။ ပါးနီ အရောင်ပြေပြေလေးဆိုး ပြီးရင် နှုတ်ခမ်းနီ ကိုလည်း အရောင်နုနုလေးရွေး ဆိုးပါ။ အရောင်ဖျော့လေးတွေက လူကို နုနယ်စေပါတယ်။ အရောင်ရင့်တွေ ကတော့ လူကို အသက် ကြီးသွားစေ ပါတယ်။ Eye Cream လေးလည်း သုံးပေးဖို့ မမေ့နဲ့နော်။ မျက်လုံး တစ်ဝိုက် အရေး အကြောင်းတွေကို လျော့ပါး သက်သာစေပါ တယ်။
ဒါ့အပြင် Fashion ပိုင်းကိုလည်း အလေး ထားသင့်ပါတယ်။ ဆယ်ကျော်သက်မလေးတွေ  က အတိုအပြတ် ဂါဝန်လေးတွေနဲ့ ရှုချင်စဖွယ်ဖြစ် နေသလို မမတွေက လည်း ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ ဒီဇိုင်းဆန်းမြန်မာ ဝတ်စုံလှလှလေး ကုတ်အင်္ကျီ ဖက်ရှင်တွေက လန်းဆန်း နုပျိုစေပါတယ်။ လည်စည်းပဝါ ပတ်တဲ့ ဒီဇိုင်းကလည်း ကြည့်ကောင်း ပါတယ်။ ဝတ်ထားတဲ့ ဝတ်စုံနဲ့ အညီ အရောင်လေး တွေ ရွေးချယ်ပြီး ဆင်ယင်သင့်ပါတယ်။ ကိုယ်ပိုင် ဖက်ရှင် တစ်ခုပေါ့။ ဒေါက်ဖိနပ်လည်း စီးသင့်ပါ တယ်။ ဒေါက်မြင့် မစီးနိုင်ရင် အနိမ့်လေးတွေ ရွေးစီးပါ။ လူကိုပိုပြီး စမတ်ကျစေပါတယ်။
ဆံပင် ဒီဇိုင်းကလည်း အရေးကြီးတယ်နော်။ ကိုယ့်မျက်နှာ အနေအထားနဲ့ ဘယ်လို ဆံပင်ပုံစံမျိုး လိုက်ဖက်လဲဆိုတာ Stylist နဲ့ တိုင်ပင် ဆွေးနွေး ပါ။ မျက်နှာကို ရှင်းရှင်းလင်းလင်းလေး နဲ့ ပေါ်လွင် စေချင်ရင် ထုံးဖွဲ့ထားပါ။ ထုံးဖွဲ့နည်း မျိုးစုံပါတဲ့ စာအုပ်တွေ ရှိပါတယ်။ အလွယ်တကူ လေ့လာလို့ ရပါတယ်။
အရေးကြီးတဲ့ တစ်ချက် ကျန်ပါသေးတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်းမှုပါ။ မမတို့အရွယ် က ကိုယ်အလေးချိန် တိုးတာ အရမ်းမြန်ပါတယ်။ စားချင်တာလေးတွေ ရှိလို့ နည်းနည်းလောက် ဗိုက်ဝအောင် မစားလိုက်နဲ့ စားတာနဲ့ ဝိတ်တက် တော့တာပါပဲ။ အဆီအဆိမ့်တွေကို တတ်နိုင်သမျှ ရှောင်ပေးတာ ကောင်းပါတယ်။ အသီး အရွက် ကြော်တွေ အသီးအနှံတွေ များများ စားပေးသင့် ပါတယ်။ လတ်လတ်ဆတ်ဆတ် သစ်သီး ဖျော်ရည် တွေလည်း ပုံမှန် သောက်ပေးသင့်ပါတယ်။ သွေး လည်ပတ်မှု ကောင်းမွန်စေပြီး အသားအရေကို ကြည်လင် ရှင်းသန့်လှပစေပါတယ်။ အစားကို အချိန်မှန်စားပါ။ အချိန်မှန်အိပ်ပါ။ ကိုယ်လက် လှုပ်ရှားမှု လုပ်ပေးပါ။ လမ်းများများ လျှောက်ပေးပါ။ လမ်းလျှောက်သွားရင် နီးတဲ့နေရာတွေကို ကားစီးမသွားပါနဲ့။ အထပ်အမြင့်ကြီးမှာ မဟုတ်ရင် ဓာတ်လှေကား စီးပြီး မတက်ပါနဲ့။ လမ်းလျှောက်တာ လှေကား အတက်အဆင်း ပြုလုပ်ပေးတာ ကျန်းမာရေး အတွက် အထောက်အကူပြုသလို ကိုယ်အလေးချိန် ထိန်းသိမ်းရာ ရောက်ပါတယ်။ တစ်ချက် ခုတ်နှစ်ချက်ပြတ်ပေါ့။
ဒီလောက် ဆိုရင် လေးဆယ်ကျော် အရွယ် မှာ လှပ ကြည့်ကောင်းနေအောင် ဘယ်လိုနေရမလဲ ဆိုတာ သိသွားပြီပေါ့နော်။ အမျိုးသမီးတွေက ဘယ်အသက် အရွယ်မှာ မဆို လှပကြည့်ကောင်း နေဖို့ အင်မတန် အရေးကြီးပါတယ်။ တချို့ အမျိုး သမီးတွေဆို အသက် ကြီးလာလည်း နုပျိုလှပနေဆဲ ပါပဲ။ မမတို့ အရွယ်က တည်ငြိမ် ရင့်ကျက်တဲ့ အလှတရားကို ပိုင်ဆိုင် ထားကြပါတယ်။ ပြုပြင် ထိန်းသိမ်း အလှမယိမ်း ဆိုသလို ကိုယ့်ကိုယ်ကိုယ် ပြင်ဆင် နေထိုင် သင့်ပါတယ်။ ဒါမှ ကိုယ့်ကို တွေ့ မြင်ရ သူတွေလည်း စိတ်ချမ်းသာသလို ကိုယ်တိုင် လည်း ယုံကြည်မှု ရှိပြီး အမြဲတက်ကြွ လန်းဆန်း နေမှာပါ။

သိင်္ဂီဝင်း(Beauty)

In Healthy Life Style ချမ်းချမ်း

$
0
0

Slim and Slender is smart  လို့ ပြောလာ ကြတဲ့ ခေတ်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် စမတ် ကျလှပနေအောင် ကိုယ်အလေးချိန်ထိန်းသိမ်း ထားနိုင်မှုက လွယ်ကူလှ တဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ Life Style တွေပြောင်းလဲလာလို့ အဝလွန်မှုတွေ၊ သွေးတွင်းအဆီများမှုပြဿနာ တွေဟာ လူထုကြားထဲမှာ တစ်နေ့တခြား မြင့် တက်လာနေပါတယ်။ ဒါကြောင့် နိစ္စဓူဝလှုပ်ရှား နေကြရတဲ့ကြားထဲက သေးသွယ်အချိုးကျပြီး ကျန်းမာလှပနေစေမယ့် နည်းစနစ်တွေကို အလွယ်တကူ လိုက်နာနေ ထိုင်နိုင်ဖို့ကလည်းအရေးကြီးပါတယ်။ ဒီလအတွက် ကိုယ်အလေးချိန် ထိန်းသိမ်းမှုကို ဂရုစိုက်လေ့ရှိတဲ့ အဆိုတော် ချမ်းချမ်းရဲ့ နေထိုင်မှုပုံစံကို ရတီပရိသတ်များ အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ ချမ်းချမ်းက ယောဂကျင့်တယ်။ ဒီလေ့ကျင့်ခန်းက နောက်ကျောက ခါးဆီကို မတက်စေဘူး။ ခါးကိုင်းတာကိုလည်း ကာကွယ် တယ်။အရင်ကတော့ Fitness Centre   တွေမှာ သွားကစားတယ်။ နောက်ပိုင်းအလုပ်များတဲ့အခါ ကျတော့ အိမ်မှာပဲ အလေးနဲ့ဘာနဲ့ကစားဖြစ် တယ်။

၂။ ချမ်းချမ်းက အဆီအဆိမ့် သိပ်မစားဘူး။ အဆီအဆိမ့်တွေကို သိပ်မကြိုက်ဘူး။ ဟင်းချက် ရင်လည်း ဆီတွေ သိပ်မသုံးဘူး။ နောက် အသီး အရွက်တွေကို ပိုစားဖြစ် တယ်။

၃။ လေ့ကျင့်ခန်းလုပ်ရင်တော့ ရေပဲသောက် တယ်။ အချိုရည်မသောက်ဖြစ်ဘူး။


In Healthy Lifestyle

$
0
0

စိတ်ဖိစီးမှုတွေနဲ့ ရှင်သန်နေထိုင်ရတဲ့ နေ့ရက်တွေကို ကျန်းမာစွာ ကျော်လွန် ဖြတ်သန်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီလ ရတီ ပရိသတ်တွေ အတွက် စိတ်ကို ငြိမ်းချမ်းစေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေ မယ့် ယောဂ နည်းလမ်း တချို့ ဖော်ပြပေး လိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကိုတော့ ကျင်းလိ ခေါ် Jenny က သရုပ်ပြသခဲ့ပါတယ်။

ကြောင်ကိုယ်ဟန်ကျင့်စဉ်

(၁) ဒူးနှစ်ဖက် နဲ့ လက်နှစ်ဖက်ကို မြေကြီးပေါ် ထောက်လိုက်ပါ။ ထောက်ထားပုံ က ခြေလေးချောင်း ထိုင်ခုံ ချထား တဲ့ ပုံစံမျိုး ထောင့်မတ် ကျနေရပါမယ်။

(၂) ခါးကော့နှိမ့်ချပြီး တင်ပါးကို အပေါ် မြှင့်တင်လိုက်ချိန် မှာ အသက်ကို ရှုသွင်းလိုက် ပါ။ ခေါင်း ကို ဖြည်းညင်း စွာမော့ပါ။

(၃) ခေါင်းကို အောက်စိုက်ပြီး ခါးကို ဖြည်းဖြည်းချင်း ကုန်းလိုက်ချိန်မှာ အသက်ကို ရှုထုတ်လိုက်ပါ။ ပခုံးကို အလိုက်သင့် လျှော့ထားပါ။ ၀မ်းဗိုက်ဟာ ချပ်ထား သလို ဖြစ်နေရပါမယ်။ ဒီလို အနေအထားနဲ့ အသက် ကို ဖြည်းဖြည်းချင်း ရှုသွင်းရှုထုတ် ပြုလုပ်ပါ။ (ဒီကျင့်စဉ် လက်ထောက်ထားတဲ့ အခါ လက်ဆယ်ချောင်း စလုံး ကို ဖြန့်ထားဖို့ လိုပါတယ်။ ဒါမှ လက်ကောက်ဝတ် အန္တရာယ်မဖြစ်မှာပါ)

ကြောင် ကိုယ်ဟန်ကျင့်စဉ်ဟာ ကျောပြင်တစ်ခုလုံးကို ပျော့ပျောင်းစေသလို အမျိုးသမီးများ အတွက် သွေး လည်ပတ်မှု ကို ကောင်းမွန်စေပြီး လစဉ် ဓမ္မတာကို ကောင်းမွန်အောင် ပံ့ပိုးပေးပါတယ်။ (ဓမ္မတာလာစဉ် မှာ ပြုလုပ်သင့်တဲ့ ကျင့်စဉ်ပါ)

ကျားကိုယ်ဟန်ကျင့်စဉ်

(၁) ကြောင် ကိုယ်ဟန် ကျင့်စဉ် အစမှာကဲ့သို့ လေးဖက်ထောက်လိုက်ပါ။ ဘယ်ဘက် ခြေထောက် ကို မြှောက်တင်လိုက်ချိန်မှာ ခေါင်းကိုမော့ရင်း အသက်ရှု သွင်း ပါ။ ခါးကို ကော့ပြီး နှိမ့်ချတဲ့အခါ အလိုက်သင့် လျှော့ထားပါ။

(၂) ဘယ်ဒူးကို ကွေးလိုက်ပြီး တတ်နိုင်သလောက် ရှေ့ကို ပို့လိုက်ကာ နဖူးနဲ့ထိအောင် ပြုလုပ်ချိန်မှာ အသက်ရှုထုတ်ပါ။

အသက်ရှုသွင်း ရှုထုတ်တာကို အဓိကထားပြုလုပ်ပါ။ ဖြည်းညင်းစွာ ပြုလုပ်ပါ။ ဒီကျင့်စဉ်က သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

လိပ်ပြာကိုယ်ဟန်ကျင့်စဉ်

(၁) ဒူးနှစ်ဖက်ကို ကွေးပြီး ခြေဖ၀ါး နှစ်ဖက်ကို မျက်နှာချင်းဆိုင် ပူးကပ်လိုက် ပါ။ ခြေထိပ်ဖျားနဲ့ ဖနောင့် တစ်ညီတည်း ဖြစ်ရပါမယ်။
လက်ဆယ်ချောင်းလုံးကို ယှက်ပြီး ခြေချောင်းတွေရဲ့ ထိပ်ကို ကိုင်လိုက်ပါ။ ပေါင်ရင်ကြောတွေ ကို လျှော့ထား ပါ။ ကျောကို မတ်မတ်ထားထိုင်ပါ။
အသက် ရှုသွင်းချိန်မှာ ဒူးနှစ်ဖက် ဟာ လိပ်ပြာ တောင်ပံ ပုံစံ ထောင်ရက်သား ဖြစ်နေရပါမယ်။
တံတောင်နှစ်ဖက်ကို ကွေးပြီး ခြေထောက်ကို ဖြန့်ချလိုက်ရမှာ ဖြစ်ပါတယ်။ တတ်နိုင်သလောက် အကြောလျှော့ထားပါ။

(၂) ပြီးရင် ခန္ဓာကိုယ် အပေါ်ပိုင်း တစ်ခုလုံးကို အရှေ့ကို ကွေးချလိုက်ပါ။

လိပ်ပြာကိုယ်ဟန် ကျင့်စဉ်ဟာ ၀မ်းဗိုက်တစ်ဝိုက်ကို သွေးလည်ပတ် မှု ကောင်းမွန်စေ ပါတယ်။ ပေါင်နှစ်ဖက်ကို ပေါ့ပါးစေပါတယ်။ ကိုယ်ဝန်ဆောင်များ အတွက် လည်း ကောင်း မွန်ပြီး ကလေးကိုလည်း အထောက်အပံ့ပြုပါတယ်။

ကြာပန်းကျင့်စဉ်

(၁) ခြေထောက်ကို သက်တောင့် သက်သာ ဆန့်ထားပါ။ ဘယ်ဘက် ခြေထောက်ကို အရင် ကွေးယူလိုက်ပါ။

(၂) ညာဘက်ဒူးကို ကွေးလိုက်ပါ။ ညာခြေကို သက်တောင့်သက်သာ ထားပါ။ ခြေနှစ်ခုကို ထပ်လျက်သား ဖြစ်နေပါစေ။ ခြေထောက်ကို မထပ်ဘဲ ပြေလျော့ပြီး ထိုင်ရင်လည်း ရပါတယ်။

(၃) ကြာပန်း ကိုယ်ဟန်ကျင့်စဉ် ဟာ ခြေထောက်ပေါ်မှာ ခန္ဓာကိုယ် အလေးချိန် အားပြုထားရတဲ့ ကိုယ်ဝန်ဆောင်သူတွေ အတွက် လည်း စိတ်ကို တည်ငြိမ်စေ ပါတယ်။ ဘုရား ရှိခိုးခြင်းမှာလည်း ဒီလို ထိုင်နည်းကို ထိုင်နိုင်ပါတယ်။

ဦးခေါင်းစိုက်ချ ကျင့်စဉ်

(၁) ဒူးနှစ်ဖက်ကို ကွေးပြီးတင်ပါးကို ဖနောင့်ပေါ် ထိုင်ချလိုက်ပါ။ ဒီလို ပဆစ်တုပ် ထိုင်ရာကနေ တင်ပါးကို ဖြည်းဖြည်းချင်း မလိုက်ပါ။ ဦးခေါင်းဟာ သူ့အလို လို ဖြည်းဖြည်းချင်း စိုက်ကျလာမယ်။

(၂) ငယ်ထိပ်က မြေကြီး နဲ့ ထိချိန်မှာ ရပ်လိုက်ပါ။ ခြေထောက်က ထောင့်မှန် ကျနေရပါမယ်။ စလုပ်ခါစမှာ ခေါင်းက နာတယ်လို့ ထင်ရတတ်ပါ တယ်။ ဖြည်းဖြည်း ချင်းပြုလုပ်သွားပါ။

ဒီကျင့်စဉ်က စိတ်ဖိစိမှု များသူတွေအတွက်နဲ့ အမြဲ ခေါင်းကိုက်နေတတ်သူတွေ အတွက် သက်သာကောင်းမွန်ပါတယ်။

လှပစိုပြည် ရတီမေ

$
0
0

အသီးမှာ သရက်တဲ့။ ဒါပေမဲ့ စားဖို့ သက်သက် အရသာရှိရုံ ကောင်းတာ မဟုတ်ပါဘူး။ လူကို ကျန်းမာရေး အရ အကျိုးပြုတဲ့ အာဟာရ တွေ အများကြီး ပါဝင်တဲ့ အသီးဖြစ်ပါတယ်။ ဒီလောက်ကောင်းတဲ့ အသီးကို အလှအပ အတွက် ဆေးတစ်လက် အဖြစ်ရော အသုံးချဖူးပါရဲ့လား။ မသုံးဖြစ်သေးရင် သရက်သီး မှည့်တွေပေါ် ချိန်မှာ စမ်းသုံးကြည့်လိုက်နော်။ သရက်သီးမှည့်က မျက်နှာကစလို့ တစ်ကိုယ်လုံး အလှအတွက် သုံး တတ်ရင် Beauty Kit လို့တောင် ပြောလို့ရပါတယ်။ ကံကောင်း တာက ကျွန်မတို့နိုင်ငံက သရက်သီး မျိုးစုံ လှိုင်လှိုင် ထွက်တဲ့နိုင်ငံ ဖြစ်နေခြင်း ပါပဲ။

“အိမ်မှာလုပ်လို့ရတဲ့ Mango Face Mask”

အခွံခွာပြီးသား လတ်ဆတ်တဲ့ သရက်သီး မှည့်အစိတ်လေးတွေ လိုသလောက်ကိုယူ ပျားရည် တစ်ဇွန်းနဲ့ရောချေပြီး မျက်နှာနဲ့ လည်ပင်း တစ်ဝိုက်ကို လိမ်းပါ။ သင်ဆန္ဒ ရှိရင် ခြေနဲ့လက် တွေကိုပါ လိမ်းနိုင်ပါတယ်။ နာရီဝက်လောက် အခြောက် ခံပြီးရင်တော့ ရေနွေးနွေးလေး နဲ့တစ်ခါ ၊ ရေအေးနဲ့ တစ်ခါဆေးပြီး ရေသုတ်ပါ။ ထူးခြားမှု ကိုတော့ သင်ကိုယ်တိုင် ရှာဖွေနိုင်ပါလိမ့်မယ်။

“သရက်သီးနဲ့ ဒိန်ချဉ် Face Mask & Scrub Face Mask For Sensitive Skin”

ဒိန်ချဉ်က အလှအပ အတွက် သုံးနိုင်တဲ့အရာ ဆိုတာ ကျွန်မတို့ သိကြပြီး သားပါ။ ဒီတစ်ခါမှာ တော့ ဓာတ်မတည့်မှု ဖြစ်လွယ်တဲ့ သူတွေ အတွက် Face Mask လုပ်ဖို့ သရက်သီးမှည့် အစိတ်လေး တွေကိုချေပြီး အနှစ်ပျစ် ပျစ်လေးဖြစ်အောင် အရင်လုပ်လိုက်ပါ။ ပြီးရင် ဒိန်ချဉ် (သဘာဝ ဒိန်ချဉ်/ အရောအနှောမပါ) ၆ ဇွန်းထည့် ပြီး ရောမွှေ ပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်း တစ်ဝိုက်ကို လိမ်း ပါ။ ၁၅ မိနစ် အခြောက်ခံပြီးရင် ရေဆေးပစ်လို့ ရပါပြီ။

Face & Body Scrub With Mango

မျက်နှာ နဲ့ ခန္ဓာကိုယ် အတွက် scrub လုပ် ချင်တာ ဆိုရင်တော့ သရက်သီး မှည့် တစ်လုံးစာ အနှစ်ကို ဒိန်ချဉ် တစ်ခွက်၊ Oat ကွေကာမှုန့် (Plain) သင့်ရုံ နဲ့ ရောမွှေပြီး မျက်နှာ နဲ့ ခန္ဓာကိုယ် အနှံ့ လူးပြီး အခြောက်ခံပါ။ မိနစ် ၂ဝ ကြာရင် ပွတ်သတ် ချေးချွတ်ပြီး ရေချိုးလိုက်ပါ။ နူးညံ့ချော မွေ့ ဝင်းပမှုကို တွေ့ရမှာပါ။

“Spa Like Skin Pampering”

ပုံမှန် အသားအရေ ကနေ ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်များအထိ သုံးလို့ ရမယ့် မျက် နှာပေါင်းတင် နည်း တစ်ခုကတော့ သရက်သီးမှည့် အစိတ်လေးများကို Oat အမှုန့် ၂ ဇွန်း နဲ့ ဗာဒံစေ့ ၁၅ စေ့ခန့် ထည့်ပြီး Blender မှာ ထည့်ချေပါ။ ပြီးရင် Skin Care Facial Cream တစ်ခုခု ရှိရင် နှစ်ဇွန်းလောက် ထည့်ပြီး မွှေလိုက်ပါ။ မထည့် လည်း ရပါတယ်။ အဲဒီ အနှစ်ကို မျက်နှာ နဲ့ လည်ပင်း ကို လိမ်းပါ။ မိနစ် ၂ဝ အခြောက်ခံပါ။ ပြီးရင် ကြက်သီးနွေး ရေနွေးနဲ့ ဆေးရင်း မျက်နှာ ကို နှိပ် နယ်ပေး ပါ။ နောက် ဆုံး ရေအေး နဲ့သစ်ပြီးရင်တော့ သင့်မျက်နှာလေး ချောမွေ့ ဝင်းပတာကို တွေ့ရပြီပေါ့။

“ကျန်းမာရေးနှင့် အလှအပ အတွက် သရက်သီးရဲ့ အခြားကောင်းကျိုးများ”

ဓာတ်တိုး ဆန့်ကျင် ပစ္စည်း ပါဝင်မှုအား ကောင်းမွန်ပြီး ကင်ဆာဖြစ်နိုင်ချေ ကို လျော့ချ ကာကွယ်ပေးနိုင်ပါတယ်။ မျက်လုံးရဲ့ အမြင်အာရုံ ပိုကောင်းမွန်စေလို့ မုန်လာဥနီ လိုပဲ စားသုံးသင့် ပါတယ်။ သွေးထဲက သကြားဓာတ်ကို ထိန်းညှိ ပေးပြီး အဝလွန်ခြင်းကို ကာကွယ်ပေးတယ်။ ဗီတာမင် K ကြွယ်ဝတဲ့ အတွက် အရိုး အက်/ကျိုး ထား သူတွေ အတွက် သက်သာ ပျောက်ကင်း မှု မြန်ဆန်စေတယ်။ သန္ဓေအောင်မှုကို အားပေးပြီး စိတ်ဖိစီးမှုကို လျော့ ကျစေတယ်။ ဗီတာမင် A, E နဲ့ ဆီလီနီယမ်တွေ ပါဝင် လို့ နှလုံးရောဂါကို ကာကွယ်ပေးပြီး သွေးတိုး နဲ့ ကော်လက်စရောကို ထိန်းညှိပေးနိုင်တယ်။
ဒါကြောင့် သရက်သီးမှည့် နဲ့ ကျွန်မတို့ရဲ့ အလှအပနဲ့ ကျန်းမာရေးကောင်းခြင်းတွေ ကို လက်ကမ်းကြိုကြည့်ရအောင်လား။

ဇင်မြင့်စံ

သင့်ဆံကေသာ ကျန်းမာ လှပစေမယ့် Hair Care Tips

$
0
0

ဒီလမှာတော့ ရတီ ပျိုမေတွေရဲ့ ဆံကေသာ ကျန်းမာ လှပစေဖို့ အတွက် Hair Care Tips လေး တွေကို ပြောပြချင်ပါတယ်။ သင့်ရဲ့ Hair Style က စတိုင်ကျ လှပနေ မှသာ သင့်ရဲ့ ရုပ်ရည်သွင်ပြင် လှပမှုဟာလည်း ပြည့်ဝစွာ ထွက်ပေါ် လာနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ ဆံကေသာတွေ လှပဖို့ အတွက် အသုံး တည့်မယ့် လျှို့ဝှက်ချက် ကလေး တွေကို ပြောပြ ချင်ပါတယ်။ ဒီအချက် ကလေးတွေ က သင့်ဆံသားတွေ ကျန်းမာ လှပဖို့ အတွက် အံ့သြဖွယ် ကောင်းလောက်အောင် ကူညီပေးနိုင် တာ ကို တွေ့ရပါ လိမ့်မယ်။ ဆံကေသာ အတွက် လိုအပ်တဲ့ Hair Care Tip လေးတွေကို ပြောပြမှာ မို့လို့ ဖတ်ရှုလေ့လာ ကြည့်ရအောင်နော်။

Shampoo ကိုအသုံးပြုပြီး နေ့စဉ်ခေါင်း လျှော်ခြင်းကို ရှောင်ကြဉ်ရပါမယ်။ ခေါင်းတစ်ကြိမ် လျှော်လိုက်ရင် ၂ ရက်ခန့်ကတော့ သင့် ဆံနွယ်တွေဟာ သပ်ရပ်ပုံကျနေနိုင် ပါတယ်။ ဒါ ကြောင့် ၂ ရက် တစ်ကြိမ် (သို့) ၃ ရက်တစ်ကြိမ် ခန့်သာ ခေါင်းလျှော်ပေးခြင်းက သင့်ဆံနွယ်တွေ ကျန်းမာလှပ ဖို့အတွက် အမှန်ကန်ဆုံး နည်းလမ်း ပဲ ဖြစ်ပါတယ်။ နေ့စဉ် ခေါင်းလျှော်ခြင်းက ဆံသားရဲ့ သဘာဝ အဆီဓာတ်များကို တိုက်ခိုက် ဖျက်ဆီးနေသလို ဖြစ်တာကြောင့် ဆံသားနှင့် ဦးရေပြားကို ခြောက်သွေ့ ပျက်စီးစေပါတယ်။

Dryer နဲ့ ဆံနွယ်များကို ခြောက်သွေ့အောင် လေမှုတ် အခြောက် ခံနေစဉ်မှာ သင့်ရဲ့ လက် ချောင်းများကို အသုံးပြုပြီး ဆံနွယ်များကြား ထဲသို့ထိုးခွဲ ရှင်းလင်းပေးပါ။ ဒါဟာ ဆံနွယ်တွေ ရှုပ်ထွေးကပ်ငြိ သွားမှုသက်သာအောင် ပိုင်းခြား ရှင်းလင်းပေးတဲ့ နည်းပဲ ဖြစ်ပါတယ်။ ဆံနွယ်တွေ လုံးဝခြောက်သွေ့ သွားချိန် မှာတော့ ဘီးဖြင့် ဖီးသင် ကာ အချောသပ် ရှင်းလင်းပေးရမှာ ဖြစ်ပါ တယ်။

ဆံပင်ကို အရောင်ဆိုးခြင်း ကလည်း ကိုယ့်ရဲ့ ရုပ်သွင် အတွက် ပြုပြင်ပြောင်းလဲမှု တစ်ခုလို့ဆိုရ မှာဖြစ်ပါတယ်။ ဆံပင်ကို အရောင်ဆိုး လိုက်ခြင်း က ကိုယ့်ရဲ့ ရုပ်သွင်ကို နဂို မူလပုံစံကနေ ပြောင်းလဲ သွားစေပါတယ်။ ဒါပေမဲ့ လှပကောင်းမွန်တဲ့ ပြောင်းလဲမှုဖြစ်ဖို့ အတွက်တော့ ရွေးချယ်မှု မှန်ကန်ဖို့ လိုအပ်ပါတယ်။  Hair Color ကိုရွေး ချယ် တဲ့နေရာမှာ ကိုယ့်ရဲ့အသားအရေ အရောင် နဲ့ ကိုက်ညီတဲ့ အရောင်ကို ရွေးချယ်ဖို့ လိုအပ်ပါ တယ်။ ဒါကြောင့် နားလည် တတ်ကျွမ်းတဲ့ Hair Stylist နဲ့တိုင်ပင်ပြီး မိမိ အသားအရောင်နဲ့ ကိုက် ညီမှုရှိတဲ့ Hair Color မျိုးကို ရွေးချယ်ပါလို့ အကြံပြုပါရစေ။

ဆံပင်ညှပ်တဲ့ အခါမှာလည်း တုံးတိပုံစံမျိုး ထက် ဆံပင်ကို Layer အလွှာလေးတွေ ပုံစံညှပ် ခြင်းက သင့်ရုပ်သွင်ကို များစွာနုပျိုစေပါတယ်။

သင့်ရဲ့ ဆံပင်ကို ၂၈ ရက်လျှင် တစ်ကြိမ်ခန့် ပေါင်းတင်ခြင်း ကဲ့သို့ ထိန်းသိမ်း ပြုပြင်မှုမျိုး ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှသာ ဆံသား အရောင် ဆိုးခြင်း၊ ကောက်ခြင်း ၊ ဖြောင့်ခြင်း တဲ့သို့ပြုပြင်မှု များပြုလုပ်ထားတဲ့ ဆံသားများ အတွက် ဆံသား ပျက်စီးမှုကို လျော့ပါးသက်သာစေမှာ ဖြစ်ပါ တယ်။

ဆံကေသာ တောက်ပြောင် စေဖို့ အတွက် ကတော့ ဆံသား တောက်ပြောင်စေတဲ့ လိမ်းဆေး အဆီ အနည်းငယ် ကို၊ ရေ အနည်းငယ်နှင့် ရောစပ်ပြီး ဆံသားမှာ လိမ်းကျံပေးပါ။ သင့်ဆံသား တောက်ပြောင်ဖို့ အတွက် ကူညီပေးပါလိမ့်မယ်။

‘ဆံသားကျန်းမာဖို့ အတွက် လိုအပ်တဲ့ အာဟာရဓာတ်များ’

ဆံသား အတွက် ထိန်းသိမ်း စောင့်ရှောက်ရမယ့် လိုအပ်တဲ့  Hair Care Tip လေးတွေကို ပြောပြပြီးတဲ့ အခါမှာတော့ ဆံသား ကျန်းမာလှပ ဖို့ အတွက် လိုအပ်တဲ့ စားသောက်မှု ပုံစံလေးတွေ ကိုလည်း ပြောပြချင်ပါတယ်။ ဆံသား ကျန်းမာမှု ဟာ သင့်ရဲ့ စားသောက်မှု ပုံစံနဲ့ ဆက်စပ်နေလိမ့် မယ်လို့ သင် ထင်မှတ်မိမှာ မဟုတ်ပါဘူး။ သို့သော် လည်း သင့်ရဲ့စားသောင်မှု ပုံစံက သင့်ခန္ဓာကိုယ် ကျန်းမာမှု အတွက် သာမကဘဲ၊ သင့်ဆံသားရဲ့ ကျန်းမာရေးကိုပါ အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့် သင့်ဆံသားတွေ သန်စွမ်းကျန်း မာဖို့ အတွက် သေချာ မှန်ကန်မှုရှိတဲ့ အစားအစာ တွေကို စားသုံးပေး ရမှာဖြစ်ပါတယ်။ ကိုယ်နေ့စဉ် စားသောက်တဲ့ အစားအစာတွေ ထဲမှာ အခု ဖော် ပြပေးမယ့် လိုအပ်တဲ့ အာဟာရ ဓာတ်တွေကို ထည့်သွင်း စားသောက်ပေးသွားမယ် ဆိုရင်တော့ ရက်သတ္တပတ် အနည်းငယ် အတွင်း သင့်ဆံသား တွေ ရဲ့ ပြောင်းလဲလာမှုကို တွေ့မြင်ရမှာဖြစ်ပါ တယ်။ ကဲ ဘယ်လို အစားအသောက်အာဟာရ ဓာတ်တွေဖြစ်မလဲ ဆိုတာ ကြည့်ရအောင်နော်။

Water
ရေ ဟာ ခန္ဓာကိုယ်အတွက် သာမက ဆံကေ သာအတွက် လည်း လိုအပ်တဲ့ အရာတစ်ခု ဖြစ် တယ် ဆိုတာကိုတော့ သင်ထင်မှတ် ထားမှာ မဟုတ်ပါဘူး။ ရေဟာ သင့် ဆံနွယ်တွေ ချောမွေ့ ပျော့ပျောင်းစေဖို့ အတွက် ပြုလုပ်ပေးတာ ဖြစ်တာကြောင့် ရေဓာတ် လုံလောက်စေဖို့ လိုအပ် ပါတယ်။ ဒါကြောင့် ရေကို ရေငတ် လာချိန် အထိ မနေ ဘဲ သတိပြုပြီး သောက်သုံး ပေးသင့်ပါတယ်။ ရေငတ်၊ ရေဆာ လာတယ် ဆိုတာဟာ ခန္ဓာကိုယ် ထဲမှာ ရေဓာတ် ဆုံးရှုံး လာတာကို ပြသတဲ့ လက္ခဏာ ပဲဖြစ်ပါ တယ်။ ဒါကြောင့် ရေဓာတ် ဆုံးရှုံး လာချိန်မှာ မှ ရေကို သောက်သုံးခြင်း ထက် ပုံမှန် သတိပြု၍ သောက်သုံး ပေးသင့်ပါတယ်။ ရေဟာ သင့်ဆံနွယ်တွေ ပိုးသားလေး လို ပြောင် လက် တောက်ပစေဖို့ အတွက် ထိန်းသိမ်းမှု ပြုလုပ်ပေးပါ တယ်။

Protein

ကျန်းမာတဲ့ ဆံကေသာ ဖြစ်ဖို့အတွက် စားသောက်မှု တိုင်းမှာ Protein ဓာတ် ကြွယ်ဝစွာ ပေါင်းစပ် ပါဝင်ထားတဲ့ အစားအစာတွေကို စားသုံးပေးဖို့ လိုအပ် ပါတယ်။ Protein ဓာတ်ဟာ သင့်အတွက် ဆံနွယ်တွေကို အားအင် ဖြစ်စေပြီး ဆံနွယ်တွေ ကျိုးကြေပြတ်တောက်မှု မဖြစ်အောင် လည်း တားဆီး ကာကွယ်ပေး ပါတယ်။ Protein ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေ ကတော့ ငါး၊ အသား၊ နို့၊ ချိစ်နဲ့ ဂျုံ၊ မုယောစပါး တို့နဲ့ ပြုလုပ်ထားတဲ့ အစားအစာများပဲ ဖြစ်ပါတယ်။

Minerals

Minerals  ကတော့ အများသိတဲ့ သတ္ထု ဓာတ်ပဲဖြစ်ပါတယ်။ သတ္တုဓာတ်ဟာ ဆံကေသာ ကျန်းမာဖို့ အတွက် အလွန် အရေးကြီးတဲ့ တစ်မျိုး ဖြစ်ပြီး သံဓာတ်ဟာ သတ္တု ဓာတ်တစ်မျိုး ဖြစ်တဲ့ သံဓာတ် ဟာလည်း အရေးကြီး ဓာတ်တစ်မျိုး ဖြစ်ပြီး သံဓာတ်ဟာ အောက်ဆီဂျင် ကို ဆံနွယ်တွေဆီ သို့ရောက်အောင် ပို့ဆောင်ပေးပါတယ်။ သံဓာတ် အားနည်းရင် ဆံပင်၏ အခြေရှိ ဆံပင်အိတ် တွင်းသို့ အောက်ဆီဂျင် ဓာတ် ရောက်ရှိမှု လိုအပ် လျော့နည်း နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့် ရဲ့ စားသောက် တဲ့ အစားအစာတွေ ထဲမှာ အနီရောင် ရှိသော အသား နှင့် အစိမ်းရင့်ရောင် ရှိတဲ့ အသီးအရွက် များကို ပါဝင်အောင် စားသုံးပေး ရမှာ ဖြစ်ပါတယ်။ နောက်တစ်မျိုး ကတော့ ဇင့် ဓာတ်ပဲ ဖြစ်ပါတယ်။ ဇင့်ဓာတ်ဟာ ဆံပင်တွေ ပျက်စီး ဆုံးရှုံးမှုကို တားဆီး ကာကွယ်ပေးပြီး အသားနဲ့ ပင်လယ်စာတွေ ဟာ ဇင့်ဓာတ် မြင့်မားစွာ ပါဝင်တဲ့ အစား အစာ များ ပဲဖြစ်ပါတယ်။ ဆံသားရဲ့ ပင်ကိုအရောင်ကို ပိုမို ကောင်းမွန်စေဖို့ အတွက် ကော့ပါး (ကြေးနီဓာတ်) က ပံ့ပိုးပေးပါတယ်။ ကော့ပါး (ကြေးနီဓာတ်) ပါဝင်တဲ့ အစား အစာတွေ ကတော့ လတ် ဆတ်တဲ့ အသီးအနှံတွေရယ်၊ အခွံမာသီး၊ အစေ့ အဆန် နဲ့ အသည်းစတဲ့ အစားအစာတွေမှာ မြင့်မားစွာ ပါဝင်ပါတယ်။

Vitamins

ဗီတာမင် ပါတဲ့ အစားအစာ တွေက သင့်ရဲ့ ဆံပင်တွေကို သန်စွမ်း ကြံ့ခိုင်စေဖို့  အမှန်တကယ် အကူအညီ ပေးနိုင်ပါတယ်။ ဗီတာမင် A က ဦးရေပြားကို ကျန်းမာစေရုံ သာမက အသားအရေ ကိုလည်း စိုပြည် ကောင်းမွန်စေပါတယ်။ ဗီတာမင် A ကို အသီးအရွက် ထဲမှာ ဆိုရင်တော့ မုန်လာ ဥနီက ပြည့်ဝစွာ ပိုင်ဆိုင်ထားပါတယ်။ ဗီတာမင် B နဲ့ C ကတော့ ဆံသားတွေ သန်စွမ်းရှင်သန်ဖို့ နဲ့ ဆံသား အရောင်ကောင်းမွန်စေဖို့ အတွက် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင် ပါဝင်တဲ့ အစား အစာများက သင့်ဆံနွယ်တွေကို ကျန်းမာ သန်စွမ်းစေဖို့ သေချာစေမှာ ဖြစ်တဲ့အပြင် ဆံပင်နှစ်ခွ ဖြစ်ခြင်းမျိုး ကိုလည်း ရပ်တန့်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဗီတာမင် ဓာတ် ပါဝင်တဲ့ အစားအစာတွေ ကတော့ အသီးအနှံ၊ အသီး အရွက်၊ ဂျုံ၊ ဥ၊ နို့နှင့် ပေါင်မုန့်တို့ပဲ ဖြစ်ပါ တယ်။

Exercise

ကျန်းမာ သန်စွမ်းတဲ့ ဆံကေသာကို ရရှိ ပိုင်ဆိုင်နိုင်ဖို့ အတွက် လိုအပ်တဲ့ အစားအစာ များ အပြင် နောက်ထပ် အရေးကြီးတာ တစ်ခုက လေ့ကျင့်ခန်း ပြုလုပ်ခြင်း ပဲ ဖြစ်ပါတယ်။ လေ့ကျင့် ခန်း ပြုလုပ်ခြင်းဟာ ခန္ဓာကိုယ် ရဲ့ သွေးလည်ပတ် မှုကို မှန်ကန် ကောင်းမွန်စေတာကြောင့် ဦးရေပြား ကျန်းမာရေး ကို ထောက်ပံ့ ကူညီပေး ပါတယ်။ ဦးရေပြားဟာ ကျန်းမာတဲ့ အတွက် သင့်ဆံနွယ် တွေလည်း ကျန်းမာ သန်စွမ်းစွာ ကြီးထွား ရှင်သန် လာနိုင်ပါတယ်။

အေမီချို

လှပစိုပြည်ရတီမေ

$
0
0

အသားအရေထိန်းသိမ်းမှုမှာ အရေးပါတဲ့ ဆန်စေ့ လေးများအသားအရေလှတယ်ဆိုတာ ဖြူဖြူ၊ ညိုညို၊ လတ်လတ် ဝင်းလဲ့စိုပြည်နေမှ ရနိုင်တဲ့အလှပါ။ အသားအရေ အလှဖို့ဆိုရင် ဈေးကြီးပေးရတဲ့ နို့ရည်၊ Lotion စတဲ့ Cosmetic  တွေကို ဝယ်သုံး ဖို့ ဝန်မလေးသလို ကရိကထများတဲ့ ကိုယ်တိုင် ပေါင်းတင် တဲ့နည်းတွေ၊ ငွေကုန်တှဲ့စေ သွားတဲ့ နည်းတွေကိုလည်း ရွေးချယ်တတ်ကြတာ မိန်းကလေးတို့ သဘာဝပါပဲ။ ယနေ့ခေတ်မှာ ဓာတုနည်းနဲ့ ဖော် စပ်ထားသည့်တိုင် သဘာဝသစ်သီးဝလံနဲ့ ဆေးဖက်ဝင် သစ်ရွက်တို့၊ အစေ့အနှံတို့ကို အခြေခံထုတ်လုပ် တဲ့အလှကုန်တွေကို လူကြိုက်များလာပါတယ်။ နာမည်ကျော် Brand တွေကထုတ်တဲ့ သဘာဝ အခြေခံအလှ ကုန်တွေက ဈေးသိပ်ကြီးလို့ဆိုရင်တော့ စိတ်မပူပါနဲ့။ အဲဒီအလှကုန်တို့ရဲ့ ကုန်ကြမ်းများက ကျွန်မတို့နဲ့ လက်တစ်ကမ်းမှာ ရှိပါတယ်။

ဒီလမှာတော့ အသားအရေလှပစေတဲ့ဆန်နဲ့ ဘယ်လိုလှအောင် လုပ်ရမယ်ဆိုတာကို ဖော်ပြမှာ ဖြစ်ပါတယ်။ ‘ဆန်’ ဆိုလို့ အံ့သြမသွားပါနဲ့။ နေ့စဉ် ကျွန်မတို့ချက်ပြုတ် စားနေတဲ့ ‘ဆန်’ ဟာ အသားအေရထိန်းသိမ်းဖို့ သိပ်ကိုကောင်းတဲ့အရာ ဖြစ်ပြီး နာမည်ကျော် Brand များက ထုတ်နေတဲ့ Rice Milk ဆိုတဲ့ အလှကုန်များကလည်း ဆန်ကို ပဲ အခြေခံထုတ်ထားတာပါ။ဆန်ဟာ အသားအရေကို ဝင်းလဲ့ချောမွေ့ စေပြီး ဖြူဖို့လည်း အားပေးပါတယ်။ ဆန်အမျိုး အစားတွေက အများကြီးရှိပြီး ဈေးနှုန်းတွေ ကွဲပြားပေမယ့် ပါဝင်တဲ့ဂုဏ်သတ္တိတွေက သိပ် မကွာလှပါဘူး။ ဆန်ဆေးရေမှာ ကြွယ်ဝစွာပါဝင်တဲ့ Ferulic Acidd ဟာဓာတ်တိုးဆန့် ကျင်ဂုဏ်သတ္တိရှိပြီး စိတ်နဲ့ပတ်ဝန်းကျင်ကြောင့် ဖြစ်တတ်တဲ့ အသားအရေပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

နေလောင်ဒဏ်ရာတွေကိုလည်း ရေရှည်မှာ ညိုကွက်မကျန်အောင် ဆန်ဆေးရည်နဲ့ဆေး ခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ ဆန်ဆေးရေဟာ Exfoliant  ကောင်း တစ်မျိုးဖြစ်လို့ အသားအရေလှပစေပါတယ်။ အရှေ့တိုင်းက အလှမယ် အချို့ရဲ့လျှို့ဝှက်အသားအရေထိန်းသိမ်းနည်းကလည်း ဆန်ဆေးရေဖြစ် ပါတယ်။ဒါကြောင့် ဆန်ဆေးရေအပါအဝင် ဆန်နဲ့လှပနိုင်တဲ့နည်းများကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ဆန်ဆေးရေ

ဆန်ဆေးရေဆိုလို့ ထမင်းမချက်ခင် ရေ ၃ ထပ်ဆေးပြီး သွန်ပစ်လိုက်တဲ့အခါ ရလာတဲ့ ဆန် ဆေးရေကို မယူပါနဲ့။ ဆန်ကအသစ်ဖြစ်လေ၊ ပိုးမွှားအမှိုက် ကင်းလေ ကောင်းလေပေါ့။ ဆန်ကို ရေနဲ့အသာအယာ ၃ ထပ် အရင်ဆေးလိုက်ပါ။ ပွတ်မဆေးပါနဲ့။ နောက်ဆုံးမှာ သောက်ရေသန့် ထည့်ပြီး မိနစ် ၃ဝ ကနေ ၁ နာရီ စိမ်ထားလိုက်ပါ။ အချိန်စေ့ရင်တော့ ရလာတဲ့ရေကြည်နဲ့ သန့်စင် အောင် သစ်ထားပြီးသား မျက်နှာကို ထပ်သစ်ပါ။ ခဏအခြောက်ခံလိုက်ပါ။ ပြီးမှ ပဝါနဲ့အသာတို့ သုတ်ပါ။ ဆန်ပမာဏက စတီးဇွန်းတစ်ဇွန်းကနေ ရေနွေးကြမ်းပန်းကန်လုံးငယ်ခန့်ဆို ရပါပြီ။

နောက်တစ်နည်း

၁။ ဆန်တစ်ဇွန်းလောက်ကို ရေဆေးပြီး ပန်းကန် လုံးထဲ ထည့်ထားပါ။ ရေသန့်အနည်းငယ် ထည့်ပါ။
၂။ သန့်စင်တဲ့ Blender ထဲ ထည့်ပါ။
၃။ Blender  နဲ့ ဆန်ကို ချေလိုက်ပါ။ ၂ မိနစ်၊ ၃ မိနစ်ဆို ရပါပြီ။
၎။ ရလာတဲ့ရေကို ပန်းကန်လုံးထဲ သွန်လိုက်ပါ။ အဲဒီရေနဲ့ သန့်စင်တဲ့မျက်နှာကို ထပ်သစ်ပါ။ သဘာဝ Toner  အဖြစ် အသုံးပြုခြင်းပါပဲ။ များသွားလည်း မျက်နှာကို မထိခိုက်နိုင်သလို အကုန်အကျလည်း မများလှပါဘူး။
၅။ နံပါတ် ၄ နည်းအတိုင်းမဟုတ်ဘဲ နောက်ထပ် ၂ မျိုးသုံးလို့ရမယ့်နည်း ရှိပါတယ်။ Blender  ထဲက ဆန်နို့ရည်တွေကို ဘူးတစ်ဘူး/ပုလင်း တစ်လုံးထဲ ထည့်လိုက်ပါ။ Blender မှာ သဲကြမ်းအရွယ်ဆန်အနှစ်လေးများ ကျန်ခဲ့ပါလိမ့်မယ်။ အဲဒါကို မျက်နှာမှာလူးပြီး အသာပွတ်ပေးပါ။ နှိပ်ပေးပါ။ ပြီးရင် ရိုးရိုးရေ နဲ့ မျက်နှာသစ်လိုက်ပါ။ Scrub လုပ်ခြင်းဖြစ်ပါတယ်။

Rice & Facial Scrub  လုပ်ပြီးသွားရင် သင့်မျက်နှာအသားအရေလေးဟာ ချောမွေ့သွားရုံသက်သက်မဟုတ်ဘဲ အဆီ တစ်မျိုးဖြည့်တင်းပေးလိုက်သလို ဖြစ်သွားတာ ကို
ကိုယ်တိုင်ခံစားမိပါလိမ့်မယ်။ ဒါ့အပြင် အေးမြမှုနဲ့ စိတ်လန်းဆန်းမှုတို့ကိုပါပေါ့။ အဲဒီ နောက်တော့ ပုလင်းထဲက ဆန်နို့ရေကို လက်ဝါးထဲ ထည့်ပြီး မျက်နှာသစ်သလို ထပ်သစ်လိုက်ပါ။ သိပ်အများကြီး မလိုပါဘူး။ ရေခြောက်သွားရင်တော့ သင်လိမ်းချင်တဲ့ အလှကုန်၊ မိတ်ကပ်လိမ်းပြီး ခြယ်သပါ။ ပိုနေတဲ့ ဆန်နို့ရည်တွေ ကို ရေခဲေ သတ္တာထဲ ထည့်သိမ်းပြီး နောက်တစ်နေ့မှာ Toner  အဖြစ်ထပ်သုံးပါ။ ဒီလိုဆိုရင် ငွေကုန်သက် သာပြီး အလှဝေဖြာမှာ သေချာတာပေါ့။

ဆန်နှင့် ဖြည့်စွက်ပစ္စည်းများပါတဲ့ ပေါင်းတင်နည်း

လိုအပ်တာတွေက အအေးခံထားတဲ့ ရေနွေး ကြမ်းတစ်ခွက်၊ လတ်ဆတ်တဲ့ ဆန်အစိမ်းမှုန့် ၂ ဇွန်းနဲ့ ပျားရည်ဇွန်းတစ်ဝက်တို့ကို သမအောင် ပန်းကန်လုံးထဲမှာ ရောမွှေပါ။ ပြီးရင် မျက်နှာနဲ့ သင့်လက်များမှာ လူးပါ။ မိနစ် ၂ဝ ကျော်အခြောက် ခံပြီးနောက် မျက်နှာကို လက်ချောင်းလေးများနဲ့ နှိပ်ပေးပါ။ပြီးမှ ရေအေးနဲ့ မျက်နှာသစ်ပါ။ ဒါက သင့်ကို Skin Tone ညီညာချောမွေ့ပြီးဝင်းပစေ မှာ ဖြစ်ပါတယ်။

မာဦး

လှပစိုပြည် ရတီမေ

$
0
0

အလှ အပကို ထိန်းသိမ်းမယ် ဆိုရင် သဘာဝ နည်းလမ်းက ထိရောက်မှုလည်း ရှိ၊ စိတ်လည်း ချရပါတယ်။ ဒါကြောင့် သဘာဝတရား ထဲက အရာတွေဟာ ကျွန်မတို့ အတွက် အလှအပ ကို ပေးနိုင်တဲ့ အရာ တစ်နည်း အားဖြင့် Passports to Your Beauty ကိုပေါ့။ ဒီ Passport တွေက သင့်အနီးမှာ အများကြီး ရှိနိုင်ပါတယ်။ ဘာတွေဖြစ် မလဲ၊ ဘယ် Passport ကိုတော့ ဘယ်လို အလှမျိုးဆီ ကို သွားရာမှာ သုံးမလဲ လေ့လာ ရအောင်နော်။

သဲ၊ သကြား၊ ဆား

အရေပြားပေါ် က ဆဲလ် သေလေးတွေ ကို ပုံမှန် ချွတ်ပေးခြင်းက ချောမွေ့တဲ့ အသားအရေ ကို ပိုင်ဆိုင်စေပါတယ်။ ဘရာဇီးသူလေး တွေဟာ ရွှေအိုရောင် အသားအရေ အလှ ကို ပိုင်ဆိုင်ကြပါတယ်။ သူတို့ ရဲ့ အသားအရေ ဟာ ချောမွေ့ ညီညာ ကြပါတယ်။ သူတို့ သုံးတဲ့ Scrub ကတော့ ထူးဆန်းတဲ့ အရာ မဟုတ်ပါဘူး။ ကမ်းခြေမှာ ရှိတဲ့ သဲမှုန်တွေပါပဲ။ ကမ်းခြေမှာ ရေချိုးရင်းနဲ့ သဲတွေ နဲ့ ခြေလက်တွေကို ပွတ်သတ်လို့ ရသလို သဲဆပ်ပြာ ကိုလည်း သုံးနိုင်ပါတယ်။ ဒါမှ မဟုတ် ဆပ်ပြာတိုက် ရင်း သဲ သန့်သန့် လေးတွေကို ရောပြီး ပွတ်ပေးလို့ ရပါတယ်။ သဲသန့်သန့်ကို မှ အရှာရ ခက်နေတဲ့ နေရာတွေ မှာတော့ သကြား ဒါမှမဟုတ် ဆား တစ်မျိုးမျိုး ကို အစား ထိုးနိုင် ပါသေးတယ်။

လက်ဖက်

လက်ဖက်စိမ်း ရဲ့ အစွမ်းသတ္တိ ဟာ အလှအပ အတွက် သိပ်ကို အကျိုးပြုတဲ့ အတွက် ယနေ့မှာ လက်ဖက်စိမ်း နဲ့ထုတ်တဲ့ အလှကုန်တွေ အမြောက် အမြား ကိုတွေ့ရ မှာပါ။ တရုတ်တွေက ရေနွေး ကြမ်းကို သောက်သုံးခြင်း က နုပျိုစေတယ်လို့ ယုံကြည် ကြပါတယ်။ သြစတြေးလျ က အမျိုးသမီး များကတော့ လက်ဖက်စိမ်း အဆီကို သူတို့ အသား အရေကို ထိန်းသိမ်းဖို့ သုံးစွဲကြ ရတာကို နှစ်ခြိုက် ကြပါတယ်။ တချို့ကတော့ ခေါင်းလျှော်ရည် ထဲ ထည့်သုံးကြပါတယ်။

အုန်းဆီ

အုန်းဆီ ရဲ့ အာနိသင် ဟာ ဆံကေသာ နဲ့ အသားအရေ အတွက် သိပ်ကို ကောင်းမွန် လှပါတယ်။ အိန္ဒိယက မိန်းကလေးတွေ ဟာ နက်မှောင် ထူထဲပြီး သန်စွမ်း တောက်ပြောင်တဲ့ ကေသာ အလှကို ပိုင်ဆိုင်ကြတာ အုန်းဆီကြောင့် ဖြစ်ပါတယ်။ အုန်းဆီသန့်ကို ဒီအတိုင်း လိမ်းလို့ ရသလို ပိုကောင်း တဲ့ နောက် တစ်နည်း ကတော့ ရေအနည်း ငယ်ထဲမှာ အုန်းဆီထည့် အပူပေးပြီးတော့ အဲဒီ ဆီကို ဆံနွယ် အရင်းကနေ အဖျားထိ လိမ်းပေးပါ။ လိမ်းပြီးရင် ဦးရေပြား ကိုနှိပ်နယ်ပေးပါ။ တစ်ညတာ ထားပြီး ခေါင်းလျှော် ။ရေဆေးပစ်ပါ။ တစ်ပတ် တစ်ခါ ပုံမှန်လုပ်ရင် ပါးနေတဲ့ ဆံပင်တွေ သန်လာပါလိမ့်မယ်။

နေပူတွေထဲ သွားရမယ် ဆိုရင်တော့ နေလောင်ခံတဲ့ Lotion တွေလူးပြီး ကာကွယ်ရမှာပါ။ ဒါပေမဲ့ မိမိ အသားအရေက အလှကုန် အများစုနဲ့ မတည့်တတ်ဘူး ဆို ရင်ကော။ လွယ်ပါတယ်။ ရှားစောင်း လက်ပပ် အရွက် တစ်ခုကိုယူပြီး အခွံခွာ ရေဆေးပြီး ခပ်ပါးပါး လှီးလိုက်ပါ။ ပြီးရင် Blender ထဲကိုထည့်၊ အုန်းဆီ ၂ ဇွန်း၊ ၃ ဇွန်း ထည့်ပြီး မွှေပါ။ ပြီးရင် ပုလင်း တစ်လုံးထဲ ထည့်ပြီး ပိတ်ထားပါ။ နေပူ ဒဏ်ကြောင့် အသားအရေ မခြောက် သွားအောင် အစိုဓာတ်ကို သဘာဝ အတိုင်း ဖြည့် ဆည်းပေး မယ့် ခရင်မ် ဖြစ်သွားပါ ပြီ။

သံပရာသီး

သံပရာဟာ ယနေ့သဘာဝကို အခြေခံတဲ့ အလှကုန် အတော်များများမှာ ပါဝင်ပါတယ်။ မိမိ ကိုယ်တိုင် လည်း သံပရာသီး နဲ့ ကိုယ့် အလှအတွက် အသုံးပြုနိုင် တာတွေ ရှိပါတယ်။ အဲဒီထဲက တချို့ကတော့

တံတောင်နဲ့ဒူးတွေမည်းနေရင် -  ရေမချိုးခင် နာရီဝက်အလိုမှာ ကလေးတွေ လိမ်းတဲ့ အဆီ Baby Oil တစ်ခုခုကို တစ်ဇွန်းစာ ယူပြီး သံပရာ ရည် တစ်ဇွန်း နဲ့ ရောပါ။ တံတောင်ဆစ် များကို ပွတ်ပါ။ ခေတ္တ ထားလိုက်ပါ။ ရေချိုးတဲ့ အခါ အဲဒီ တံတောင် နဲ့ ဒူးများကို ကြေးတွန်း ကျောက်ခဲလေး နဲ့ အသာ ပွတ်ပေး ပါ။ ရေချိုး ပြီးရင် Lotion လိမ်းပါ။ ချောမွေ့ပြီး ကွက်မည်း တာတွေ ပျောက်သွားပါ လိမ့်မယ်။

အသားအရေ မွဲခြောက် ကြမ်းတမ်းနေရင် - ဒိန်ချဉ် ၃ ဇွန်း နဲ့ သံပရာ တစ်ဇွန်းကို သမအောင် မွှေပြီး ခြေလက် များကို လိမ်းပေးပါ။ မိနစ် ၂ဝ ကြာရင် ရေဆေးပစ် လိုက်ပါ။ ပုံမှန် လုပ်ပေးရင် အသားအရေ စိုပြည် ဝင်းပ လာပါလိမ့်မယ်။

ဆား ဝက်ခြံတွေ ထွက်နေရင် – ထိပ်ဖူး မည်း မည်းလေး တွေ နဲ့ ဆား ဝက်ခြံတွေက သိပ် ရုပ်ဆိုး စေပါတယ်။ မျက်နှာကို သစ်၊ ရေခြောက်အောင် သုတ်ပြီး အဝတ် သန့်သန့် တစ်ခု နဲ့ နှာခေါင်း တစ်ဝိုက်က ဆားဝက်ခြံ အရင့်တွေ ကို ညှစ်ထုတ်ပါ။ ပြီးရင် သံပရာခြမ်း တစ်ခြမ်းကို ယူပြီး ပျားရည် အနည်းငယ် အစက်ချ လိုက်ပါ။ အဲဒါ နဲ့ နှာခေါင်း နဲ့ ဆားဝက်ခြံ ရှိတဲ့ နေရာတွေကို ပွတ်ပေးပါ။ တစ်ပတ် ဆက်တိုက် ပြုလုပ်ပေးပါ။ ဒုတိယ ရက်က စပြီး ဆားဝက်ခြံတွေ ညှစ်ထုတ်တာ မလုပ်ဘဲ သံပရာသီး နဲ့ ပျားရည် ကို သာ ပွတ်ပေးရုံ ဖြစ်ပါ တယ်။ တဖြည်းဖြည်း နဲ့ သိသာ ပျောက်ကင်းသွား တာ တွေ့ရမှာပါ။

ကြက်ဥ

ကြက်ဥ ကို သုံးနိုင်တဲ့ နည်းတွေက အများကြီးပါ။ ဒီတစ်ခါတော့ ဗောက် အတွက် သုံးကြည့် ရအောင်ပါ။ ဆံပင်မှာ ဗောက်တွေ သိပ်များပြီး ဗောက်ပျောက် ခေါင်းလျှော် ရည် နဲ့ လည်း မထူးဘူး ဆိုရင်တော့ အချိန်ရတဲ့ တစ်ရက်မှာ ကြက်ဥ တစ်လုံးကို ခွဲ အနှစ်ကို ယူပြီး သံလွင်ဆီနဲ့ ထည့်ကာ သမအောင် မွှေပါ။ ပြီးရင် ခေါင်းကို မိမိ နှစ်သက်ရာ ခေါင်းလျှော်ရည် နဲ့ သန့်အောင် လျှော်ပစ်ပါ။ ရေမခြောက်ခင်မှာ ကြက်ဥ နဲ့ သံလွင်ဆီ ကို ဆံပင် အရင်း ကနေ အဖျားထိ လူးပါ။ ၁၅ မိနစ်နေ ရင် ခေါင်းပြန်လျှော်လိုက်ပါ။

မာဦး

လှပစိုပြည် ရတီမေ

$
0
0

မျက်နှာလေး လှဖို့ကတော့ ငယ်ငယ် ကတည်း က ပြင်ဆင်ခဲ့ ကြတာ မိန်းကလေး တိုင်းပေါ့။ ဒါပေမဲ့ သိပ်လှချင်စိတ် မပေါ်ခင် အထူးသဖြင့် ငယ်ရွယ်စဉ် က နမော် နမဲ့နေခဲ့ မိတဲ့ တံတောင်ဆစ် တို့၊ ဒူးတို့က ကိုယ့်ရဲ့ ခြေ၊ လက်မှာရှိတဲ့ အသား အရောင် နဲ့ သိပ်ကို ကွာဟလောက်အောင် မည်း နေမယ်၊ ကြမ်းတမ်းနေတယ် ဆိုတာကို စတိုင် ထုတ်ပြီး လှချင်တဲ့အခါ သတိထား လာမိတတ်ကြပါတယ်။ အဲဒီအခါ လှချင်ပေမယ့် အဝတ်အစား ရွေးရပြီပေါ့။ နောက်ပြီး လက်ဖဝါး ခြေဖဝါးလေး တွေက သူများ တကာ နဲ့မတူဘဲ ကြမ်းတမ်းတယ် ထင်နေရင်၊ ခန္ဓာကိုယ် အသားအရေ ကလည်း မနူးညံ့ဘူး ထင်ရင် ကိုယ့် အလှကို ယုံကြည်မှုက နည်းနေတတ်တယ်။ ဒီလို မဖြစ်အောင် ဘယ် အချက်တွေကို ရှောင်ရမယ်၊ ဘယ်လို ချောမွေ့လာ အောင်၊ အသားအရောင် ညီအောင် လုပ်ရမလဲ ဆိုတာ ဖော်ပြ ပေးလိုက်ပါတယ်။

တံတောင်နဲ့ဒူး မမည်းရလေအောင်

ရေချိုးတိုင်း ကျောက်ခဲ အကြမ်းလေးနဲ့ တံတောင်ကို ကွေးပြီး တံတောင်ဆစ် နေရာကို ဘယ်တစ်ခါ ညာတစ်လှည့် တိုက်ပေးပါ။ ဒူးကို လည်းအလားတူပါပဲ။ ပင်ကိုက အသား အရေ နူးညံ့လွန်းတဲ့ သူတွေ အတွက်တော့ အဝတ်စိုတို့၊ သပွတ်အူတို့၊ ကြေးတွန်းပိုက် တို့လောက်နဲ့ဆို ရပါ ပြီ။

ဒူးထောက် မသွားပါနဲ့။ ငယ်ရွယ်စဉ်မှာ ဒူးထောက် သွားရတာကို ကလေးတိုင်း ကြိုက်တတ် ကြပါတယ်။ ဒါက ကြီးလာရင်တော့ သဘောမတွေ့ စရာ ဒူးညို မည်းတဲ့ ရလဒ် ကိုပေးပါတယ်။

တံတောင် ထောက်ပြီး မေးတင် စဉ်းစားတာ၊ စတိုင် ထုတ်တာတွေ လုပ်ရင် သိပ်ကြာကြာ မထောက်ဖို့ သတိထားပါ။ အထူးသဖြင့် ကြမ်းပြင်လို မာကြောတဲ့ မျက်နှာပြင်ပေါ် တံတောင်ထောက် တာမျိုးပါ။ ခဏခဏ နဲ့ ခပ်ကြာကြာ အဲဒီလိုလုပ် ရင် မေးရိုး အတွက်လည်း မကောင်းသလို တံတောင် အတွက်လည်း မကောင်း ပါဘူး။

ပြေးလွှား ကစားတဲ့ အခါ၊ ဒါမှမဟုတ် အားကစား လုပ်တဲ့အခါ၊ စကိတ်စီး စက်ဘီးစီးတို့ သင်တဲ့အခါ ဦးခေါင်းပိုင်း ကာကွယ်မှု အပြင် ဒူးတွေ တံတောင်တွေ ပွန်းပဲ့တတ် တာကြောင့် အဲဒီလို ပွန်းပဲ့မှုတွေ သက်သာစေမယ့် ဝတ်စားဆင် ယင်မှုမျိုးကို ရွေးချယ်ပါ။ ဒဏ်ရာရခဲ့ရင် ဆေးကုသမှု ခံယူပြီး အနာ ကျက်စမှာလည်း ဂရု စိုက်ပေးပါ။

တံတောင်နေရာ ချောမွေ့ဝင်းပလာစေနည်း

တံတောင် နဲ့ ဒူး ချောမွေ့အောင် ဆိုရင် ခပ်လွယ်လွယ် ကိုယ်တိုင် လုပ်နိုင်မယ့် နည်းတွေ ထဲက တစ်ခုကတော့ သံပရာသီး ကို အခြေခံ ထားပါတယ်။  သံပရာသီးကို ယူ၊ အရည် ပိုထွက်အောင် အသီးကို တစောင်းလေးတွေ လှီး။ ရလာတဲ့ သံပရာခြမ်းလေးတွေ နဲ့ တံတောင် နဲ့ ဒူးတွေကို စိတ်ရှည် လက်ရှည် ပွတ်ပါ။ မိနစ် ၂ဝ စောင့်ပါ။ အဲဒီ မိနစ် ၂ဝ အတွင်း ရေနွေးအိုးတည်ပါ။ ပဝါဟောင်း တစ်ထည် နဲ့ဇလုံ တစ်ခုယူပါ။ မိနစ် ၂ဝ ပြည့်တဲ့ အခါ ဇလုံထဲ ရေနွေး ထည့်ပြီး ပဝါကိုပါ ထည့်လိုက်ပါ။ လက် မပူအောင် ဂရုစိုက်ပြီး ပဝါက ရေနွေး ကို ညှစ်ပါ။ ပြီးရင် တံတောင် နေရာကို ရေနွေးငွေ့ ပဝါ နဲ့ အုပ်ပြီး ပွတ်ပေးပါ။ ပြီးရင် ရေနွေး ဇလုံမှာ ပြန်စိမ်ပြီး ကျန်တံတောင် တစ် ဖက် ကိုလုပ်ပါ။ အလားတူ ဒူး ၂ ဖက်ကိုလည်း တစ်လှည့်စီ လုပ်ပေးပါ။ လိုအပ်ရင် ရေနွေးကို လဲပြီးလုပ်ပါ။

အဲဒီလို လုပ်ပေးတဲ့ နေ့မှာပဲ ဒုတိယ အဆင့် အနေ နဲ့ တံတောင်နဲ့ ဒူးများ ကိုခြောက်သွေ့တဲ့ အနေအထားမှာ သံပရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း နဲ့ အုန်းဆီ တို့ ရောမွှေ ထားတဲ့ အရည်ကို လူးပေးပါဦး။ ပြီးရင် ပထမ အဆင့်တုန်းကလို ရေနွေးငွေ့ ပဝါ နဲ့ တစ်နေရာချင်း လိုက်ပွတ်ပေးပါ။ ဒီလို ၂ ဆင့် စလုံး လုပ်ရင် ပို ထိရောက် ပါတယ်။ နေ့စဉ် ဆက်တိုက်လုပ်သွားရင် ၂ ပတ် အတွင်း နူးညံ့ချောမွေ့လာတဲ့ သင့်ရဲ့ တံတောင် နဲ့ဒူးကို သင် ကိုယ်တိုင် တွေ့မြင်နိုင်ပါပြီ။

လက်ဖဝါးလေးနူးညံ့စေဖို့

လက်ဖဝါးလေးတွေ ကြမ်းတမ်းနေလို့ ဘယ်လို လုပ်ရပါ့မလဲလို့ ခေါင်းကိုက် နေရင်တော့ ချက်ချင်း ပြုံးလိုက်ပါတော့။ သင့် အိမ်မီးဖိုချောင် ဒါမှမဟုတ် မှန်တင်ခုံပေါ်မှာ ရှိနိုင်တဲ့ သံလွင်ဆီ၊ အုန်းဆီ ဒါမှမဟုတ်  နှမ်းဆီ ဒါမှမဟုတ် ရရာအလှဆီ။ စားသုံးဆီ တစ်မျိုးမျိုး ကို တစ်ဇွန်း ယူပါ။ ခွက် တစ်ခွက်ထဲ ကိုထည့်ပါ။ အဲဒီထဲ ကို သကြား ၁ ဇွန်း ထပ်ထည့်ပါ။ ပြီးရင် လက်ဖဝါး ၂ ဖက်ကို လူးပြီး ပွတ်ပေးပါ။ ပြီးရင် ဘယ်ကညာ ၊ ညာ က ဘယ်ဘက်ကို အသာအယာ နှိပ်နယ်ပေးပါ။ ၁၅ မိနစ်ခန့် ကြာရင် ရေဆေးပစ်ပါ။ အတန် အသင့်ချောမွေ့ သွားပါလိမ့်မယ်။ ပြီးရင် Lotion တစ်ခု လိမ်းထားလိုက်ပါ။ ပုံမှန် လုပ်ပေးရင် သင့်လက် ဖဝါးလေးတွေ ရဲ့ နူးညံ့မှု ကို သင် ကိုယ်တိုင် ခံစား တွေ့မြင်ရပါ။

ခြေနဲ့လက်တွေ အထိအတွေ့ကြမ်းနေရင်

သင့်ခြေတံ နဲ့လက်တံတွေဟာ ပုံမှန်ကြေး ချွတ်ပွတ် တိုက်နေပေမဲ့ ထိတွေ့ရတာ ကြမ်းနေ တယ် ဆိုရင်တော့ ပြောင်းဖူးမှုန့်ကို စူပါမားကက်မှာ ဝယ်ပါ။ ပြီးရင် သင့်လက် တို့ ခြေတို့နှစ် လိုက်ရင် ခံနိုင်လောက်တဲ့ အပူချိန်ရှိတဲ့ ရေနွေးကို လက် ဒါမှမဟုတ် ခြေထောက်စိမ် လို့ အဆင်ပြေမယ့် ပုံး၊ ဇလုံ ထဲကိုထည့်ပါ။ အဲဒီရေနွေး ထဲ ကို ပြောင်း ဖူးမှုန့်တွေ သင့်ရုံ သွန်ထည့်ပါ။ အဲဒါကို သမ အောင် မွှေပြီးရင်တော့ ကြမ်းတမ်းတဲ့ လက် ဒါမှမဟုတ် ခြေထောက်တွေကို အဲဒီ အရည်ထဲ စိမ်လိုက်ပါ။ အိပ်ရာ မဝင်ခင် ပြုလုပ်ရမှာ ဖြစ်ပြီး ခြေ၊ လက်တွေ စိမ်ဖို့ ကြာသင့်တဲ့ အချိန်ကတော့ ၁ဝ မိနစ် ကနေ ၁၅ မိနစ် ဖြစ်ပါတယ်။ ပိုပြီး ထိရောက် အောင် အသားအရေ စိုပြည် လှပအောင် ကတော့ ရေချိုး ပြီးတိုင်း ဒါမှမဟုတ် ညအိပ်ရာ မဝင်ခင် အသားအရေ ကိုပြန်အားဖြည့်ပေမယ့် Body Lotion တစ်ခုခုလိမ်းပေးသင့်ပါတယ်။

မာဦး

သူပြောတဲ့ သူ့အကြောင်း

$
0
0

ဘဝမှာ အပျော်ရွှင်ဆုံးအချိန်

မိုင်လေးက အခု ဘဝတစ် လျှောက်လုံးကို ပျော်ရွှင်စွာနဲ့ ဖြတ် သန်းခဲ့ရတာပါ။ မိုင်လေး ကံကောင်း တယ်လို့ ပြောရမှာပေါ့နော်။ ဒီမိဘ တွေနဲ့ နေနေရတဲ့အတွက် မိုင်လေး က အမြဲပျော်ရွှင်နေပါတယ်။

မိုင်လေးရဲ့ မိဘအပေါ်ထားတဲ့ သဘောထား

မိဘကို စိတ်ဆင်းရဲအောင် လုပ်ရင် အဲဒီစိတ်ဆင်းရဲမှုရဲ့ အကုသိုလ်အကျိုးကို ခံစားရမယ်။ မိဘစိတ်ချမ်းသာအောင် ထားတဲ့လူ ဆိုရင် မိဘကို စိတ်ချမ်းသာအောင် ထားတဲ့ ကုသိုလ်ကောင်းမှုအကျိုးကို ခံစားရလိမ့်မယ်လို့ ယုံကြည်ထား တယ်။ အဲဒါကြောင့်လည်း မိဘနဲ့ အဆင်ပြေအောင် နေတယ်။ မိဘ စကားကို နားထောင်တယ်။

သည်းမခံပေးနိုင်တဲ့လုပ်ရပ်

ကိုယ်ကတော့ အတတ်နိုင်ဆုံး သည်းခံပေးပါတယ်။ ကိုယ့်ကို မခံမရပ်နိုင်အောင်၊ မခံချင်အောင် ပြောလာမှသာ သည်းမခံနိုင်တာတွေ ရှိတယ်။ တစ်ခါတလေမှာတော့ ကိုယ်မသိချင်ယောင်ဆောင်လိုက် ရတာတွေလည်း ရှိတယ်။ ကိုယ်က ချည်းပဲ ဒေါသရှိနေလို့၊ စိတ်ရှိနေလို့ မရဘူးလေ။ သည်းမခံပေးနိုင်တဲ့ အခြေအနေဖြစ် လာရင်ေ တာင် အဲဒီ ဒေါသစိတ်တွေက စိတ်ထဲမှာပဲ ဖြစ် လိုက်ရတယ်။ အပြင်ကို မရောက် လိုက်ဘူးပေါ့နော်။

ပရိသတ်နဲ့ တစ်သားတည်းဖြစ်သွားခဲ့တဲ့ အောင်မြင်မှု

ကိုအောင်လရေးပေးထားတဲ့ ‘အလွမ်းသင့်ပန်းချီ’ သီချင်းလေးပါ။ အဲဒီသီချင်းကို ပရိသတ်တွေတော် တော် ကြိုက်ကြတယ်။ အခုပုံရိပ်လေး များအခွေမှာပါတဲ့ မေမေ့ရဲ့ ‘မလွမ်း ပို’ သီချင်း၊ ကိုယုန်လေးရေးပေးထားတဲ့ good night သီချင်းလေးတွေကိုလည်း ပရိသတ်တွေ ကြိုက်ကြပါတယ်။ နောက်ပြီးတော့ ကိုအောင်လ ရေးပေးထားတဲ့ ‘သံစဉ်မဲ့သီချင်း’ ဆိုတဲ့ သီချင်းအသစ်လေးကို ကျောင်းပွဲမှာစမ်းဆိုကြည့်တာ စင်အောက်က ပရိသတ်တွေက အဲဒီသီချင်းအသစ်လေးကို ရနေကြတယ်။ အဲဒီအတွက် လည်း အရမ်းဝမ်းသာမိပါတယ်။

ရတနာမိုင်ရဲ့ အနုပညာခံယူချက်

အနုပညာဆိုတာ မိုင်လေးဘဝ အတွက် အရမ်းအရေးပါပါတယ်။ အနုပညာကို တတ်နိုင်သမျှ၊ လုပ်နိုင်သမျှ လုပ်နိုင်တဲ့အချိန်အထိ လုပ်သွားမှာပါ။

ရတနာမိုင်ရဲ့ ဂီတအပေါ်ရူးသွပ်မှု

ပထမစလုပ်တုန်းက စိတ်ကူးယဉ်မိတာကတော့ နာမည်ကြီးအဆိုတော်တွေဆိုတဲ့အချိန်မှာ အားပေးနေတာတွေ့ရင် ‘ငါအလှည့်ကျရင်လည်း အဲဒီလိုအားပေးရင်ကောင်း မှာပဲ’ လို့ စိတ်ကူးယဉ်မိတယ်။ အခန်းထဲမှာ တစ်ယောက်တည်း လေ့ကျင့်ခဲ့ရတာတွေ ရှိတယ်။ အဲဒီ လိုရူးသွပ်ခဲ့တာပေါ့နော်။ ‘အသစ်ကြိုက်သူများ’ အခွေထဲမှာ ‘အဝေးထွက်သွားသူ’ သီချင်းလေးကို စဆိုခဲ့တယ်။ ပရိသတ်တချို့တစ်ဝက်ကတော့ သတိထားမိခဲ့ပါတယ်။ အဲဒါကိုတော့ပျော်တယ်။ ကိုယ့်ကြိုးစားမှု ရလဒ်လေးပေါ့နော်။

ကိုယ်ရှာဖွေထားတဲ့ ငွေကြေးတွေကို ဒီလိုနေရာတွေမှာ များများသုံးဖြစ်တယ်

မိုင်လေးပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက် ပိုက်ဆံတစ်ရွက်မှမရှိဘူး (ရယ်လျက်) အကုန်လုံး အမေကိုအပ်တယ်။ မုန့်စားချင်မှ အမေဆီက မုန့်ဖိုးပြန်တောင်းဖြစ် တယ်။ ငွေကြေးအားလုံးကိုတော့ အမေကပဲ စီမံခန့်ခွဲပါတယ်။ စားသင့်တာစား၊ လှူသင့်တာလှူတာပေါ့နော်။

ရတနာမိုင်နဲ့ ပရဟိတအပေါ် အမြင်

ပရဟိတအလုပ်လေးတွေ တော့ လုပ်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဆွေမျိုးသားချင်းတွေထဲက အဆင်မပြေရင်လည်း အကူအညီပေးတယ်။ မွေးနေ့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့စိတ်ထဲမှာ အရမ်းလှူချင်လို့ပဲဖြစ်ဖြစ် မိဘမဲ့ဂေဟာမှာ သွားလှူဖြစ်တယ်။ လမ်းဘေးခွေးလေးတွေကိုလည်း တွေ့ရင်အစာကျွေးတတ်တယ်။ တတ်နိုင်သမျှ လွဴျဖစ္တာေ လးေ တြ တော့ ရှိတာပေါ့နော်။

ဘဝမှာ အကြည်ညိုဆုံး စံပြပုဂ္ဂိုလ်

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမေ၊ အဖေပါ။

ဂီတနဲ့ပတ်သက်ပြီး ရတနာမိုင်ရဲ့လေ့လာမှုပုံစံ

ဘယ်သူတွေ အခွေအသစ်ထွက်လဲဆိုပြီး အမြဲနားစွင့်နေတယ်။ ပြည်တွင်းကပဲဖြစ်ဖြစ်၊ ပြည်ပက ဖြစ်ဖြစ် အခွေအသစ်ထွက်ရင် ဝယ်နားထောင်တယ်၊ လေ့လာတယ်။

ရတနာမိုင်ကြိုက်နှစ်သက်တဲ့ ဖက်ရှင်

မိုင်လေးက လူကြီးဖြစ်လာပြီ ဆိုတော့ smart ပုံစံလေးတွေ ဝတ်ချင်တယ် (ရယ်လျက်)။ ပရိသတ်တွေကျတော့ မိုင်လေးကို cute  ပုံစံ နဲ့ ပိုကြိုက်ကြတယ်လေ။ အခု ဝတ်နေကြတဲ့ ပုံစံလေးတွေ ဝတ်ချင်တယ်။ ဒါပေမဲ့ မိုင်လေးပုံစံနဲ့ သိပ်မလိုက်ဘူးဖြစ်နေတာပေါ့နော်။ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးတွေကို အရမ်းသဘောကျတယ်။
မိုင်လေးကတော့ ရိုးရိုးရှင်းရှင်းပုံစံ လေးတွေပဲ ဝတ်ဖြစ်နေတယ်။

ရတနာမိုင်ရဲ့ အနုပညာလှုပ်ရှားမှု

‘ပျော်ပြီးရင်းပျော်’ ဆိုတဲ့ ဇာတ်ကားကို ရိုက်ပြီးသွားပြီ။ ဒါရိုက်တာ ဦးသီဟတင်သန်း ရိုက်တာပါ။ ယုန်လေး၊ ဆူဇီ၊ ကြက်ဖ၊ Super Model အဖွဲ့ထဲက ပန်းအိ၊ မဂွမ်းပုံ၊ ကိုခင်လှိုင်တို့ပါပါတယ်။ နောက်ထပ်ကားတွေ ကမ်းလှမ်းလာ ရင်လည်း ရိုက်ဖို့ရှိပါတယ်။ ကမ်း လှမ်းထားတာလေးတွေလည်း ရှိပါ တယ်။ ‘ပုံရိပ်များ’ အခွေကို MTV  စရိုက်ဖို့ ရှိပါတယ်။ မိုင်လေးနဲ့ ခင်တဲ့ အစ်ကို၊ အစ်မတွေနဲ့ ကူညီပြီး ရိုက်ဖို့ပြောထားတာ ရှိပါတယ်။ ဒီနှစ်ကုန်လောက်မှာ ‘ပုံရိပ်များ’ VCD  ကို ဖြန့်နိုင်ဖို့ ရည်ရွယ် ထားပါ တယ်။

ပရိသတ်ကြီးလည်း အားပေးကြပါဦးလို့ ပြောချင်ပါ တယ်။

သီတာစိုး


မေသန်းနု နဲ့ တစ်ခဏတာ

$
0
0

ခုလို တိုးတက်လာတဲ့ ခေတ်ကြီး မှာ Wedding Planner တွေ များပြားလာတာ နဲ့ပတ်သက်ပြီး မဆင့်ရဲ့အမြင် နဲ့ အကြံပေးမှုလေး တွေ သိပါရစေ။

လူ တစ်ယောက် နဲ့ တစ်ယောက် က idea မတူကြတော့ စီစဉ်တဲ့သူ များလေ သမားရိုးကျ မဟုတ်တော့ဘဲ ခေတ် နဲ့ အညီ ဆန်းသစ်မှုတွေ တိုးပွား လာလေ ဖြစ် တာပေါ့နော်။ ဒီလို idea ဆန်းသစ်လာတဲ့ တိုးတက်မှုလေးတွေ ကို မဆင့်က တော့ ကြိုဆို ပါတယ်။

Make Up ဆရာတွေ ပေါများ လာတာနဲ့အမျှ ကမ္ဘာပေါ်မှာ အလှအပတွေ တိုးတက် လာတယ်လို့ သတ်မှတ်လို့ရလား။

ဟို အရင်ခေတ်က ဆိုရင် အနုပညာလောက မှာရော၊ မင်္ဂလာ ဆောင်မှာပါ မိတ်ကပ်ဆရာ သိသိ သာသာကြီးကို နည်းတယ်။ မဆင့်တို့ မင်းသမီး ဖြစ်တုန်းက ဆိုရင် လည်း မိတ်ကပ် ဆရာ တော်တော်နည်းတယ်။ လက်ချိုး တွက်လို့ တောင်ရတယ်။ အခု တိုးတက်လာတဲ့ ခေတ်ကြီးမှာ ရွေးချယ်စရာတွေ များလာတယ်။ နယ်ထွက်ရ တဲ့ shooting တွေ မှာ မိတ်ကပ် ဆရာကြီးတွေ မလိုက်နိုင်တဲ့ အခါ သူတို့ရဲ့ တပည့်တွေကို ထည့်ပေး၊ အလုပ်ပေးရတဲ့ အထိ တိုးတက်လာ တဲ့ ဒီခေတ်ကြီးမှာ အနုပညာ ကို စိတ်ဝင်စားတဲ့ အမျိုးသား၊ အမျိုးသမီး တွေကလည်း များလာကြတယ်လေ။ မိတ်ကပ် ပညာတွေ တိုးတက်လာတဲ့ အတွက် မဆင့်ကတော့ ဝမ်းသာပါ တယ်။

အလှအပ အတွက် ခွဲစိတ်ပြုပြင် တာကို ဘယ်လိုမြင်ပါသလဲ။

ပြောရရင် ဒီလို ခွဲစိတ်ပြုပြင်လို့ ရတဲ့ အတွက် အလှအပနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာမှုတွေ များပြား လာတာကို တွေ့ရမှာပါ။ အရင်က ဆိုရင် အလှ အပ အတွက် ခွဲစိတ်ဖို့ ကို စင်ကာပူ၊ ကိုရီးယား၊ အမေရိကား၊ ဂျပန်ကို သွားပြီး ပြုလုပ်ကြရတယ်။ ခုဆိုရင် အဲဒီကို သွားစရာ မလိုဘဲ စက်ပစ္စည်း ကိရိယာတွေ၊ နည်းပညာတွေနဲ့ ကိုယ့် မြန်မာနိုင်ငံ မှာတင် ခွဲစိတ် ကုသလို့ရတဲ့ ဆေးရုံကြီးတွေ၊ ဆရာဝန်ကြီးတွေ ရှိလာတာဟာ အင်မတန် ကောင်း ပါတယ်။

Photo Studio တွေ ပေါများ လာတာလေးနဲ့ ပတ်သက် ပြီး မဆင့်ရဲ့ အမြင်လေးနဲ့ အကြံပေးမှုလေး သိချင် ပါတယ်။

အရင်တုန်းက ဆိုရင် Design တစ်ခုရဖို့ မလွယ်ဘူး။ ဓာတ်ပုံ ရိုက်ရင် Background အမည်းနဲ့ အလင်း တစ်ခုပေးပြီး လူရုပ်လှအောင်ပဲ ရိုက်ကြရတယ်။ ရှုခင်း Background တွေ ဘာတွေ မရှိဘူး။ ရှုခင်းနောက်ခံ လိုချင်ရင် နယ်ထွက်ရိုက် ရတာမျိုးပဲ ရှိတယ်။ ဒီခေတ်ကြီးမှာ ဓာတ်ပုံ ဆရာတွေ ကိုယ်တိုင်က ကိုယ့် Studio နဲ့ ကိုယ် ရိုက်လာကြတယ်။ စက်ပစ္စည်း ကိရိယာတွေရော၊ နည်းပညာနဲ့ပါ ပေါင်းပြီး Idea ကလည်း ဆန်းသစ် တီထွင်နိုင်လာကြတယ်။ Indoor ရိုက် ပြီး Outdoor ဖြစ် ချင်တယ်ဆို Background လေး ကပ်လိုက်ရုံပဲ ဆိုတော့ ဓာတ်ပုံလည်း ပိုလှတာပေါ့။

ကိုယ်တိုင်လည်း ဒီလို အလှအပနဲ့ ပတ်သက်ပြီး ဆိုင်ဖွင့်ထားတာ ဆိုတော့ အလှအပ နဲ့ ပတ်သက်ပြီး တိုးတက် လာတာ နဲ့ စီးပွားရေးက ဘယ်လို ပတ်သက်ပြီး ဘယ်လို အကျိုးသက် ရောက်မှု ရှိနေတယ်လို့ မဆင့်ရဲ့ ထင်မြင်ချက်လေးကို ပြောပြပေးပါ ဦး။

မဆင့်က ဒီအလုပ်ကို ဝါသနာ အခံလည်း ရှိ အလုပ်အခံကလည်း ရှိတော့ ရှိရင်းစွဲ ပညာလေးနဲ့ ဆိုင်လေး ဖွင့်မယ် ဆိုပြီး မိန်းကလေးတွေ နဲ့ လိုက်ဖက်တဲ့ အလုပ်မျိုး မို့ ရွေးချယ် လုပ်ဖြစ် သွားတာပါ။ ပြီးတော့ အနုပညာနဲ့ ကလည်း ပတ်သက်၊ အိုးမကွာ အိမ်မကွာ လည်း လုပ်ရတယ်။ စီးပွားရေး အတွက် လည်း တစ်ဖက် တစ်လမ်း ဖြစ် တယ်။ ပုံမှန် ဝင်ငွေလေးလည်း ရတယ်။ လောဘလည်း နည်းတယ်။ တည်တည်ငြိမ်ငြိမ်လေး နဲ့ လူမြင်လို့လည်း တင့်တယ်တယ်လေ။ အနီးနား ပတ်ဝန်းကျင် က အပေါင်း အသင်းတွေ၊ ကိုယ့်ရဲ့မိတ်ဆွေ အပေါင်းအသင်း တွေကလည်း အားပေးနေတော့ ကိုယ့် အတွက်လည်း စိတ်ချမ်းသာ ရတာပေါ့နော်။ ဒီလို အလှအပ နဲ့ ပတ် သက်တဲ့ ဆိုင်လေးတွေ များလာတာ ဟာ ကမ္ဘာပေါ်မှာ အလှတရားတွေ များလာတာဟာ အများကြီး ဝမ်းသာ စရာကောင်းပါတယ် လို့ မဆင့်ပြောချင် ပါတယ်။

မိုးသောက်ကြယ်

လှပစိုပြည် ရတီမေ

$
0
0

မိန်းကလေး ဆိုတာက အလှ အပ အတွက် ဆိုတော့ အာဟာရ နဲ့ ကျန်းမာရေး တင်မက ကျွန်မတို့ အနေ နဲ့ အလှပြင် ပစ္စည်းတွေကို လည်း အားကိုး ရပါတယ်။ အဲဒီ အထဲ မှာ မိတ်ကပ် ဟာလည်း တစ်ခု အပါ အဝင်ပေါ့။ ဒီတော့ ယနေ့ လူကြိုက် များတဲ့ မိတ်ကပ် အမျိုး အစား တစ်ခု ဖြစ်တဲ့ BB Cream နဲ့ နောက်ဆက်တွဲ ခရင်မ် များ အကြောင်း ကို လေ့လာရအောင်။ BB Cream ဆိုတာကတော့ ယနေ့ ခေတ်ပျိုမေများ အသည်းစွဲတဲ့ မိတ်ကပ် အမျိုးအစား တစ်ခုပါပဲ။ တကယ်တော့ BB ပြီးတဲ့နောက် ကျွန်မ တို့နဲ့ မရင်းနှီးသေးတဲ့ CC နဲ့ DD Cream တွေလည်း ပေါ်နေပါ ပြီ။

အဲဒါတွေ ကရော BB Cream နဲ့ ဘာကွာလဲ ၊ CC Cream သုံးဖို့ လိုအပ်သလား၊ တခြား Tinted Moisturizer တွေကိုရော ပစ်လိုက် ရတော့မှာ လား။ အောက်ခံ မိတ်ကပ် တွေကိုရော။ ကဲ…ဒါတွေသိချင် ရင် အောက်မှာ ဖော်ပြထားတဲ့ ခရင်မ်လေးတွေ အကြောင်း သေချာ ဖတ်ကြည့်လိုက်နော်။

Tinted Moisturizer

Tinted Moisturizer ဟာ တစ်နည်းအားဖြင့် အစိုဓာတ်ကို ထိန်းပေးနိုင်ပြီး အရောင်ဖျော့ကာ လူးထားမှန်း မသိရဘဲ လှပစေတဲ့ ခရင်မ် တစ်မျိုးပါ။ ဒါပေမဲ့ ဒီ Tinted Moisturizer တွေမှာ အရောင်က တော့ အထိုက် အလျောက်ပါနေဆဲ ပါပဲ။

သုံးဖို့လိုနိုင်လား၊ မလိုဘူးလား

ဒါတွေ သုံးဖို့ လိုလားဆိုရင် လိုလည်း လိုနိုင်ပါတယ်။ မလိုတာ လည်း ဖြစ်နိုင်ပါတယ်။ ဘာက အကောင်းဆုံးလို့ စိတ်ထဲမှာ ဖော်မြူလာ စွဲမထားရင် အကောင်းဆုံး ပါပဲ။ Tinted Moisturizer တွေဟာ သိပ် လိမ်းခြယ်ပြင်ဆင်ဖို့ မလိုတဲ့ အသား အရေခြောက်သွေ့တဲ့ ပိုင်ရှင်တွေ အတွက် တကယ့် နတ်မိတ်ကပ် တစ်မျိုး ဖြစ်နိုင်ပါတယ်။ တစ်ထပ် တည်း မလိမ်းချင်ရင်တော့ Concealer တစ်မျိုးမျိုးကို အရင်လိမ်းပြီးမှ အပေါ်က Tinted Moisturizer တစ်မျိုးလိမ်းပေါ့။

BB Cream ဆိုတာဘာလဲ

အသားအရေ လှပဖို့သုံးနေတဲ့ BB Cream ကို ပထမဆုံး ဂျာမဏီမှာ ထွင်ခဲ့တာပါ။ ထွင်ခဲ့တုန်း ကတော့ လေဆာနဲ့ ကုသပြုပြင်မှု ခံယူထားတဲ့ သူတွေအတွက် အသား အရေ လှပ အောင်နဲ့ အသားအရေ ကို ကာကွယ် ဖို့ပါ။ ဒါပေမဲ့ နောက်ပိုင်း မှာတော့ ၂ဝ၁၁ မှာမှ အဲဒါကိုသုံးတဲ့ အမေရိကန်တွေ ထက်တောင် စော လို့ အာရှရဲ့ အဓိက လူကြိုက်များတဲ့ မိတ်ကပ် တစ်မျိုးဖြစ်လာခဲ့ပါတယ်။

သုံးဖို့လိုနိုင်လား၊ မလိုဘူးလား

BB Cream အများစုက နေရောင်ခြည် ကာကွယ်မှု ပါပြီးသား ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် SPF 30 အထက်ပေါ့။  ဒါကနေရောင်ထဲ သွားမယ့်သူတွေ အတွက် အဆင်ပြေ တာပေါ့။ နောက်ပြီး ဒီခရင်မ်ထဲမှာ အစိုဓာတ်ရယ်၊ အိုမင်းရင့်ရော်မှု ကို တားဆီးပေးနိုင်တာတွေရယ်၊ အသားအရေ ချောမွေ့စွာ ထွက်ပေါ် လာဖို့ အထောက် အကူပေးမယ့် Light reflector တွေရယ် စသဖြင့် ပါဝင်ပါတယ်။ ဒါပေမဲ့လည်း BB Cream က ဘယ်လောက်ပဲ ပါးလျစွာ လူးနိုင်တယ် ဆိုပေမယ့် Tinted Moisturizer လောက်တော့ မပါး ပါဘူး။ အရောင် ကလည်း မတူကြပါ ဘူး။ နောက်ပြီး BB Cream အမျိုးအစားကလည်း များလှတော့ မဝယ်ခင် BB Cream ထုတ်တဲ့ အလှကုန် တံဆိပ်တချို့ကို စမ်းကြည့် နမူနာလေးတွေ သုံးကြည့်၊ မေးကြည့်၊ လေ့လာကြည့်ပြီးမှ ကိုယ်နဲ့ သင့် တော်တာကို ဝယ်သင့်ပါတယ်။

တကယ်လို့ သင်က ဝက်ခြံ ပေါက်လွယ် တတ်သူ ဆိုရင်တော့ ပိုပြီး ဆန်းစစ်ဖို့လိုပါပြီ။ ဘာ့ကြောင့် လဲဆိုတော့ BB Cream အများစု ဟာ ဝက်ခြံပျောက်စေတဲ့ ကုန် ကြမ်း တွေ ပါလေ့မရှိပါဘူး။

BB Cream ကိုခပ်ပါးပါး လူးပြီး အပေါ်က အောက်ခံ မိတ်ကပ် တစ်မျိုး ထပ်လူးချင်တယ် ဆိုရင် လည်းရပါတယ်။ ဒါက အောက်ခံ မိတ်ကပ် လိမ်းထားတာကို လတ် ဆတ် တဲ့ပြင်ဆင်မှု နဲ့ ကြာရှည်ခံ အောင်ပေါ့။ ဒါပေမဲ့ အများစုက BB Cream ကို သူ့ချည်းသက်သက် လိမ်းရတာ ကြိုက်ကြပါတယ်။

CC Cream  ဆိုတာဘာလဲ

CC Cream  ကတော့ အရောင်ကို ထိန်းပေးတဲ့ ဒါမှမဟုတ် အရောင်ကို မှန်စေတဲ့ ခရင်မ်ပါ။ သူကတော့ BB Cream ကို ပိုကောင်းအောင် မွမ်းမံထားတဲ့ ဗားရှင်း အသစ် လို့ ပြောလို့ ရပါ တယ်။

သုံးဖို့လိုနိုင်လား၊ မလိုဘူးလား

တကယ်လို့ သင့်မှာ ဝက်ခြံတွေ ရှိတယ်၊ အမည်းစက်တွေ ရှိတယ်၊ မျက်နှာ အသားအရေခြောက်တယ် ဒါမှမဟုတ် အသားရေ တွန့်တာကို ကာကွယ်ချင်တယ် ဆို ရင်တော့ သင်ဟာ CC Cream ကို သုံးကြည့် ဖို့ လိုပါတယ်။ CC Creamဟာ BB Cream ထက်ကို ပိုမို လင်းလက် ဝင်းပစေနိုင်ပါတယ်။

DD Cream  ဆိုတာဘာလဲ

ဒီနှစ်မှာ ဈေးကွက်ကို အသစ် ဝင်လာတာက DD Cream ပါ။ Julep ဆိုတဲ့ အမေရိကန်က အလှ ကုန်တစ်ခု ကနေ ”Dynamic Do-All” (ဒါမှမဟုတ် DD) Cream ကို ဒီနှစ် မှာ စတင် မိတ်ဆက်လိုက်တာ ပါ။ ဒါကတော့ ပျံ့နှံ့လာမှ သုံးကြည့် သူတွေရဲ့ အတွေ့အကြုံ အရ သုံးသပ်မှု ကိုရနိုင်မှာပါ။

သုံးဖို့လိုနိုင်လား၊ မလိုဘူးလား

အခုက ဈေးကွက်မှာ DD Cream ထုတ်တဲ့ Brand တွေရယ် လို့ ပြိုင်ဘက်များများ မရှိသေးတော့ ဘယ်တံဆိပ် ကကောင်းလဲ ပြောဖို့ ခက်လှပါတယ်။ Julep တံဆိပ်က တော့ သူတို့ရဲ့ DD Cream ဟာ မျက်နှာရဲ့နူးညံ့တဲ့ ဧရိယာတွေကို ကာကွယ်မှု ပေးပြီး၊ အသားအရေကို ညီညာချောမွေ့မှု မျှခြေမှာ ရှိစေတဲ့ အပြင် အရေး အကြောင်း များကို လျော့ပါးစေတယ်၊ အိုမင်းရင့်ရော်မှု ရဲ့ လက္ခဏာတွေကို ထိန်းပေးနိုင် တယ်လို့ ပြောထားပါတယ်။

အခု အတွက်တော့ …သင့် အတွက် Tinted Moisturizer, BB ဒါမှမဟုတ် CC ဘယ်ဟာကို သင့်ရဲ့ Favourite အဖြစ်ရွေးမလဲ ဆိုတာ တော့ ခွဲနိုင် သွားမယ်လို့ ထင်မြင် မိပါ တယ်။

မာဦး

လေးဆယ်ကျော် မမတို့ အတွက် အလှ လျှို့ဝှက်ချက်

$
0
0

လေးဆယ်ကျော် မမတို့ရေ ငါအသက်ကြီး လာပြီ အလှပြင်စရာ မလိုတော့ဘူးလို့ အထင်ရောက်ပြီး မပြင်မဆင် မနေလိုက်ပါနဲ့နော်။ ဒီခေတ်ကြီးထဲမှာ မပြင်မဆင်နေတဲ့ မမတွေ ရှားသွားပေမယ့် တချို့တစ်ဝက် ကျန်နေသေးလို့ ဒီလို ပြောရတာပါ။ အမျိုးသမီးတွေက ဘယ် အသက် အရွယ်ပဲရောက်ရောက် ဘယ်လို ပုံစံမျိုးက သူတို့နဲ့ လိုက်ဖက်ညီတယ် ဆိုတာ သိပြီးသားပါ။
မမ အရွယ်တွေက အလွန်အကျွံ ပြင်ဆင်မှု တွေ မလုပ်သင့်တော့ပါဘူး။ မိတ်ကပ် ပါးပါးလေး လိမ်းကာ သက်သောင့် သက်သာ ရှိပြီး စတိုင် ကျမယ့် အဝတ်အစား တစ်စုံက လေးဆယ်ကျော် အမျိုးသမီးတွေ နဲ့ လိုက်ဖက် တင့်တယ်ပါတယ်။ အဝတ်အစား ကို နေရာဒေသ လိုက်ပြီး ခွဲခြား ဝတ်ဆင်သင့်ပါတယ်။ ကုတ်အင်္ကျီ နဲ့ ဒူးလောက် စကတ် တွေကလည်း အမြင် တစ်မျိုး ဆန်းပြီး လိုက်ဖက်ပါ တယ်။ မကလက်ပါဘူး။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာကလည်း အလှ တစ်မျိုးပါပဲ။ ဘယ် အသက်အရွယ် မှာမဆို မရှိမဖြစ် လိုအပ်ပါတယ်။ အလှအပ ဆိုတာ အရေ ပြား တစ်ထောက် စာပါလို့ ပြောနေကြပေမယ့် တကယ်တမ်း ကျတော့ လူတွေက လှပ သပ်ရပ်စွာ နေတတ်တဲ့ သူကို ပိုသဘောကျပါတယ်။
မမတို့ရေ အသားအရေ လှပမှုကိုလည်း ဂရုစိုက်ရပါမယ်။ မိတ်ကပ်တွေနဲ့ အပေါ်ယံ အလှ ပြင်တာနဲ့တင် မလုံလောက်ပါဘူး။ Skin Care လည်း သုံးပေးရပါမယ်။ မိတ်ကပ် လိမ်းတော့မယ် ဆိုရင်လည်း အရင်ဆုံးမျက်နှာကို Toner သုံးပါ။ ပြီးရင် အပေါ်က Cream တစ်ခုလိမ်းပြီးမှ မိတ်ကပ်လိမ်းပါ။ ပါးနီ အရောင်ပြေပြေလေးဆိုး ပြီးရင် နှုတ်ခမ်းနီ ကိုလည်း အရောင်နုနုလေးရွေး ဆိုးပါ။ အရောင်ဖျော့လေးတွေက လူကို နုနယ်စေပါတယ်။ အရောင်ရင့်တွေ ကတော့ လူကို အသက် ကြီးသွားစေ ပါတယ်။ Eye Cream လေးလည်း သုံးပေးဖို့ မမေ့နဲ့နော်။ မျက်လုံး တစ်ဝိုက် အရေး အကြောင်းတွေကို လျော့ပါး သက်သာစေပါ တယ်။
ဒါ့အပြင် Fashion ပိုင်းကိုလည်း အလေး ထားသင့်ပါတယ်။ ဆယ်ကျော်သက်မလေးတွေ  က အတိုအပြတ် ဂါဝန်လေးတွေနဲ့ ရှုချင်စဖွယ်ဖြစ် နေသလို မမတွေက လည်း ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ ဒီဇိုင်းဆန်းမြန်မာ ဝတ်စုံလှလှလေး ကုတ်အင်္ကျီ ဖက်ရှင်တွေက လန်းဆန်း နုပျိုစေပါတယ်။ လည်စည်းပဝါ ပတ်တဲ့ ဒီဇိုင်းကလည်း ကြည့်ကောင်း ပါတယ်။ ဝတ်ထားတဲ့ ဝတ်စုံနဲ့ အညီ အရောင်လေး တွေ ရွေးချယ်ပြီး ဆင်ယင်သင့်ပါတယ်။ ကိုယ်ပိုင် ဖက်ရှင် တစ်ခုပေါ့။ ဒေါက်ဖိနပ်လည်း စီးသင့်ပါ တယ်။ ဒေါက်မြင့် မစီးနိုင်ရင် အနိမ့်လေးတွေ ရွေးစီးပါ။ လူကိုပိုပြီး စမတ်ကျစေပါတယ်။
ဆံပင် ဒီဇိုင်းကလည်း အရေးကြီးတယ်နော်။ ကိုယ့်မျက်နှာ အနေအထားနဲ့ ဘယ်လို ဆံပင်ပုံစံမျိုး လိုက်ဖက်လဲဆိုတာ Stylist နဲ့ တိုင်ပင် ဆွေးနွေး ပါ။ မျက်နှာကို ရှင်းရှင်းလင်းလင်းလေး နဲ့ ပေါ်လွင် စေချင်ရင် ထုံးဖွဲ့ထားပါ။ ထုံးဖွဲ့နည်း မျိုးစုံပါတဲ့ စာအုပ်တွေ ရှိပါတယ်။ အလွယ်တကူ လေ့လာလို့ ရပါတယ်။
အရေးကြီးတဲ့ တစ်ချက် ကျန်ပါသေးတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်းမှုပါ။ မမတို့အရွယ် က ကိုယ်အလေးချိန် တိုးတာ အရမ်းမြန်ပါတယ်။ စားချင်တာလေးတွေ ရှိလို့ နည်းနည်းလောက် ဗိုက်ဝအောင် မစားလိုက်နဲ့ စားတာနဲ့ ဝိတ်တက် တော့တာပါပဲ။ အဆီအဆိမ့်တွေကို တတ်နိုင်သမျှ ရှောင်ပေးတာ ကောင်းပါတယ်။ အသီး အရွက် ကြော်တွေ အသီးအနှံတွေ များများ စားပေးသင့် ပါတယ်။ လတ်လတ်ဆတ်ဆတ် သစ်သီး ဖျော်ရည် တွေလည်း ပုံမှန် သောက်ပေးသင့်ပါတယ်။ သွေး လည်ပတ်မှု ကောင်းမွန်စေပြီး အသားအရေကို ကြည်လင် ရှင်းသန့်လှပစေပါတယ်။ အစားကို အချိန်မှန်စားပါ။ အချိန်မှန်အိပ်ပါ။ ကိုယ်လက် လှုပ်ရှားမှု လုပ်ပေးပါ။ လမ်းများများ လျှောက်ပေးပါ။ လမ်းလျှောက်သွားရင် နီးတဲ့နေရာတွေကို ကားစီးမသွားပါနဲ့။ အထပ်အမြင့်ကြီးမှာ မဟုတ်ရင် ဓာတ်လှေကား စီးပြီး မတက်ပါနဲ့။ လမ်းလျှောက်တာ လှေကား အတက်အဆင်း ပြုလုပ်ပေးတာ ကျန်းမာရေး အတွက် အထောက်အကူပြုသလို ကိုယ်အလေးချိန် ထိန်းသိမ်းရာ ရောက်ပါတယ်။ တစ်ချက် ခုတ်နှစ်ချက်ပြတ်ပေါ့။
ဒီလောက် ဆိုရင် လေးဆယ်ကျော် အရွယ် မှာ လှပ ကြည့်ကောင်းနေအောင် ဘယ်လိုနေရမလဲ ဆိုတာ သိသွားပြီပေါ့နော်။ အမျိုးသမီးတွေက ဘယ်အသက် အရွယ်မှာ မဆို လှပကြည့်ကောင်း နေဖို့ အင်မတန် အရေးကြီးပါတယ်။ တချို့ အမျိုး သမီးတွေဆို အသက် ကြီးလာလည်း နုပျိုလှပနေဆဲ ပါပဲ။ မမတို့ အရွယ်က တည်ငြိမ် ရင့်ကျက်တဲ့ အလှတရားကို ပိုင်ဆိုင် ထားကြပါတယ်။ ပြုပြင် ထိန်းသိမ်း အလှမယိမ်း ဆိုသလို ကိုယ့်ကိုယ်ကိုယ် ပြင်ဆင် နေထိုင် သင့်ပါတယ်။ ဒါမှ ကိုယ့်ကို တွေ့ မြင်ရ သူတွေလည်း စိတ်ချမ်းသာသလို ကိုယ်တိုင် လည်း ယုံကြည်မှု ရှိပြီး အမြဲတက်ကြွ လန်းဆန်း နေမှာပါ။

သိင်္ဂီဝင်း(Beauty)

လှပစိုပြေ ရတီမေ

$
0
0

မိတ်ကပ်လိမ်းခြယ်မှု အတွက် စတင်ခြင်း

သင်ဟာ ဘယ်လောက်ဘဲ အနုပညာ လက်ရာ ပြောင်မြောက်စွာ ဖန်တီးနိုင်စေတဲ့ ပညာရှင် ဖြစ်ပါစေ အရည်အသွေး ကောင်းမွန်တဲ့ အကူ ကိရိယာနဲ့ အလှကုန် ပစ္စည်းကောင်းများ မရှိခဲ့ရင်တော့ လက်ရာမြောက်စွာ ဖန်တီးဖို့ ခက်ခဲပါလိမ့်မယ်။ ဥပမာ Micheleangelo ပါရမီရှင်တောင်မှ Sitstine Caaple ကို ဆေးသုတ်ဖို့ ဖြစ်နိုင်မှာ မဟုတ်သလိုပါ။ အကောင်းဆုံးလက်ရာ ဖန်တီးနိုင်ဖို့ အတွက် ဒီအချက်က အလွန်အရေးကြီး ပါတယ်။ ဒါပေမဲ့ တစ်ခါတည်းနဲ့ ထွက်ပြီး လိုအပ်မယ့် ပစ္စည်းတွေကို ဝယ်ဖို့ မဟုတ်ပါဘူး။ တကယ်လို့ အဲဒီလိုသာ ဝယ်ခဲ့မယ် ဆိုရင်လည်း  တချို့ကို သင်နှစ်သက်မှာ မဟုတ်သလို တချို့ မလိုအပ်တာတွေ ကိုလည်း ဝယ်မိတတ် ပါတယ်။ ဒါကြောင့် အချိန်ယူ စုဆောင်းစေချင်ပါတယ်။ သင်ဟာ တကယ်တော့ အကောင်းဆုံး  ကိရိယာ ပစ္စည်းနှစ်ခုကို ပိုင်ဆိုင်ပြီးသားပါ။ အဲဒီနှစ်ခု ကတော့ သင့်ရဲ့ လက်နဲ့ လက်ချောင်းထိပ်တွေပါပဲ။ ကျွန်တော် လက်တွေ့ ရှာဖွေ တွေ့ရှိခဲ့တဲ့ အကြောင်း အရာကတော့ မျက်နှာကို မိတ်ကပ် လိမ်းခြယ် ပြင်ဆင်ရာမှာ သင့်လက်ချောင်း ထိပ်ဖျားလေးများဟာ မျက်နှာကို ထိတွေ့ရာမှာ အသားနဲ့ အသား (Skin to Skin) ထိတွေ့ခြင်း ဖြစ်တဲ့ အတွက် လက်ချောင်းရဲ့ အငွေ့ဓာတ် ကိုတော့ ဘယ်အကူ ကိရိယာ ပစ္စည်းကမှ ရနိုင်မှာ မဟုတ်ပါဘူး။ အချိန် ဆိုတဲ့ အရာကတော့ အရေးကြီးဆုံး အကူ ကိရိယာလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီအချိန်ကပဲ သင့်ကို အလေ့ကျင့် ရစေဖို့၊  အကောင်းဆုံး နည်းလမ်းတွေရဖို့ ဖန်တီးပေးမှာပါ။ သတိထား ရမယ့် အချက်ကတော့ တန်ဖိုး ရှိပြီး မှန်ကန်တဲ့ အရာများ ရရှိဖို့ အတွက်လည်း ထိုက်တန်တဲ့ တန်ဖိုးနဲ့ အချိန် ကို ပေးဆပ် ရတဲ့ အချိန်တွေပါပဲ။

အလှကုန် ပစ္စည်းတွေ ဝယ်ယူရာမှာ အရည်အသွေး ကောင်းဆုံး ပစ္စည်းတွေကို ရွေးချယ် ဝယ်ယူဖို့ လိုအပ်ပါတယ်။ သင်မျှော်မှန်း ထားတာထက် ပိုမို ကုန်ကျပါလိမ့်မယ်။  ဒါပေမဲ့ ရေရှည်မှာတော့ ပစ္စည်းကောင်း တွေဟာ ကြာရှည်ခံ အသုံးခံတဲ့ အတွက် ပိုပြီး တွက်ချေ ကိုက်ပါတယ်။ တန်ဖိုး ကြီးမားတဲ့ အကောင်းဆုံး ပစ္စည်းတွေကို ဝယ်ယူ ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး ။ ဈေးကွက်မှာ တစ်ခါတစ်ရံ တန်ဖိုး နည်းပြီး အရည် အသွေး ကောင်းတဲ့ မိတ်ကပ် အရည် တစ်ပုလင်းဟာ တန်ဖိုး ကြီးမားတဲ့ မိတ်ကပ်ရည် တစ်ပုလင်းထက် မိမိ အသားအရောင်နဲ့ ပိုပြီး လိုက်ဖက်တယ်။  ပိုပြီး ကြာရှည် ခံမယ်။ ပိုပြီး ညီညာအောင် ပွတ်ဆွဲ လိမ်းခြယ် တဲ့ နေရာမှာ အဆင်ပြေ ချောမွေ့တယ် ဆိုရင် အဲဒီ မိတ်ကပ်ရည်ဟာ သင့်အတွက် အသုံး တည့်တဲ့ အရည် အသွေးကောင်း ပစ္စည်းတစ်ခု ပါပဲ။ အခုခေတ်မှာတော့ ဈေးနှုန်းနဲ့ အရည် အသွေးကို ချင့်ချိန် နှိုင်းယှဉ်လို့ ရတဲ့ အလှကုန် ပစ္စည်း တံဆိပ်တွေ မြောက်မြားစွာ ပေါ်ထွက်နေ ပါပြီ။ တကယ်တမ်း သင် ဆုံးဖြတ်ရ မှာက ဘယ်ပစ္စည်းဟာ  သင့်အတွက် အကောင်းဆုံး ဖြစ်မလဲ၊ ဘယ် ပစ္စည်းတွေကို သင်ဝယ်ယူ စုဆောင်း ရမလဲ ဆိုတာ ပါပဲ။ တကယ် အရေးကြီးတဲ့ အကောင်းဆုံး အလှကုန် ပစ္စည်းနဲ့ ကိရိယာ ဆိုတာ သင်ဖန်တီး ချင်တဲ့ အမျိုးမျိုးသော အသွင်အပြင်တွေ (Different Look) များကို ဖန်တီးရာမှာ အသုံးဝင်ဖို့ လိုအပ်ပါတယ်။ အဲဒီလို ဖန်တီး မယ် ဆိုရင်တော့ စိတ်ရှည် သည်းခံနိုင် ဖို့က အဓိက လိုအပ်ပါတယ်။ ဘယ်တုန်းကမှ မိတ်ကပ်ကို ဘယ်လို လိမ်းရတယ် ဆိုတာ သင်ပေးမှ တတ်တာထက် မိမိ ကိုယ်တိုင် လေ့ကျင့် သင်ယူခြင်းဟာ ပိုကောင်းပါတယ်။ မိတ်ကပ် စတင် လိမ်းခြယ်စဉ် ကာလမှာ အမှားပေါင်း များစွာကို မှားခဲ့ကြ ပါလိမ့်မယ်။ မလျော့တဲ့ ဇွဲ ၊ လုံ့လနဲ့   ကြိုးစား လုပ်ဆောင်သွားမယ်။ အချိန် ယူပြီး လေ့ကျင့် သွားမယ် ဆိုရင်တော့ တဖြည်းဖြည်း နဲ့ သေချာ တိကျစွာ ပြင်ဆင် နိုင်တတ်တဲ့သူ ဖြစ်လာမှာပါ။ တဖြည်းဖြည်းနဲ့ ပိုကောင်း သထက် ကောင်းတဲ့ လက်ရာ တွေ ထွက်ပေါ် လာမှာပါ။ ကျွန်တော် ဆိုရင်လည်း နေ့စဉ် နေ့တိုင်း အတွေ့ကြုံ အသစ်တွေကို လေ့လာနေဆဲပါ။

တစ်ဖက်မှာ ဖော်ပြထားတဲ့ မိတ်ကပ် ပစ္စည်းတွေ ကတော့ ကျွန်တော် အကြိုက်ဆုံး မိတ်ကပ် တွေနဲ့ အရောင်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော် မိတ်ဆွေတွေ ထဲမှာ အလှကုန် လုပ်ငန်းကို လုပ်ကိုင် နေတဲ့ သူတွေ များစွာ ရှိပါတယ်။ ဒါပေမဲ့ ဘယ် အလှကုန် ကောင်း ပါ တယ် လို့ မညွှန်းလို ပါဘူး။ တချို့ အလှကုန် ပစ္စည်း တွေဟာ ဈေးကွက်မှာ ပေါ်လာပြီး မကြာမီ ပျောက်သွား တတ်ကြပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အလှကုန် ကုမ္ပဏီတွေဟာ ရာသီ အလိုက် အရောင် နဲ့ မိတ်ကပ် ပစ္စည်းတွေကို ထုတ်လုပ်ကြတာ ဖြစ်ပါ တယ်။ ဖော်ပြထားတဲ့ မိတ်ကပ် အလှကုန် ပစ္စည်းတွေကို ရှေ့လာမယ့် လတွေမှာ ဖော်ပြမယ့် မိတ်ကပ် သင်ခန်းစာတွေ ကြရင် ဆက် လက် အသုံးပြု သွားမှာ ဖြစ်ပါတယ်။ သင်နှစ်သက်မယ့် အကောင်းဆုံး မိတ်ကပ် ပစ္စည်းတွေကို အမှတ် တံဆိပ် များစွာ ထဲမှ ရွေးချယ် ဝယ်ယူ သင့်ပါတယ်။ အမှန် ပြောရမယ်ဆိုရင် မိတ်ကပ် ပစ္စည်းတွေဟာ မျက်လှည့် ပြနိုင်စွမ်း မရှိပါဘူး။ မျက်လှည့် ပြနိုင်စွမ်း ရှိတာကတော့ သင့်ရဲ့တီထွင် ဖန်တီး လိမ်းခြယ်မှု ပါပဲ။

(၁)    အရောင် မပါသော အပြောင် အလက် ပါသည့် အောက်ခံ မိတ်ကပ်ရည်

(၂)    ရွှေရောင် အပြောင် အလက် ပါသော မိတ်ကပ်ရည်

(၃)    သဘာဝ အသားရောင် မိတ်ကပ်ရည်၊ natural beige)

(၄)    အရောင်နုသော (အလင်းပြန်နိုင်စွမ်း ရှိသော) မိတ်ကပ်ရည်

(၅)    အညိုရင့်ရောင် မိတ်ကပ်ရည်

(၆)    အရောင် မပါသော ပေါင်ဒါ

(၇)    အပြာရောင် တောက်တောက် အိုင်းရှဲဒိုး

(၈)    သံပရာ စိမ်းရောင် Eye Shadow

(၉)    ရွှေဝါရောင် Eye Shadow အမှုန့်

(၁ဝ)    ကြေးဝါရောင် အပြောင်အလက်ပါ သော Eye Shadow အမှုန့်

(၁၁)    ကြေးညိုရောင် အပြောင်အလက် ပါသော Eye Shadow အမှုန့်

(၁၂)    အနက်ရောင် Mascara

(၁၃)    အနက်ရောင် လိုင်နာခဲတံ

(၁၄)    အညိုရောင် လိုင်နာခဲတံ

(၁၅)    အဖြူပျက်ရောင် အပြောင်ပါသော Eye Shadow

(၁၆)    Basic Brown Powder Eye Shadow အညိုရောင် Eye Shadow အမှုန့်

(၁၇)     Drak Blue Eye  နက်ပြာ Eye Shadow အမှုန့်

(၁၈)    မက်မွန်သီးရောင် Eye Shadow အမှုန့်

(၁၉)    ပန်းသခွား (သို့) နှင်းဆီပါးနီအစို

(၂ဝ)    ပန်းရဲ ပါးနီမှုန့်

(၂၁)    အဝါရောင် Eye Shadow အစို

(၂၂)    အမည်းရောင် Eye Shadow အစို

(၂၃)    အညိုရောင် မျက်ခုံးမွေးဆွဲခဲတံ

(၂၄)    မျက်ခုံးမွေးဆွဲ ခဲတံရွှေရောင်

(၂၅)    အညိုရောင် ပေါင်ဒါ Eye Shadow

(၂၆)    နှုတ်ခမ်းနီ အနီရောင်

(၂၇)    အရောင်နုသော (အလင်းပြန်နိုင်သော) နှုတ်ခမ်းနီ ခဲတံ

(၂၈)    အရောင်ရင့် အလင်းပြန်နိုင်သော နှုတ်ခမ်းနီခဲတံ

(၂၉)    မျက်စဉ်းရည်

(၃ဝ)    သဘာဝကျသော နှင်းဆီရောင် နှုတ်ခမ်းနီ အစို

(၃၁)    နားထိုးတံ (ဝါဂွမ်းနဲ့လုပ်)

(၃၂)    စုပ်ယူနိုင်စွမ်း ရှိသော ဝါဂွမ်းချပ်လေး များ

(၃၃)    မဲနယ်ရောင် အပြောင်အလက် ပါသော နှုတ်ခမ်းနီ

(၃၄)    အနီရောင် နှုတ်ခမ်းဆိုး အရည်ကြည်

(၃၅)    ကွေကာအုပ်ရောင် နှုတ်ခမ်းနီ အဆီ

(၃၆)    ပျားရည်ကဲ့သို့ ဝါညိုညို မိတ်ကပ် အတောင့်

(၃၇)    ရေမြုပ် အဝိုင်း

(၃၈)    ကြေးနီရောင် နှုတ်ခမ်းဆိုးဆေး အဆီ

(၃၉)    နီညိုရောင် နှုတ်ခမ်းဆိုးဆေး အရည်

(၄ဝ)    သွေးနီရောင် နှုတ်ခမ်းဆိုးဆေး အရည်

(၄၁)    အရောင်မပါသော နှုတ်ခမ်းဆိုးဆေး အဆီ

(၄၂)    ငွေရောင် အပြောင် အလက်ပါသော ပေါင်ဒါမှုန့်

(၄၃)    အောက်ခံ မိတ်ကပ် လိမ်းရန် ရေမြုပ်

(၄၄)    အရောင်နု Concealer (အပြစ်အနာဆာများကို ဖုံးကွယ်နိုင်သော အောက်ခံမိတ်ကပ်များထက် သိပ်သည်းဆပိုများသော မိတ်ကပ်)

(၄၅)    မျက်တောင်တုများ

(၄၆)    မျက်နှာ အစိုဓာတ် ပေးသော ခရမ်

(၄၇)     မျက်တောင် ကော့သော ညှပ်

ကျွန်တော် နှစ်သက် သဘောကျတဲ့ မိတ်ကပ် လိမ်းရာမှာ အသုံးပြုရတဲ့ ကိရိယာ ပစ္စည်းတွေ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

(၁)    ကြီးမားသော ပေါင်ဒါ Brush

(၂)    အရွယ်အလတ်စား ပေါင်ဒါ Brush (မိတ်ကပ် အရည်များကို ညှိရာ တွင်လည်း အသုံးပြု နိုင်သည်။)

(၃)    မျက်နှာကို အရောင် အနု အရင့် ပုံဖော်ရာတွင် အသုံးပြုသော စုတ်တံ (Eye Shadow ခြယ်သရာတွင်လည်း အသုံးပြု နိုင်)

(၄)    အဝိုင်းပုံစံ Eye Shadow Brush များ

(၅)    နူးညံ့သော Eye Shadow Brush အသေး

(၆)    သေးငယ်သော Brush အပြား

(၇)    နူးညံ့သော Eye Shadow စုတ်တံ အဝိုင်း

(၈)    Eye Shadow Brush အသေး (မျက်ခုံးမွေး ဆွဲရာတွင်လည်း အသုံးပြုနိုင်)

(၉)    အစက် အပြောက်များကို ဖုံးကွယ် ရာတွင် အသုံးပြုသော Concealer စုတ်တံ

(၁ဝ)    မျက်ခုံးမွေးနဲ့ မျက်တောင် ဖိရန် ဝက်မှင်ဘီး

(၁၁)    ဇာဂနာ (မျက်ခုံးမွေးနှုတ်ရန်၊ မျက်တောင်တု တပ်ရန်)

(၁၂)    နှုတ်ခမ်းနီ စုတ်တံ အပြား

မိုးကုတ်ပေါက်ပေါက်

လှပစိုပြည် ရတီမေ

$
0
0

Valentine’s Day မှာ လွတ်လပ်ပေါ့ပါး စွာလှနေ စေဖို့

Valentine’s Dayမှာ ချစ်သူ နဲ့ ချိန်းဆိုတဲ့ အခါ ချောကလက်ဘူး ထဲက လက်ဆောင်လေး နဲ့ ရိုးအီ နေတဲ့ သမား ရိုးကျ ပျော်စရာတွေ ချစ်သူ ကိုပေး မနေပါနဲ့တော့။ ချစ် သူတွေ ချိန်းတွေ့ သွားလာကြတဲ့ အခါ တကယ် လိုအပ်တာက ပေါ့ပါးလွတ်လပ်စွာ ပျော်ရွှင်နေမှုပါပဲ.. ဒီလိုဆိုလို့ အထူး တလည် တွေးပူ နေစရာ မလိုပါဘူး။ မိန်း ကလေး တွေ အတွက် ချစ်သူ နဲ့ လည်ပတ်ချိန် မှာ အပြည့် အဝ စိတ်တိုင်းကျ ရမှု ဆိုတာဟာ စတိုင်ကျ ပေါ့ပါးတဲ့ လှပမှုနဲ့ အတူ လွတ်လပ် ပျော်ရွှင်စွာ သွားလာ လည် ပတ်မှု ကိုဆိုလိုတာပါပဲ။

ချစ်သူက သင့်ကို မြင်လိုက်တဲ့ အခါမှာ စိတ်ချလက်ချ လှပနေနိုင်မှုဟာ တစ်နေ့တာ ပျော် ရွှင်မှုကို အပြည့်အဝ ရရှိစေပါတယ်။ ဒါကြောင့် Valentine’s Day  အတွက် ကြိုတင် ပြင်ဆင်ချင်သူ မေတို့အတွက် အချိန် အများကြီးပေးစရာ မလိုတဲ့ပြင်ဆင်မှုတွေ နဲ့ ကျရောက်လာတဲ့ ဗယ်လင်တိုင်း နေ့ တစ်မနက်တာ မှာ ပြင်ဆင် ရမယ့်နည်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နှုတ်ခမ်းနဲ့မျက်နှာ အရောင်

ချစ်သူနဲ့ ဆုံတွေ့စဉ်မှာ ကိုယ့်ရဲ့ အလှအပ ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝ ရရှိနေစေဖို့ အရောင် ရွေးချယ်မှုကနေ စတင်ပါမယ်။ သင် ဟာချစ်သူ နဲ့ တွေ့ဆုံရမှု ကို အပြည့်အဝ ကျေနပ် လက်ခံကြောင်းကို ပြသဖို့အတွက် အရောင်ကိုမှန်ကန်စွာ ရွေးချယ်တတ်ဖို့ လိုပါတယ်။  အရင်က ပြောလေ့ပြောထ ရှိခဲ့တဲ့ အထဲမှာ အချစ်ရဲ့ သင်္ကေတဟာ ပန်းရောင်ပေါ့။ ဒါကြောင့် Pink and Blue, Love is True µ ! လို့သူငယ်ချင်း တွေနဲ့ ပြောဆိုခဲ့ကြ ဖူးတယ် မဟုတ်လား။ ဒီ သဘောပါပဲ။

အနီနဲ့ ပန်းရောင်ဟာ မိန်းကလေး တစ်ယောက်ရဲ့ ချစ်သွေးဖြာစေနိုင်တဲ့ အခြေခံ အရောင်ပါပဲ။ နှုတ်ခမ်းပါးလေး အတွက် ပန်းသွေးရောင် ဟာ သင့်ကို လက်ပစေ ပြီး နူးညံ့တဲ့ သဘောကိုပြသ ပါလိမ့်မယ်။ အနီရဲရဲ ကတော့ နှုတ်ခမ်းစူမူ စိတ် ကောက်တတ်တဲ့ မိန်းကလေးများ အတွက် ချစ်သူ ကို ဆွဲဆောင်မယ့် ရင်ခုန်စဖွယ် မာယာ အရောင် တစ်မျိုးပါပဲ။ သတိထားစရာ တစ်ခုကတော့ ဖေဖော်ဝါရီဟာ ပူနွေးခါစ ရာသီ အကူးပြောင်း ကာလဖြစ်ပေမဲ့ အအေးဓာတ်တွေ လက်ကျန် ရှိနေဆဲပါပဲ။ ဒီကာလ မှ နှုတ်ခမ်း အစိုဓာတ်ကို ထိန်းသိမ်း ပေးနိုင်မယ့် နှုတ်ခမ်း ဆိုးဆေးကို အသုံး ပြုဖို့ လိုပါလိမ့်မယ်။ ထူထဲတဲ့ လိုင်နာ နဲ့ နှုတ်ခမ်း သားတွေကို ပုံဖော်ချင် ရင်တော့ အတွင်း သားကို ရေဓာတ် ပါဝင်တဲ့ hydrating creme lip stick ကို သုံးဖို့လိုပါတယ်။

မျက်နှာပြင်ပေါ်က မိတ်ကပ် အရောင်ကို တော့ သဘာဝနဲ့ အနီးစပ်ဆုံး အရောင်တွေ ကိုပဲ ရွေးချယ်ဖို့ လိုအပ်ပါတယ်။ သဘာဝနဲ့ နီးစပ်မှသာ ကိုယ့်ရဲ့အလှ ဟာ ဆေးဆိုး ပန်းရိုက် အသွင် ဖြစ်မနေတော့မှာပေါ့။ ဒါကြောင့် ပင်ကို အသားရောင်ကို အခြေခံပြီး လိမ်းခြယ်ရမှာ ဖြစ်ပါတယ်။ ဖြူတဲ့ သူဟာ ပါးပြင်အတွက် ပန်းရောင် ရွေးချယ် ရ မှာဖြစ်ပြီး ညိုတဲ့သူ ကတော့ အနီနဲ့ အဝါကို အခြေခံတဲ့ အညိုရောင်လေးကို သုံးသင့်ပါတယ်။

၂။ မျက်လုံးကိုခြယ်သ

မျက်လုံးကို ခြယ်သ အလှပြင်ဖို့ရာ ကတော့ အများကြီး မရှိပါဘူး။ မျက်ခွံရယ် မျက်တောင် ရယ်ကသာ အဓိက ကျတာပါ။ မျက်တောင် ကို ပိုမို ရှည်လျား နက်မှောင် လာစေဖို့ masacara တစ်မျိုးကိုတော့ ရွေးချယ် ရပါလိမ့်မယ်။ ဒါ့အပြင် မိန်းကလေးတွေ လိုလားနှစ်သက်တာ တစ်ခုက မျက်ဝန်းတွေ ကြီးမား ရှည်လျားစွာ လှပနေ ဖို့ပါပဲ။ ဒါကတော့ ဆန္ဒရှိတယ် ဆိုရင် ကြီးမားသယောင် မျက်ဝန်းရဲ့ အထက် နဲ့အောက်တွေကို ခဲရောင် ခြယ်ပေးခြင်းနဲ့ မျက်တောင်တု တပ်ပေးခြင်းပါပဲ။ မျက်ခွံ ရဲ့အရောင်တွေ ကို နှုတ်ခမ်း၊ ဝတ်ဆင်မယ့် အရောင်တွေပေါ် မူတည်ပြီး ရွေးချယ်လိုက်ပါ။

၃။ အသားအရေကို မမေ့ဖို့

မျက်နှာမှာ နှုတ်ခမ်းနဲ့ လိုက်ဖက်မယ့် အရောင်ကို လိမ်းခြယ်ပြီးတဲ့ အခါ အမှတ်မထင် ပစ်ပယ်ထားလိုက် တာကတော့ ကိုယ်ခန္ဓာရဲ့ အသားအရေ ပါပဲ။ မျက်နှာကို အ လှပြင်ပြီး တဲ့အခါ အသားအရေ ကို ဒီအတိုင်း မလိမ်းမခြယ် ဘဲလမ်း ထွက်လိုက်ရင် ကိုယ်ခန္ဓာဟာ မွဲခြောက်နေ သယောင် မြင်ရတတ်ပါတယ်။ ဒါကြောင့်  body lotion တစ်မျိုးကို မှန်ကန်စွာ သုံးစွဲဖို့လိုပါတယ်။ ကိုယ့်အသားအရေ အမျိုးအစားပေါ် မူတည်ပြီး skin lotion ကို ရွေးချယ်ပါ။ အနောက် ကမ္ဘာမှာ တော့ အမျိုး သမီးတွေ ဟာ ဟောလီးဝုဒ် အငွေ့ အသက်ကို ရရှိအောင် bronze cream ကို လိမ်းကြတယ်လို့ ဆိုပါတယ်။ ကိုယ့်ရဲ့ အသားအရေ နဲ့လိုက်ဖက်မှုကို မရွေးချယ် တတ်ဘူး ဆိုရင် လွယ်ကူစေမယ့် နည်းကတော့ ကိုယ့် အသားအရေ ဟာ ပုံမှန်လား၊ ခြောက်သွေ့နေလား သတိထားမိဖို့ ပါပဲ။

၎။ ဆံပင်တွေပိုမိုလှပလာအောင် ဖြီးသင်

ဆံပင်တိုသူ နဲ့ ရှည်သူတွေမှာ လိုက်ဖက် အောင် ဖြီးသင်ရမှု နည်းတွေ ကွာဟပါတယ်။ တိုသည် ဖြစ်စေ ရှည်သည် ဖြစ်စေ ချစ်သူရဲ့ အမြင် မှာ သာမက အများအမြင် မှာ ပါ လှပစေတာ ကတော့ မိမိနဲ့ လိုက်ဖက်တဲ့ ဆံပင်ပါပဲ။ Valentine’s day top 10 hair style ကို daily make over မှာဖော်ပြထားချက် အရတော့ ဆံပင် တို သူလေးတွေ ဟာ အလွှာ အထပ် ကလေးတွေ ဖြစ်အောင် ပြုပြင်ဖြီးသင် ထားကြပြီး ဆံပင်ရှည်သူတွေ ကတော့ လက်ချောင်းတွေ နဲ့ ထိုးခွဲ လိုက်ရင် ဖြီးကြောင်းလမ်း ကို သေသပ်စွာ ခွဲကျ သွားစေအောင် နူးညံ့ ပျော့ပျောင်းတဲ့ နွယ်လှိုင်း ကလေးတွေ ရအောင် ပြုပြင် ယူထားခြင်းပါပဲ။

၃။ ကြိုတင်ပြင်ဆင်ရမယ့် ပြုပြင်မှုတွေ

ပင်ကိုနှုတ်ခမ်း အသားလှနေဖို့ သဘာဝကုထုံး တစ်မျိုးကတော့ ချိန်းဆိုမှု မတိုင်မီ တစ်ညမှာ ပျားရည်နဲ့ သကြားရောစပ် ထားတဲ့ နှုတ်ခမ်း scrub နည်းကို အသုံးပြုပေး ပါ။ သင့်နှုတ်ခမ်းဟာ စိုလက်နူးညံ့ လာပါလိမ့်မယ်။

မျက်နှာ အသားအရေ အတွက်ကတော့ အိမ်တွင်းဖြစ် ပေါင်းတင်နည်း ကို အသုံးပြုပြီး ပိုမို လှပကောင်းမွန် လာအောင်ပြုပြင်လိုက်ပါ။ ရေနွေးကြမ်း အေးအေး တစ်ခွက် နဲ့ ဆန်မှုန့် ၂ဇွန်း၊ ပျားရည်ဇွန်း တစ်ဝက်ကို ရောစပ်ပြီး ပေါင်းတင် လို့ရပါတယ်။ မျက်နှာ အပါအဝင် တစ်ကိုယ်လုံး စာအတွက် အချိုးအစား အလိုက် တိုးစပ်သွားပြီး အသုံးပြုနိုင်ပါတယ်။  ဒီနည်းဟာ အသားအရေ ကို နူးညံ့ချောမွတ်ကာ စိုပြည် တင်းရင်းလာစေပါ တယ်။

ဆံပင် အတွက် ကြိုတင်ပြင်ဆင် ရမှာကတော့ ကြေးညှော်တွေ နဲ့ စေးကပ်နေတဲ့ ဆံပင် မဖြစ်ဖို့၊ ခြောက်သွေ့ ပွယောင်းနေတဲ့ ဆံပင်မဖြစ်ဖို့ လုပ်ဆောင် ရမှာပါပဲ။ တစ်ခု တည်းသော ဆံနွယ် သန့်ရှင်းရေး ပြုလုပ်နည်းကို ကတော့ ခေါင်းလျှော်တာ ပါပဲ။ သန်စွမ်းကောင်းမွန်တဲ့ ဆံနွယ်တွေဟာ လျှော်ပြီး သွားတဲ့ အခါ တောက်ပ လင်းလက် စွာ ပျော့ပျောင်းနေ ပါလိမ့်မယ်။ ဒီလိုဖြစ်ဖို့ ကိုတော့ အိမ်တွင်းမှု နည်းနဲ့ ဖန်တီးထားတဲ့ ပေါင်းဆေး အသုံးပြုပြီး တစ် ရက်ကြိုတင် ပေါင်းတင်ပေးပါ။ ဥအမျိုးမျိုး၊ ဒိန်ချဉ် နဲ့ ပျားရည် တို့ဟာ ဆံပင် အတွက် အကောင်းဆုံး သဘာဝ အာဟာရ ဓာတ် တွေပါပဲ။ လက်ဖက်ရည်ခွက် တစ်ဝက်စာခန့် ရရာ ဥတစ်မျိုး ရဲ့ အနှစ်မွှေထား တာနဲ့ ဆံပင် အနှံ့ကို တစ်နာရီခန့် အကြာ သုတ်လိမ်းထားပြီးမှ ခေါင်းလျှော် ချတာမျိုးဟာ ဆံပင်ကို သန်စွမ်းစေသလို လတ်တလော ကြမ်းတမ်းနေတဲ့ ဆံပင်တွေ ကို ပျော့ပျောင်း သွားစေတဲ့ နည်းကတော့ သဘာဝ အုန်းဆီကို တစ်ခေါင်းလုံး နေရာအနှံ့လိမ်းထား ပြီး တစ်နာရီခန့် အကြာမှာ ရေဆေးချလိုက်တဲ့ နည်းပါပဲ။

ဒီတော့ Valentine’s day အတွက် ချစ်သူ နဲ့ ချိန်းဆိုထားခဲ့ရင် ဒီလို လွတ်လပ်ပေါ့ပါး နေစေ မယ့် အလှအပမျိုး ပိုင်ဆိုင်ထားတဲ့ ဟန်ပန်နဲ့ ရဲဝံ့စွာ သွားလိုက်ပါ။ ရတီ ပျိုမေ တို့ဟာ နေ့တစ် ဝက်ခန့် အကြာမှာ ပြင်ဆင် လာခဲ့တဲ့ အလှ ပျက်သွားမှာမျိုးကို ပူပင်ရတဲ့ စိတ်မျိုး မရှိတော့ဘဲ လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်ရမှာပါ။

ရွှေနေခြည်

Viewing all 55 articles
Browse latest View live