အပြောကျယ်တဲ့ မိတ်ကပ်ကမ္ဘာလို့ ပြောရတာက ဒီလိုပါ။ အချို့က မိတ်ကပ် (Make up) အချို့က Cosmetics လို့ခေါ်ကြတဲ့ အလှပြင် ပစ္စည်းလေးတွေကို လူတွေအသုံးပြု လာ ကြတာ အနည်းဆုံးနှစ်ပေါင်းခြောက်ထောင် ကျော်ရှိနေ လို့ပဲ ဖြစ်ပါတယ်။ အချို့ပညာရှင်တွေ က မျက်နှာ မှာ ခြယ်သတဲ့ မိတ်ကပ်ပညာမဟုတ်သေးဘဲ ခန္ဓာကိုယ်မှာ body Art သဖွယ်ပြင်ဆင်တဲ့ ပြုပြင် မှုကို ပြုလုပ်တာက ကျောက်ခေတ်အလယ် လောက်ကတည်းကလို့ ပြောကြတဲ့အတွက် တွက်ကြည့်မယ်ဆို လွန်ခဲ့တဲ့ နှစ်ပေါင်းတစ် သိန်း လောက်ကတည်းက အသုံးပြုလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလောက်နှစ်တွေများစွာ ကြာမြင့်တဲ့ ကာလတွေကနေ အခုလက်ရှိအထိဆိုတော့ တကယ်ကို အပြောကျယ် တဲ့ ကမ္ဘာတစ်ခုဖြစ်သွား ရတဲ့ မိတ်ကပ်(Make up) ကို သမိုင်းပညာရှင် တွေက ဒီလိုကာလသတ်မှတ်ပြီး ဖော်ပြပေးထား ပါတယ်။
ရှေးကျတဲ့ အီဂျစ်များ
ရှေးဟောင်းသုတေသနပညာရပ်ကနေ သက်သေပြနေတာက မိတ်ကပ်ရဲ့အစဟာ အီဂျစ်နဲ့ ဂရိလူမျိုးတွေပဲ ဖြစ်ပါတယ်။ အီဂျစ်လို့ ပြောလိုက်ရင် အလှဘုရင်မ ကလီ ယို ပတ်ထရာ ရဲ့ အလှပြင်နည်းတွေကို ပြေးမြင်ကြပါတယ်။ တကယ်တော့ ကလီယိုပတ်ထရာတို့ခေတ်မတိုင် မီ ခရစ်မပေါ်မီနှစ်ပေါင်း ၄ဝဝဝ (4,000 BC) ကျော်ကတည်းက မိတ်ကပ်ကို အီဂျစ်တွေက အသုံးပြုလာကြတာပဲ ဖြစ်ပါတယ်။ ရှေးဦးအီဂျစ် တွေရဲ့ ထင်ရှားတဲ့ မိတ်ကပ်ပညာကတော့ မျက်ခုံးနဲ့ မျက်လုံးကို သိုးကရတဲ့ အဆီနဲ့ ခဲကို အမှုန့် ပြုထားတဲ့ ကာခြယ်အသုံးပြုပြီး ခြယ်သကြ တာပဲ ဖြစ်ပါတယ်။ ဒါအပြင်နွားနို့နဲ့ ရေချိုးတဲ့ ကလီယိုပတ်ထရာရဲ့ နည်းဟာ အသစ်အဆန်း တစ်ခု မဟုတ်ပါ ဘူး။ ရှေးဦး အီ ဂျစ် တွေဟာ ရေချိုးရင်အသားအရေ နူးညံ့မှုရှိအောင် နွားနို့နဲ့ ပျားရည်ကို ထည့်ပြီး ချိုးကြပါသေးတယ်။
ရောမနဲ့ ဂရိများ
အေဒီ (၁ဝဝ) နားရောက်လာတဲ့အခါမှာ တော့ ရောမတွေဟာ ဝိုင်အရက်ကိုပါးနီအဖြစ် အသုံးပြုပြီး ညိုမှောင်တဲ့ သူတို့အသားအရေကို ဖြူဖို့အတွက် မြေဖြူမှုန့်နဲ့ပွတ် လိမ်း ကြပါတယ်။ ဝက်ခြံကုထုံးအဖြစ် မုယောစပါးနဲ့ ထောပတ်ကို ရောပြီး တီထွင်အသုံးပြုတတ်နေပါပြီ။ ဒါအပြင် ရောမတွေဟာ ဆံပင်ကိုလည်း အရောင်ဆိုးလာ ကြပါပြီ။ သူ တို့ရဲ့ ဆံပင်ဆိုးဆေးဟာ ရေမှာ ပျော် ဝင်တဲ့ပိုတက်စီယမ်ကာဘို နိတ်တစ်နည်း ပိုတက်ရှ်ကို အခြေခံကာ ဖော်စပ်တာဖြစ်တာ ကြောင့် အများစုဟာ ဆံပင်တွေ ကျွတ် ကုန် ကြပြီး ဒီလိုလူတွေကို ဆံပင်တုတွေတပ်ထားကြဖို့ အများ က ဖိအားပေးကြပါတယ်။ ဂရိတွေကတော့ သူတို့ ပါးနဲ့နှုတ်ခမ်းကို ဘယ်ရီသီးမှရတဲ့ တောက်ပတဲ့ အနီရည်ကို ဆိုးကြပြီး မျက်တောင်တွေကိုတော့ အမည်းရောင် အမွှေးတိုင်လိုအရာနဲ့ ပွတ်ပြီးမည်း အောင် ပြင်လာခဲ့ကြပါတယ်။
အလယ်ခေတ်များ
အလယ်ခေတ်တွေမှာ ကတော့ အသားရောင် ဟာညိုဆဲဖြစ်တာကြောင့် အသားဖြူဖို့ကသာ အဓိက ပြင်ဆင်မှုဖြစ်ခဲ့ပါတယ်။ အမျိုးသမီးတွေ ဟာ ဖြူဖျော့တဲ့ အသွင်ရဖို့ ဆေးခြယ်လာကြသလို နောက်ဆုံးဖြူဖျော့တဲ့အသွင်ဖြစ်ဖို့ ခန္ဓာကိုယ်ထဲ က သွေးတောင်ဖောက်ထုတ်ကြပါတယ်။ တက်တူး ထိုးတာ၊ ခြယ်သတာတွေ အဲဒီခေတ်မှာ အ လွန် ခေတ်စားပြီး အရောင်ပါတဲ့ မျက်လုံးခြယ်သ မှုအတွက် အပြာ၊ အစိမ်း၊ မီးခိုးနဲ့ အညိုရောင်တွေ ထွက်ပေါ်လာပါပြီ။
၁၅ ရာစုမှ ၁၆ ရာစုအတွင်း
ဒီအချိန်တွေမှာတော့ မိတ်ကပ်ခြယ်သမှုကို တော်ဝင်တွေနဲ့ မြို့စား၊ နယ်စားတွေသာ အသုံးပြု ရပါတယ်။ ပြင်သစ်ပြည်မှာ ရေမွှေးဟာ အလွန် ခေတ်စားလာပြီး မျက်နှာအ တွက် အောက်ခံ မိတ် ကပ်ရဲ့ အစလို့ပြောရမယ့် ဖြူဖွေးစေတဲ့ မျက်နှာ ချေတွေသုံးတတ်လာပါပြီ။ ဖြူဖွေးစေတဲ့ အမျိုး အမည်တွေကို ကာဗွန်နိတ်၊ ဟိုက်ဒရောဆိုက်နဲ့ လိဒ်ေ အာက်ဆိုဒ်တို့ကနေ ယူတာဖြစ်ပြီး ဒီ အဆိပ်ဖြစ်စေတဲ့ ပစ္စည်းတွေ ခန္ဓာကိုယ်မှာ စုလာ တဲ့အတွက် ရေရှည်သုံးလာတဲ့အခါကြွက်သား တွေကစဥ့်ကလျားဖြစ် ကာ လြေ ဖတ်ခြင်း၊ သွက်ချာပါဒလိုက်ခြင်းတွေ ဖြစ်ခဲ့ကြပြီး ဒီထက် ပြင်းထန်လာတဲ့အခါ လူသေဆုံးတာတွေ ဖြစ်လာ ခဲ့ပါတယ်။
၁၈ ရာစု
၁၈ ရာစုရောက်တဲ့အခါမှာတော့ အထက် တန်းစားတွေအားလုံး မိတ်ကပ်လိမ်းကြ ပြီး အသုံးပြုတဲ့ ပစ္စည်းတွေမှာတော့ အဆိပ် အတောက်တွေ ပါနေဆဲပါပဲ။ ဒီကာလတွေ မှာ မျက်လုံးခြယ်တဲ့ ကာခြယ်ပြားတွေ၊ နှုတ်ခမ်း ဆိုးဆီတွေ ပေါ်လာပြီဖြစ်သလိုဒီပစ္စည်းတွေမှာ အဆိပ်ဖြစ်စေတဲ့ မာကျူရီဓာတ်တွေပါနေပါ တယ်။ ဒီအချိန်ကစပြီး အခု ထက်ထိ အသုံးပြုလာ တဲ့ မျက်နှာလိမ်းပေါင်ဒါဟာ အဲဒီတုန်းကတော့ အာဆင်းနစ်တွေ ပါနေပြီး နောက်ပိုင်းခေတ်တွေမှာ တော့ ဇင့်အောက်ဆိုဒ်ကို ပြောင်းပြီး အသုံးပြုခဲ့ ကြပါတယ်။
၁၉ ရာစု
၁၉ ရာစုမှာတော့ မိတ်ကပ်ဟာ ရောင်း ကုန်အဖြစ် ဈေးကွက်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါ တယ်။ ၁၉၁၃ ခုနှစ်မှာ မျက်တောင်ကော့ဆေး (Mascara) ကိုပြင်သစ်ဓာ တုဗေဒ ပ ညာရှင် ရေမွှေး တီထွင်သူတစ်ဦးဖြစ်တဲ့ Euge’ne Rimmel က စတင်ဖော်ထုတ်ခဲ့ပါတယ်။ ပျစ်ခဲပြီး ဆိုးရမလွယ်လှပေမဲ့ အဆိပ်အတောက်ကင်း တဲ့အတွက် ဥရောပ တစ်လွှား လူကြိုက်များခဲ့ပါ တယ်။ တစ်ကမ္ဘာလုံးအနှံ့ကိုတော့ ဒီအမျိုးအစား နဲ့တူညီပေမဲ့ ပိုပြီးကောင်းမွန်တဲ့ ပစ္စည်းအဖြစ် T.L.Williams က တီထွင်ခဲ့ပါတယ်။ သူဟာ ကုမ္ပဏီတစ်ခုထောင်ခဲ့ပြီး အမှတ်တံဆိပ် တစ်ခု အနေနဲ့ ယနေ့အထိ ကမ္ဘာ့အကောင်းဆုံး မိတ်ကပ်အဖြစ် စာရင်းဝင်တဲ့Maybelline ကို ထုတ်လုပ်ခဲ့ပါတယ်။ ၁၉ ရာ စုနှောင်းပိုင်းတွေမှာ တော့ မိတ်ကပ်ဟာ အမျိုးသမီးတွေအဖို့ ကိုယ် ဘာလဲဆိုတာကို ဖော်ထုတ်ပေးနိုင်တဲ့ ပစ္စည်း တစ်ခု ဖြစ်လာပြီး အမျိုးသမီးတွေဟာ မိမိရဲ့ စိတ် ခံစား မှု အလိုက်၊ ပြင်ဆင်ခြယ်သပုံအလိုက် ပုံစံ မျိုးစုံပြောင်းပြီး ခြယ်သလာနိုင်ပါတယ်။
ယနေ့ခေတ်
ယနေ့ခေတ်မှာတော့ မိတ်ကပ်ဈေးကွက်ဟာ နှစ်စဉ် သန်းပေါင်း ကုဋေနှစ်ဆယ်ကျော်တဲ့အထိ ဝယ်လိုအားရှိပြီး ရောင်းအားကောင်းတဲ့ ကုန် ပစ္စည်းဖြစ်လာပါတယ်။ ကနေ့ ခေတ်မိတ်ကပ်မှာ တော့ အိုမင်းမှုကို ဆန့်ကျင်နိုင်ဖို့နဲ့ နုပျိုတဲ့အလှ ဖြစ် ဖို့က အဓိကဖြစ်ပါတယ်။ ဒါအပြင် အမျိုး အစား များစွာရှိနေပြီဖြစ်သလို သဘာဝဆန်တဲ့ ခြယ်သ မှု က စကာထင်ရှားလွန်းတဲ့ ပြင်ဆင်မှုဖြစ်တဲ့ ပြဇာတ်နဲ့ရုပ်ရှင်မှာသုံးတဲ့ ပြင်ဆင်မှုအသွင်အပြင် အထိ လိုက်လျောညီထွေ ပစ္စည်းတွေများစွာရှိနေ ပါပြီ။ခေတ်အစားဆုံး ကေ တာ့ သဘာဝပစ္စည်း တွေကနေ အရင်းအမြစ်ရယူထားတဲ့ Mineral Make up ကစ ဖြစ်ပြီး အဓိကအားဖြင့် တိုင်တေနီယမ် ဒိုင်အောက်ဆိုဒ်ပါဝင်ပြီး SPF လည်းထည့် သွင်း ပေးထားပါတယ်။ ဒါကြောင့် အသားအရေကို သဘာဝအတိုင်းနုပျိုပြီး အပြစ်အနာအဆာကင်း အောင်ကူညီပေးနိုင်သလို မိတ်ကပ်တွေမှာ ပါနေ ကျ အဆီအစားရေ ဓာတ်ကိုပိုမိုဖြည့်သွင်းပေးတဲ့ အတွက် အသားအရေအတွင်းပိုင်းအထိ ရေဓာတ် ရောက်ရှိပြီး အသားအရေမှာ အရေးကြောင်းနဲ့ အတွန့်တွေမဖြစ်အောင် ကာကွယ်ပေးနိုင် ပါ တယ်။ Mineral Make up လို့ ပြောလိုက်တဲ့ အတွက် Foundation သို့ base တစ်ခုပဲ ရှိတာ မဟုတ်ပါဘူး။ မျက်တောင်ကော့ ဆေး၊ လိုင်နာ၊ ဆံပင်ဟိုက် လိုက်ဖော က်ဆေး၊လက်သည်း ဆိုး ဆေး၊ ပါးနီ၊ မျက်လုံးခြယ်ဆေးနဲ့ ခန္ဓာကိုယ် တောက်ပစေတဲ့ အဆီ(Body Shimmer) အထိ ငြညနမေူ အမျိုးအစားတွေ ရှိပါတယ်။မိတ်ကပ်တွေ မှာ အဓိကပါဝင်တဲ့ ပစ္စည်းတွေကမိတ်ကပ်တွေမှာ ပါတဲ့ပစ္စည်းတွေနဲ့ ပတ် သက်ရင် အလှကုန်ပစ္စည်းကုမ္ပဏီတွေက လျှို့ဝှက် ချက်တစ်ခုအနေ နဲ့ထားရှိကာထုတ်ဖော် မပြော ကြပါဘူး။ အမျိုးအစားနဲ့ စွမ်းဆောင်ရည် အပေါ် မူတည်ပြီး ပစ္စည်းတွေပြောင်းသွားနိုင်ပေမဲ့ အားလုံးဟာ အခြေခံအားဖြင့်တော့ ထပ်တူညီတဲ့ ပစ္စည်းတွေကိုပဲ အ သုံးပြုကြတာပဲ ဖြစ်ပါတယ်။
အောက်ခံမိတ်ကပ်(foundation) တွေမှာ အစိုဓာတ်ရစေဖို့ အခြေခံအားဖြင့် ရေနဲ့အတူ အဆီ(သို့) ဖယောင်းကို ချောမွေ့တဲ့အထိ စစ် ထုတ်ပြီး အသုံးပြုကြပါတယ်။ အ သားရောင်အနု အရင့်ပေါ်မူတည်ပြီး အိုင်းယွန်းအောက်ဆိုဒ်ကို အတိုးအလျှော့ လုပ်ကာထည့်ကြပါတယ်။ ဒါအပြင် အသားအရေလိုအပ်ချက်အရ ဂျိုဂျို ဘားဆီ (Jojoba Oil) အသားခြောက်ခြင်း သက် သာစေဖို့ ထည့်သွင်းသလို ဝက်ခြံအတွက် ဆယ်လီဆိုင်လစ်အက်စစ်ကို ဖြည့်ကာ ပေါင်းစပ် ကြပါတယ်။ မျက်တောင်ကော့ဆေးမှာလည်း အနက် ရောင်တွေ ကာဗွန်နဲ့ အိုင်းယွန်းအောက်ဆိုဒ်ကို သုံးပြီးမျက်တောင်တွေဆီမှာ ကပ်နေစေဖို့ ဖယောင်းနဲ့ သိုးမှရတဲ့ အဆီ (Loatin)၊ ရနံ (Petroleum) စတာတွေ ကို အခြေခံအဖြစ် ယူကြ တာချည်းပါပဲ။ နှုတ်ခမ်းနီမှာဆိုလည်း အဆီ ဖယောင်း၊ အစိုဓာတ်ဖြည့်သွင်းဆေးနဲ့ ရောင် ခြယ်ပစ္စည်းစတာတွေကို မပါမဖြစ် ထည့်သွင်း ရပါ တယ်။ ဖယောင်းအတွက် ပျားမှရတဲ့ ဖယောင်း ဘရာဇီးမှာပေါက်တဲ့ ဆီးပင်မှရတဲ့ ဖယောင်း(Carnauba wax) နဲ့ ချုံကပ်နွယ်ပင် Candelilla မှရတဲ့ Candelilla wax ကို အများဆုံးသုံးကြပါတယ်။ အဆီကတော့ ကြက် ဆူ၊ သံလွင်၊ သိုး အဆီစတာကိုသုံးကြပါတယ်။အစိုဓာတ်အတွက် ရှားစောင်းလက်ပပ်နဲ့ ဗီတာမင် အီးကို သုံးကြပါတယ်။
နှစ်ပေါင်းထောင်နဲ့ချီကာ ဖြတ်သန်းလာတဲ့ မိတ်ကပ်သမိုင်းမှာ မကောင်းတာတွေဖယ်ပြီး ကောင်းတာတွေထည့်သွင်းကြပေမဲ့ အပြိုင်အဆိုင် ဈေးကွက်ဖြစ်လာတဲ့အခါ အ စွန်းရောက်တဲ့ ယှဉ် ပြိုင်မှုတွေနဲ့အတူ အလှကုန်ကုမ္ပဏီတွေဟာ မလုပ်သင့်တဲ့အမှားတွေကို ပြုလုပ်လာကြပါတယ်။ ဥပမာ – နှုတ်ခမ်းနီနဲ့ ကာခြယ်တွေမှာ ခဲ (Lead) ပါနေ တာမျိုး တာပင်တိုင်နဲ့ ဆံပင်ဆိုးဆေးလို ဓာတုပစ္စည်းအထည့်များတဲ့အတွက် အချို့ Mascara တွေဟာ သုံးစွဲသူကို မျက်စိကွယ် လာစေခြင်းစတဲ့ ဆိုးကျိုးတွေပေါ် လာ ပါတယ်။ ဒါကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးစီမံမှု(FDA) အဖွဲ့အစည်းက စိစစ်မှုတွေ ပြုလုပ်ပြီး စိတ်ချ ယုံကြည်ရမှ ဈေးကွက်သို့ ဖြန့်ချိခွင့်ကို ပေးပါတော့ တယ်။ ဒါေ ကြာင့် မိတ်ကပ်ဝယ်တဲ့အခါ FDA စစ်ဆေးပြီး စာတမ်းပါတာကို သတိထားပြီး ကြည့် ကာသုံးစွဲပါ။
ယနေ့ခေတ်ရဲ့ ဖက်ရှင်လောကမှာ နာမည် အကြီးဆုံး မိတ်ကပ်ပညာရှင်များ
ဖက်ရှင်ရှိုးလို့ပြောလိုက်တာနဲ့ ပထမဆုံး တွေးတာက မော်ဒယ်တွေနဲ့ အဝတ်အစားဒီဇိုင်နာ တွေပါပဲ။ ဒါပေမဲ့ သူတို့တွေရဲ့ နောက်မှာ မိတ်ကပ်ပညာရှင်တွေရှိနေပါတယ်။ မိတ်ကပ် ပညာရှင်တွေဟာ မော်ဒယ်ရဲ့ သဘာဝအလှကို ပေါ်လွင်အောင်ပြင်ပေးနိုင်သလို ဒီဇိုင်နာရဲ့ စိတ်ကူးကိုလည်း အပြည့်အဝပုံဖော်ပေးနိုင်သူများ ဖြစ်တာကြောင့် Make up Artist တွေဟာ လက်ဖျားငွေသီးကြသူများပဲ ဖြစ်ပါတယ်။ ဒီလို Artist ပေါင်းများစွာအနက် ကမ္ဘာကျော်ဖက်ရှင် Brand များစွာရဲ့ လက်စွဲဖြစ်သလို ယနေ့ခေတ် ရဲ့ အတော်ဆုံး Artist အဖြစ် အလှကုန်ကုမ္ပဏီ များစွာရဲ့ ကမ်းလှမ်းမှုကို ခံနေရတဲ့ Top Five တွေကို ဖော်ပြပေးချင်ပါတယ်။
Sam Fine
အာဖရိကန် -အမေရိကန်လူမျိုး Sam Fine ဟာ ယနေ့ကမ္ဘာမှာ ပညာခအမြင့်ဆုံးမိတ်ကပ် ပညာရှင်ဖြစ်ပြီး တစ်နေ့ကို အချိန်ပိုနဲ့ ခရီးသွား လာကြေးမပါဘဲ အသား တ င်ဒေါ်လာ ၃၅ဝဝ ခန့် ပေးရသူပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပြင်ဆင်မှုနဲ့ နာမည် ကျော်ခဲ့ရသူများကတော့ နာအိုမီကင်းဘဲလ်၊ အိုင်မန်နဲ့ တာရာဘန့်တို့ပဲ ဖြစ်ပါတယ်။ ဗနက် ဆာဝီ လျံ၊ ကွင်းလာတီဖာနဲ့ ပတ်တီလေဗယ်တို့ ဟာလည်း သူ့ရဲ့ ဖောက်သည်တွေပဲ ဖြစ်ပါတယ်။ Fine ရဲ့အားသာချက်က အရောင်နိုင်နင်းတာ ဖြစ်ပြီး အခြေခံအသားရောင်ကို ညှိပြီးပြင်ဆင် ပေးတာဟာ ဘယ်သူမှလိုက်တုလို့မမီပါဘူး။ ဒါကြောင့် သူဟာ Revlon Cosmetics မှာ ပထမဆုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် A trican -American လူမျိုးဖြစ် လာခဲ့ပါတယ်။ သူရဲ့ ပညာ နဲ့ပတ်သက်ပြီး စာအုပ်ထွက် ထားသလို သူ ဟာ အသားအရောင်ကို ဂရုစိုက်စရာမလိုဘဲ စိတ် ကြိုက်Toundation နဲ့ Powderတွေသုံးနိုင်တဲ့ င်္Fashion Fair Cosmetics မှာလည်းတီထွင်မှု ဒါရိုက်တာအဖြစ် တာဝန်ယူထားပါတယ်။ ဒီက နေ အမျိုးသမီးတွေအနေနဲ့ အဖြူသာမက အမည်းရော အဝါပါမကျန် အဆ င်ပြေပြေနဲ့ အသုံးပြုနိုင်တဲ့ Make up Series တွေကို ထုတ် လုပ်ပေးနေပါတယ်။
Charline Green
သူမကို မိတ်ကပ်လောကက Betsey Johnson လို့တင်စားကြပါတယ်။ သူမရဲ့ မိတ်ကပ်ပညာက တစ်မျိုးတစ်ဘာသာဆန်းပြား နေပြီး မိတ်ကပ်ပြင်နေချိန်မှာ ပြင်ဆင်သူရဲ့ မျက်နှာကို ကင်းဗတ်စလို့ သဘောထားကာ မိတ်ကပ်လိမ်းနေချိန်တွေမှာ မိတ်ကပ်လိမ်းနေချိန် တွေမှာ သူမကိုဘယ်လိုလုပ်ပေး ပါဆို တဲ့ တောင်းဆို ချက်ကိုလုံးဝလက် မ ခံသူပဲ ဖြစ်ပါတယ်။ သူမပြင်ဆင်တဲ့အခါ ပြင်ရမယ့် သူ့ရဲ့ မျက်နှာကို တစ်ချက်လောက်သာ ကြည့်လိုက်ပြီးနောက် သူမ နဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် ပုံစံကိုဇယ်ဆက် သ လို ပြင်ပြနိုင်သူပဲဖြစ်ပါတယ်။ သူမနဲ့ လက်တွဲ လုပ်နေတဲ့ Fashion နဲ့ မိတ်ကပ် Lines တွေ ကတော့ Ann TayLor , Esprit, Estee Lauder ကစပြီး Revlon အဆုံး ပြဲ ဖစ်ပါတယ်။ Celebrities အနေနဲ့ အယ်လီရှာကီးလ်၊ ဂျိုလီ၊ စလင်းဒီယွန်၊ ရှားလိစ်သီရွန်၊ ကိတ်ဘက်ကင်ဆေး၊ ကေတီဟုမ်း၊ ဂွင်းစတတ်ဖနီ၊ ပဲရစ်ဟီတန်၊ ပင်နီလို ပီခရုဇ်၊ ဆယ်မာဟဒ်နဲ့ ရှားနိုင်းယားတွိုင်းတို့ကို တာဝန် ယူပေးနေပါတယ်။
MCGrath
Vogue မဂ္ဂဇင်းကတော့ သူမကို ယနေ့ မိတ်ကပ်ကမ္ဘာရဲ့ သြဇာတိက္ကမအကြီးဆုံးပညာရှင် အဖြစ်အမည်ပေးထားပါတယ်။ သူမရဲ့ထူးခြား ချက်က ဖက်ရှင်သာမက မိတ် ကပ်မှာပါ သင်တန်း တွေတက်ပြီး အခြေခံဆည်းပူးမှုဘာမှ မရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူမမိခင်နဲ့အတူ Classic Movie တွေကြည့်ပြီး အမေညွှန်ကြားပေးတဲ့ အလှ အပ ဆိုင်ရာ အချက်အလက်တွေက သူမရဲ့ Training ပဲ ဖြစ်ပါတယ်။ သူမဟာ အင်္ဂလန်နိုင်ငံ၊ Northampton မှာရှိတဲ့ School ကနေ Art Foundation Course ကိုပြီး ဆုံး သွားပြီး နောက် ပိုင်း ပဲရစ်၊ မီလန်နဲ့ နယူးယောက်က Fashion Runways တွေမှာ ကျင်လည်ခဲ့သူပဲ ဖြစ်ပါတယ်။ သူမဟာ Armani ရဲ့ Cosmetic Line မှာ အကောင်းဆုံး၊ လုပ်ပြနိုင်ခဲ့သလိုMax Factor နဲ့ Cover Girl Cosmetic Line မှာ အကောင်း ဆုံးလုပ်ပြိုင်ခဲ့သလို Max Factor နဲ့ Cover Girl Cosmetic မှာလည်း Beauty Director အဖြစ် တာဝန်ယူထားပါတယ်။
Tom Pecheux
သူ့ဘဝကို စားဖိုမှူးအဖြစ် စတင်ရာကနေ Make up Artist ဖြစ်လာရသူပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ပဲရစ်ကိုပြောင်းခဲ့ပြီး Night Club တစ်ခုမှာ Le Palace လို့ ခေါ်တဲ့ မိတ်ကပ်ပညာရှင်နဲ့ ခင်မင်ခဲ့ရပြီး နောက်ပိုင်း မိတ်ကပ်လိုင်းထဲဝင်လာပြီး အဲဒီကတည်းက နာမည်ကြီးခဲ့တာ အခုထိပါပဲ။ သူဟာ ၁၉၉၇ ခုနှစ်အတွက် Vanity Fair မဂ္ဂဇင်းရဲ့ Cover မှာ တော်ဝင်မင်းသမီးဒိုင်ယာနာကို မိတ်ကပ်လိမ်းပေး ပြီး နောက်ပိုင်း ဂျူလီယာရောဘတ်နဲ့ ရှားလိစ် သီရွန်တို့က သူရဲ့ပြင် ဆင်ပေးမှု ကို တောင်းဆိုခဲ့တဲ့ အတွက် သူမတို့ရဲ့ အရေးကြီးတဲ့ ပွဲတိုင်းကို လိမ်း ပေးရပါတယ်။ သူဟာ L’oreal မှာ ပညာရှင် အဖြစ် တာဝန်မယူသေးခင် ဂျပန်ကုမ္ပဏီ Shiseido အတွက် Make up image Creator အဖြစ် ၂ဝဝ၁ ခုနှစ်အတွက် Shiseido ရဲ့ နိုင်ငံတကာလိုင်းဖြစ်တဲ့ The Make up ကိုတီထွင် ပေးခဲ့ပါတယ်။ သူရွေးပေးခဲ့တဲ့ အေ ရာင်အတွဲ အစပ်တွေဟာ အခုထက် ထိ ခေတ်စားနေဆဲပဲ ဖြစ်ပါတယ်။ သူနဲ့အတူ အခုချိန်ထိ ပုံမှန်လက်တွဲ ပြီး အလုပ်လုပ်နေတာကPrada နဲ့ Gucci ပဲဖြစ်ပါတယ်။ သူ့ ရဲ့လက်ရာတွေကိုတော့ vogue ရဲ့ Covers တွေမှာ မကြာခဏမြင်ရပါတယ်။ လက်ရှိမှာတော့ သူဟာ Estee Lauder နဲ့ လက်တွဲပြီး Creative Director အဖြစ်တာ ဝန် ယူနေပါတယ်။
Gucci Westmen
သူမက ကယ်လီဖိုးနီးယား (အမေရိကန် ပြည်ထောင်စု) နဲ့ဆွီဒင်နိုင်ငံမှာ တစ်လှည့်စီကြီး ပြင်းခဲတဲ့အတွက် သူမရဲ့ ဖန်တီးမှုက မတူညီတဲ့ယဉ်ကျေးမှုကြား ကရလာ တာဖြစ်တဲ့အခါ ဆန်းကြယ်ပါတယ်။ အမျိုးသမီးတစ်ယောက်ကို အလှဆုံး ဖြစ်အောင်ပြင်ပေးနိုင်သလို အမျိုးသမီး တစ် ယောက်ရဲ့ အလှကိုအမျိုးသားတွေ ခံစားရရုံ မက မိန်းမသားချင်းပါ ငေးကြည့်ရသည်အထိ ပြင်ဆင် ပေးနိုင်ပါတယ်။ သာဓကအဖြစ် နာတလတ်လီပေါ့မန်းနဲ့ ဒရူးဘယ်ရီမိုးကို ထုတ်ပြ ရပါမယ်။ သူမဟာ Lancome အ တွက်International Artistic Director အဖြစ် တာဝန် ယူပြီး ကုမ္ပဏီအတွက် အရောင်အတွဲ အစပ်ကို တီထွင်ပေးရသလို မော်ဒယ်တွေ ကြော်ငြာ မိတ်ကပ်အတွက် လိမ်းခြယ်မှုလည်း လုပ်ပေးရ ပါတယ်။ ဒါအပြင် Lancome နဲ့ တွဲဖက် တင်ဆက်တဲ့ Beauty & Fashion Events တွေမှာလည်း ကိုယ်စားပြုအဖြစ် မျက်နှာပြပေး ရပါတယ် ။ ၂ဝဝ၈ ခုနှစ်မှာတော့ သူမဟာ Lancome မှာထွက်ခွာပြီး Revlon မှာ Global Artistic Director အဖြစ် တာဝန်ယူပြီး Daydreamer နဲ့ Suede Rhapsody ဟာ သူမ ရဲ့ စွမ်းဆောင်မှုကို ဖော်ပြမှုအဖြစ် မှတ်တမ်းဝင် ပါတယ်။ဒါကတော့ မျက်မှောက်မိတ်ကပ်ကမ္ဘာမှာ အောင်မြင်မှု အရှိဆုံးနဲ့ တီထွင်ဆန်းသစ်မှုအပြု နိုင်ဆုံး Artist ၅ ဦး ပဲ ဖြစ်ပါတယ်။ Artist တွေ ပြီးတဲ့နောက်မှာတော့ ၂ဝ၁၃ ခုနှစ် စစ်တမ်းအရ အချိန်တိုင်းအတွက် အကောင်းဆုံးစာရင်းဝင်တဲ့ Product 10 မျိုးကို ဖော်ပြပေးပါ့မယ်။
Top Ten Make up Brands
မိတ်ကပ်ဈေးကွက်နဲ့ ပတ်သက်ပြီး Global Cosmetics Industry Magazine ရဲ့ ဖော်ပြ ပေးချက်အရ သိရတာက ၂ဝ၁၃ ခုနှစ်အတွက် ကမ္ဘာအနှံ့ ၂၃ဝကုဋေအထိေ ရာင်းအားရှိပြီး အဆင့်မြင့်နည်းပညာသုံးသာမက သဘာဝအရင်း အမြစ်သုံးမိတ်ကပ်ပစ္စည်းပါမကျန်ရောင်းရကြောင်း ဖော်ပြပေးထားပါတယ်။ ဒီလိုရောင်း အားမြင့် လာရ တာဟာ ရုရှားနဲ့အာရှကို အရောင်း ဈေးကွက်ချဲ့ထွင်နိုင်ခဲ့တာကြောင့်လို့ သိရပါတယ်။ အာရှက Celebrities တွေ ဥရောပကို ထိုး ဖောက်နိုင်မှုက တစ်ဆင့် သူတို့  ရဲ့ အောင်မြင်မှု နဲ့အတူ Make up labels တွေ ကပ်ပါသွားတာ ကြောင့် ဈေးကွက်အသစ်ရခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လူထုထဲကျယ်ကျယ်ပြန့်ပြန့်ရောက် သလို Celebrity နဲ့ Show တွေအထိပါ ထိုးဖောက်နိုင်တဲ့ top 10 Cosmetics Brand 10 ခုကို အခုလို စစ်တမ်းကောက်ထားနိုင်ခဲ့ပါ တယ်။
Clinique (ကလင်းနစ်)
ပြင်သစ်အခြေစိုက် Clinique ရဲ့ အကျော် ကြားဆုံးအချက်က Allergy Tested ပြုလုပ်ထားပြီး Allergy -free product ဆိုတာပါ ပဲ။ သူဟာ အသားအရေ ပညာရှင်အား လုံးရဲ့ လမ်းညွှန်ပေးမှုအတွက် သုံးစွဲသူများရဲ့ ယုံကြည် မှုကို ရရှိနေတာပဲ ဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာက တစ်ကမ္ဘာလုံး အတွက် တူညီတဲ့ product ကို မထုတ်တာပဲ ဖြစ် ပါတယ်။ ကမ္ဘာအနှံ့ရာသီဥတုနဲ့ နေထိုင် မှီတင်း တဲ့ လူတွေရဲ့ လိုအပ်ချက်အရသာ မိတ်ကပ် ပစ္စည်းကို ထုတ်လုပ်ထားခြင်းကြောင့်လည်း ကမ္ဘာ့နဲ့တစ်ဝန်းသုံးစွဲနိုင်ပြီး နံပါတ်၁ဝ နေရာကို အချိန်တိုင်းအတွက် ရရှိထားပါတယ်။
MAC (အမ်အေစီ(သို့) မက်)
MAC ဆိုတာMake up Art Cosmetics ကို အတိုကောက်ယူထားတဲ့နာမည်ပဲ ဖြစ်ပါတယ်။ MAC ဟာထူးခြားပြီးဈေးနှုန်းမြင့်မားတဲ့ products တွေ ထုတ်လုပ်ခဲ့ တာေ ကြာင့် Celebrities တို့အကြား နာမည်ကြီးတဲ့ တံဆိပ် ဖြစ်လာပါတယ်။ ဒီလိုနဲ့နေရင်းကနေ လူအတန်း အစားမရွေး မိန်းမသားတို့ လိုအပ်တဲ့ အလှကုန် တွေ မှန်သမျှ ထုတ်လုပ်နိုင်တဲ့အတွက် MAC ဟာ ရောင်းအားကောင်းသလို စွမ်းရည်အမြင့်ဆုံး နံပါတ် ၉ ဖြစ်ခဲ့တာပါ။
မေဘလင်းန် (Maybelline)
မိတ်ကပ်ဘိုးအေကြီးလို့ ပြောရလောက်တဲ့ အထိ နှစ်ပေါင်းများစွာကြာမြင့်နေပြီ ဖြစ်သလို ဆန်းသစ်တီထွင်မှုများ စဉ်ဆက်မပြတ်ပြုလုပ်နိုင် တဲ့ Brand တစ်ခုပဲ ဖြစ် ပါ တယ်။ Maybelline ဟာ ပါတီမိတ်ကပ်အတွက် နာမည်ကြီးပါတယ်။ သူဟာ အမျိုးသမီးတွေကို ချစ်ဖွယ်သောအလှ တရားဆီခေါ်ဆောင်ပေးနိုင်တဲ့ brand တစ်ခု ပဲ ဖြစ်ပါတယ်။ သူဟာ လိမ်းခြယ်ရလွယ်ကူတဲ့ ဖော်မြူလာကို အသားပေးတာကြောင့် မတူညီတဲ့ အသားအရေတိုင်းမှာ အဆင်ပြေပြေ အသုံးပြုနိုင် တဲ့ အတွက် နံပါတ် ၈ နေရာမှာ ရပ်တည်နေတာ ပဲ ဖြစ်ပါတယ်။
Urban Decay (အာဘန်ဒီကေး)
မိတ်ကပ်သက်တမ်းအရ ၁၉၉၆ မှစတင်ပြီး ထုတ်လုပ်ခဲ့တာဖြစ်တဲ့အတွက် သက်တမ်းအတော်နုပါသေးတယ်။ ဒါပေမဲ့ ဒီအမေရိကန်မိတ် ကပ်ဟာ အလွန်ကို အသုံး တည့် တဲ့ Product တွေကို စဉ်ဆက်မပြတ်ထုတ်လုပ်ထားနိုင်မကြောင့် အချိန်တိုအတွင်း ဈေးကွက်အကြီးကြီးကို ပိုင်ဆိုင်ထားနိုင်တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ နာမည်ကျော် product တွေက မျက်လုံးအတွက် များပြီး Naked Collection ကတော့ အားလုံးကို အဆွဲဆောင်နိုင်ဆုံးပဲ ဖြစ်တာကြောင့် နံပါတ် (၇) နေရာမှာရပ်တည်မှုခိုင်ခံ့နေတာ ပဲဖြစ်ပါတယ်။
Oriflame(အိုရီဖလိန်းမ်)
ဆွီဒင်နိုင်ငံသားညီအစ်ကိုနှစ်ဦးက ၁၉၆၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Oriflame ဟာ အချိန်တိုပေမဲ့ ထိရောက်အကျိုးရှိတဲ့ Product တွေကို စဉ်ဆက်မပြတ် ထုတ် လုပ်ပြီး နိုင်ငံပေါင်း ၆ဝ ကျော်မှာ သူတို့ရဲ့ Brand ကိုသုံးစွဲနေကြပါ တယ်။ အကောင်းဆုံး အရည်အသွေးကို မိတ်ကပ်မှာထက် Skincare ပိုင်းမှာ ပိုပြနိုင်တာ ကြောင့် ကမ္ဘာ့ဈေးကွက်ကို အချိန်တိုအတွင်း ကြီးမားကျယ်ပြန့်စွာ ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ စီးပွားရေးတစ်ခုတည်းကိုမကြည့်ဘဲ ပရဟိတလုပ် ငန်းတွေနဲ့ ချိတ်ဆက်ထားကာ ပစ္စည်းတစ်ခု ရောင်းရတိုင်း ဒီပစ္စည်းရဲ့ တန်ဖိုးတစ်စိတ် တစ်ဒေသဟာ ဒီလုပ်ငန်းတွေရဲ့ ရန်ပုံငွေထဲကို ရောက် သွားပါတယ်။ ဒါကြောင့် အတွင်းပိုင်းစိတ် အလှကို ပါ ဖြည့် ဆည်းပေးနိုင်တဲ့ Oriflame ဟာ အမျိုးသမီးတို့ရဲ့ အသည်းစိုင်ကို ဆွဲကိုင်နိုင်တဲ့ နံပါတ် ၆ ပဲ ဖြစ်ပါတယ်။
Cover Girl (ကာဗာဂဲလ်)
အမေရိကန်ထုတ် Cover Girl ဟာ ကမ္ဘာ နဲ့ တစ်ဝန်းနာမည်ကြီးတဲ့ တံဆိပ်ဖြစ်ပါတယ်။ Cover Girl ဟာ ကြော်ငြာအားကို အထူးအားပြုပြီး သူတို့ Product အတွက် ကမ္ဘာ့ဈေးအကြီးဆုံး မော်ဒယ်တွေဖြစ်တဲ့ Christie Brinkley နဲ့ Tyra Banks တို့ကို သုံးခဲ့တဲ့အထိ ငွေဖြုန်းနိုင်ပါတယ်။ ဒီလို ဖြုန်းအားကောင်း တာဟာ ရောင်း အား ကောင်းတာကြောင့်လည်း ဖြစ်ပါတယ်။ သူတို့ဟာ သာမန်ပြည်သူတွေ အသုံးပြုနိုင်တဲ့ အမျိုးအစား တွေသာမက Celebrities တွေပဲ သီးသန့် အသုံးပြုနိုင်တဲ့ အမျိုးအ စားတွေကိုပါ ထုတ်လုပ် ထားနိုင်ပါတယ်။
Avon (အေဗွန်)
Avon ဟာ Door to Doo ရောင်းချမှု ဈေးကွက်မှာ ဒုတိယအကြီးဆုံး ဈေးကွက်ရထား တဲ့ ကုမ္ပဏီပါ။ နိုင်ငံပေါင်း ၁၄ဝ ထက်မနည်းမှာ သူတို့ Product ကို ကျယ်ပြန့်စွာေ ရာင်းချနိုင်တဲ့ Brand တစ်ခုလည်း ဖြစ်ပါတယ်။ Door to Door စနစ်ဖြစ်တာကြောင့် ရောင်းအားကောင်းပေမဲ့ အမျိုးအစားအများကြီးကို တန်းဝင်အနေအထား မထား ရှိ တာကြောင့်နံပါတ် ၄ နေရာပဲ ရရှိတာ ဖြစ်ပါတယ်။ သူတို့ရဲ့ထူးခြားချက်က Avon ရဲ့ ပစ္စည်းတိုင်းဟာ ကမ္ဘာတစ်ဝန်းလုံးမှာ hot sale ဖြစ်နေတာပဲ ဖြစ်ပါတယ်။
Revlon (ရက်ဗလွန်)
အချိန်တိုင်းအတွက် အယုံကြည်ရဆုံးနဲ့ နှစ် ပေါင်းကြာမြင့်စွာ ဈေးကွက်တွင်းရှိနေမှုတို့ကြောင့် Revlon ဟာ မျိုးဆက်တွေ တစ်ဆက်ပြီး တစ် ဆက် လက်ဆင့်ကမ်း လာရ တဲ့ Product တစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ နာမည်ကြီးမှုက Founda-tion လိုင်းထက်Lipstick နဲ့ Lip gloss တို့မှာ ပိုပြီး အားသာတာကြောင့် Lipcare ပိုင်းမှာတော့ ဆ ရာကြီးပဲ ဖြစ်ပါတယ်။ ဒီဘက်နောက်ပိုင်းမှာ skincare Line ကိုထပ်မံ တိုးချဲ့လာပြီး ဒီလိုင်းမှာ လည်း သုံးစွဲသူများရဲ့ ယုံကြည်မှုကို အပြည့်အဝ ရထားပါတယ်။
Etude(အကျူ့ဒ်)
Top Ten စာရင်းမှာ သက်တမ်းအနုဆုံး Product ဖြစ်ပါတယ်။ ဒါအပြင် အာရှတိုက်က ထွက်လာတဲ့ တစ်ခုတည်းသော Brand ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံထုတ် အ မှတ်တံဆိပ်ပဲ ဖြစ်ပါတယ်။ သုံးစွဲရတာ အဆင်ပြေလှပမှု၊ အသားအရေအမျိုးအစားအလိုက် အဆင်ပြေပြီး မိတ်ကပ်သားစွဲမြဲမှုရှိစေမှုနဲ့ ယုံကြည်စိတ်ချ ရမှုစတာတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ နာမည် ချက်ချင်းရလာတာပဲ ဖြစ်ပါတယ်။ Etude ဟာအရောင်နဲ့ ပတ်သက်ရင် ရွေးစရာများပြီး ထွက်သမျှ၊ တင်သမျှ၊ အရောင်တွေဟာ သုံးစွဲသူ များရဲ့ စိတ်ကို ညှို့ယူနိုင်ပါတယ်။ ဒါကြောင့်လည်း အချိန်တို အတွင် Best Make up Brand ဖြစ်ခဲ့ ရတာပဲ ဖြစ်ပါတယ်။
L’oreal Group (လော်ရီယယ်လ်)
L’oreal ကတော့ ရေမွှေး၊ skincare၊ ဆံပင်စတာနဲ့ ပတ်သက်ပြီး Product ၅ဝဝ ကျော်ထွက်ရှိနေတာကြောင့် Group စာရင်းသွင်း ထားရတာပဲဖြစ်ပါတယ်။ L’oreal ဟာ သူတို့ Product ရဲ့အစကို Hair Color နဲ့ ဆက်စပ် ပစ္စည်းတွေထုတ်လုပ်ခြင်းကနေစခဲ့ပါတယ်။ ဒီကနေ တစ်ဆင့် ဈေးကွက်ကို ချဲ့ထွင်ပြီး အသား အရေသန့် စင် မှုပေး Product (Cleasing Line) နဲ့ တကွ မိတ်ကပ်ပိုင်းမှာပါ နာမည်ထပ်ရလာတာပဲ ဖြစ်ပါတယ်။ L’oreal ရဲ့ အကောင်းဆုံးက ဆံပင်၊ ဒုတိယအကောင်းဆုံး က Make up နဲ့ Skincare လိုင်းပဲဖြစ်ပါတယ်။ ဒါကြောင့် L’oreal ဟာ ၂ဝ၁၃ ခုနှစ်အတွက် အချိန်တိုင်းအတွက် အကောင်းဆုံး Brand နံပါတ်တစ်အဖြစ်ရပ် တည် နေနိုင် တာ ပဲ ဖြစ်ပါတယ်။ ဒီစာရင်းကို ပြုစုပေးသူ ကတော့ Sonia Kashuk ဖြစ်ပြီး ဒီစာရင်းပါတဲ့ စာအုပ်အမည်က ‘Real Beauty’ ပဲ ဖြစ်ပါ တယ်။Brand တွေပြီးတဲ့အခါမှာတော့ လက်ရှိဟော့နေတဲ့ မိတ်ကပ်အသစ်အဆန်းပြင်ဆင်မှုနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ မိတ်ကပ်ပြင်ဆင်မှုတွေကတော့ နှစ်အလိုက်အသစ်အဆန်းပေါ်နေပြီး ဒီအသစ် အဆ န်းနောက်ကို အမျိုးသမီးတို့ အဆင်ပြေပြေ လိုက်နိုင်တာရှိသလို မလိုက်နိုင်ဘဲ ငေးမောကြည့်ရုံ လောက်ပဲ တတ်နိုင်ခဲ့တာလည်း ရှိပါတယ်။ ဒါပေမဲ့ အခုခေတ်စားနေတဲ့ Make up Trend တွေကတော့ အလွယ်တကူလိုက်ပြီး လုပ်လို့ရတာမို့ ကြည့်ကြည့်လိုက်ပါဦး။
Nude Make up
Nude ဟာ လက်တလောမှာတော့ အဟော့ ဆုံးပါပဲ။ ပြင်ဆင်ရတာမြန်ဆန်သလို လွယ်ကူပြီး သဘာဝလည်းကျပါတယ်။ ထူထဲတဲ့ အောက်ခံ မိတ်ကပ်နဲ့ ပါးနီတွေ ကို မေ့ ထားလို့ရပါပြီ။ လိုအပ် တာကပေါ့ပါးတဲ့ အောက်ခံမိတ်ကပ်နဲ့ အရောင် မပါတဲ့ Eye Shadow နဲ့ Mascara ကောင်း ကောင်းပဲ လိုအပ်ပါတယ်။
Vampire Lips
ဒါကတော့ သွေးစုပ်ဖုတ်ကောင်ကားတွေဖြစ် Twilight Saga နဲ့ True Blood ရုပ်သံ ဇာတ်လမ်းတွဲတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုနီရဲတွတ်နေတဲ့ နှုတ်ခမ်းအစုံအ တွက် တောက်ပတဲ့ အနီရောင်ကို Matte Type (အမှိန်) ကိုရွေးဆိုး ကြပါတယ်။ အနီရောင်အစစ်မဟုတ်တဲ့ ဆီးသီး ရောင်နဲ့ လိမ္မော်နီရောင်တွေဟာလည်း ခေတ်စား ပါတယ်။
Full Eyebrows
မျက်ခုံးကို သေးသေးမျှင်မျှင်မဟုတ်ဘဲ အပြားလိုက်ကြီးပြန်ဆွဲတာ အခုခေတ်စားနေပါ တယ်။ အချို့က အမည်းရောင်ဆိုးပြီး အချို့က အရောင်ထည့်ဆိုးကြပါတယ်။ ဒါေ ကြာင့် မျက်ခုံး မွေးနုတ်ပြီး စင်ရော်တောင်ဖော်တာမျိုးကို မေ့ပစ် ပြီး Jumbo Brow လို့အမည်ပြောင်ပေးထားတဲ့ မျက်ခုံးထူထူကိုပြောင်းဆွဲကြည့်လိုက်ပါ။
Colored Smokey Eyes
Smokey Eye က ပေါ်တာကြာလှပါပြီ။ ဘယ်နှယ့်အသစ်အဆန်းဖြစ်ရမှာလဲလို့ အပြစ်တင် မစောပါနဲ့နော်။ အရင်က ပေါ်ခဲ့တဲ့ Smokey Eyes အနက်ရောင်နဲ့ အညိုရောင် ကို သုံးကြ ပြီးအခု Smokey Eyes မှာကတော့ ခရမ်း၊ အနီနဲ့ အစိမ်းလိုအရောင်တွေကို အနက်ရောင် နဲ့ရောပြီး သုံးလာကြတာပဲ ဖြစ်ပါတယ်။
Eyeliner
Eyeliner ဟာ ၂ဝ၁၃ အကုန်ကတည်းက Fashion Runway တွေမှာ ပြန်ခေတ်စားလာပြီး အခုနောက်ပိုင်းပိုပြီး နေရာယူလာပါတယ်။ ထူထူ ဆိုးမလား၊ ကြောင်မျက်လုံးပုံ အဖျားလေးပဲ ကော့မလား၊ မျက်ခွံတစ်ဝက်လောက် ဖုံးအောင် ဆွဲကြည့်မလား အမျိုးစုံလုပ်ကြည့်လို့ရပါတယ်။
Orange
ပုံမှန်အားဖြင့် လိမ္မော်ရောင်ဟာ ဆောင်းဦး မှာသုံးတဲ့ အရောင်ဖြစ်ပေမဲ့ ၂ဝ၁၄ ခုနှစ်မှာ တော့ အရမ်းဟော့တဲ့ Make up Trend ဖြစ်လာ ပါတယ်။ လိမ္မောရောင် ရှဲဒိုး ၊ နှုတ် ခမ်းနီသာမက လိမ္မော်ရောင်လက်သည်းနီအထိ ၂ဝ၁၄ ခုနှစ်မှာ အလွန်ကိုဟော့ပါတယ်။ လိမ္မော်ရဲ့ တောက်ပတဲ့ အရောင်ကို ပန်းရောင်အပျော့လေးနဲ့တွဲပြီး ထိန်း ပေး ထားတာဟာ တောက်ပစူးရှမှုလျော့သွားပြီး သဘာဝဆန်သွားစေပါတယ်။
Blue
အပြာရောင်ဟာလည်း လိမ္မော်ရောင်နဲ့တွဲပြီး အရောင်ဆန်းတစ်ခုအနေနဲ့ ၂ဝ၁၄ ခုနှစ်မှာ ဟော့ပါတယ်။ အပြာရောင်ကိုEye Shadow နဲ့ Mascara လိုင်းမှာ အသုံးပြု သ လိုအပြာရောင် လက်သည်းနီကိုလည်း ဆိုးလို့ရပါတယ်။ Eye Liner လိုက်တဲ့အခါ အညို၊ အမည်းစတဲ့အရောင် တွေ မလိုက်တော့ပဲ အပြာရောင်ကို အစားထိုး ကြည့် လိုက်ပါ။အမျိုးသမီးတို့ကမ္ဘာမှာ မိတ်ကပ်ဟာ အရေးကြီးတဲ့ အဆောင်အယောင်တစ်ခုပဲ ဖြစ်ပါ တယ်။ မိတ်ကပ်မလိမ်း၊ နှုတ်ခမ်းနီမဆိုးတဲ့ မိန်းမ ကို ”တစ်ခုခု လိုနေသလို ပဲနော်” လို့ ဝေဖန်တဲ့ အထိ မိတ်ကပ်ဟာ အမျိုးသမီးတို့အာရုံကို ဆွဲ ဆောင်နေပါပြီ။ ဒါကြောင့် အပြောကျယ်တဲ့ မိတ်ကပ်ကမ္ဘာမှာ ကူးခပ်နေရတဲ့ ကျွန်မတို့ မိန်းမသား ထု အတွက် ဒီဆောင်းပါးလေးက အထောက်အကူပြုမှာပါလို့ ပြောကြားရင်း…။
ငွေရောင်လှိုင်း