လောကမှာ ဆုံးဖြတ်ချက် ချဆောင်ရွက်ပြီး မှ ပြန်ပြင်ရန် ခက်သည့်ကိစ္စတွေ ရှိပါတယ်။ အဲဒီလို ကိစ္စတွေထဲမှာ ”အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး” ဆိုတဲ့ ကိစ္စတွေ ပါနေပါ တယ်။ အိမ်ထောင်မှု ဆိုတာမှာလည်း မြန်မာ့ ယဉ်ကျေးမှု ပတ်ဝန်းကျင်မှာ တစ်လင်တစ်မယား ကိုပဲ ရိုးမြေကျပေါင်း သင်းကြတဲ့ ဓလေ့ရှိနေပြန် ရာ အိမ်ထောင်မှုမှာ ဇနီးတစ်ယောက်ရဲ့ တာဝန် ဝတ္တရားက အရေးပါလှပါတယ်။ အိမ်ထောင်ရေး သာယာအောင် သားသမီးအရေး ခင်ပွန်းအရေး စတာတွေကို စဉ်းစား ဆင်ခြင် ဖြေရှင်းရတဲ့ အမျိုးသမီးတွေရဲ့ နည်းဗျူဟာတချို့ကို တင်ဆက် ပေးလိုက်ပါတယ်။
ခိုင်ငြိမ်းငြိမ်းစံ
အယ်ဒီတာချုပ်(Women World Journal)
ညီမတို့ လက်ထပ်တာပြီး ခဲ့တဲ့လ August ၃ရက်နေ့မှာမှ မင်္ဂလာ သက်တမ်း ၃လပြည့်ခဲ့တာပါ။ မင်္ဂလာ သက်တမ်းက နုသေးတယ်။ အိမ် ထောင်တစ်ခုက သက်ဆုံးတိုင် ခိုင်မြဲဖို့ဆိုရင် ညီမအယူအဆ အရတော့ နားလည်မှု၊ သစ္စာရှိမှု နဲ့ စာနာထောက်ထား မှုတို့က အဓိကကျတယ်လို့ ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ ချစ်ပါရဲ့၊ ဒါပေမဲ့ တစ်ယောက်အပေါ် တစ်ယောက် က နားလည်မှုမရှိဘူး။ သူ့ဘက်ကိုယ့် ဘက်စာနာ ထောက်ထားမှုတွေ မရှိဘူးဆိုရင် အိမ်ထောင် တစ်ခု ရေရှည်ခိုင်မြဲဖို့ မလွယ်ေ လာက်ဘူး ထင်ပါတယ်။ မိန်းကလေးတစ်ယောက်က သူ့ရဲ့ ဘဝလက်တွဲ ဖော်ရွေးတဲ့အခါမှာလည်း ကိုယ့် အပေါ်မှာ သစ္စာ ရှိမယ့်သူလား၊ သစ္စာမဲ့နိုင်တဲ့ သူလားဆို တာ လေ့လာနိုင်ပါတယ်။ ညီမ ခင်ပွန်းကို ညီမက သူ့ ပါးစပ်ကနေ သစ္စာရှိမယ့် လူမျိုးပါလို့ ဖွင့်ပြောစရာ မလိုအောင် ညီမ သိတယ်။ (ကိုယ့်ယောက်ျားမို့ ကိုယ်က ပြောတာ မဟုတ်ဘူးနော်) သူကအရမ်း တည်ငြိမ်တယ်။ ဘယ်ကိစ္စမျိုးမဆို အေးအေးေ ဆးဆေးနဲ့ ဖြေရှင်း နိုင်တယ်။ ညီမကဆို စိတ်ပူစရာ တစ်ခုခုရှိပြီ ဆိုရင်လူကပျာယာတွေ ခတ် ပြီး ပူလောင်နေတတ် တယ်။ သူကအဲဒီလို မဟုတ်ဘူး။ ညီမဖြစ်နေတဲ့ ပြဿနာတွေ၊ စိတ်ပူနေတဲ့ ကိစ္စ တွေဆိုညီမကို စိတ်အေးအေး ထားတတ်အောင် ပြောပြပေးတယ် ။ ဖြေရှင်းပေးတယ်။ ပြီးတော့ သူက သူ့အပေါင်း အသင်းတွေထဲမှာ မိန်းမရှုပ်တဲ့ သူတို့အိမ်ထောင် ရေးဖောက်ပြန်တတ်တဲ့ သူတို့ဆိုရင် သူက လုံးဝ မကြိုက်ဘူး။ သူက မိန်းမထက် electronic ပစ္စည်း တွေကို ပိုပြီးစိတ်ဝင်စားတယ်။ ကားတို့၊ ဖုန်းတို့၊ laptop တို့က သူ့ရဲ့ Crazy တွေပဲ။ အဲဒါတွေနဲ့ ဆိုမိန်းမကိုလည်း မေ့ချင်မေ့နေတတ်တယ် ။ ညီမ ကတော့ ကိုယ့်အပေါ် သစ္စာဖောက်မှာမပူဘူး။ ကားအသစ်၊ ဖုန်းအသစ်ဝယ်ပြီး ကိုယ့်ကိုမေ့သွား မှာပဲ ပူရ တယ်။ ပြီးပြည့်စုံတဲ့ အိမ်ရှင်မတစ်ယောက် ဖြစ်ဖို့ ဆိုတာ ညီမအနေနဲ့တော့ ကြိုးစားဆဲကာလ ပါပဲ။ ခုမှသင်ယူမှုနဲ့ လေ့လာဆောင်ရွက်မှုကို တစ်ပြိုင်နက်တည်း လုပ်နေရတဲ့ ကာလဆိုတော့ လေ။ စာတွေထဲမှာ ဖတ်ဖူးတာတော့ ရှိတယ်။ မယားဝတ္တရားငါးပါးတို့၊ မိန်းမကောင်းအင်္ဂါရပ်ဘယ်နှချက်တို့ ဆိုတာတွေပေါ့။ ညီမကျတော့ ပြောရရင် တက်သစ်စ အိမ်ထောင်ရှင်မ တစ် ယောက်ဆိုတော့ မပြည့်စုံမှုတွေ၊ ချို့ယွင်းချက် တွေ ရှိနေမှာပါ။ ဒါကိုညီမဘက်ကလည်း တတ် နိုင်သလောက် ကြိုးစားပြီးပြင်ဆင်တယ်။ သူ့ဘက် ကလည်း ကိုယ့်လိုအပ်ချက်တွေကို ခွင့်လွှတ် နားလည်ပေးတယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက် နားလည်မှုရှိနေလို့ ညီမတို့ရဲ့ အိမ်ထောင်ရေးက သာယာအဆင်ပြေပါတယ်။
ခင်မဉ္ဇူခိုင်
မြလေးနဲ့ Cobra နဲ့ အိမ်ထောင်သက်က ၅ နှစ်ကျော်ပါပြီ။ ချစ်သူသက်တမ်း သုံးနှစ်ကြာပြီး မှ လက်ထပ်ခဲ့ကြတာပါ။ အခုတော့ သမီးလေး တစ်ယောက်ရနေပါပြီ။ မြလေးCobra ကို ဘဝလက် တွဲဖော်အဖြစ် ရွေးရတဲ့အဓိက အကြောင်းအရင်းက ချစ်လို့ပါပဲ။ ကိုယ်က ချစ်လို့ ကို သူနဲ့ လက်ထပ်ခဲ့တာပါ။ သူ့ကို ချစ်နေရင် နားလည်မှုဆိုတာ အ လိုလိုရှိလာမှာလေ။ Cobra ကလည်း မြလေးကို ချစ်တယ်လို့ ယုံခဲ့တာပေါ့။ အိမ်ထောင်သက် ကြာလာတော့လည်း ချစ်ခြင်း မေတ္တာဆိုတာကပိုပြီး အရေးပါ လာတယ်။အပြန်အလှန် နားလည်မှုတို့၊ ပေးဆပ်နိုင်မှုတို့ဆိုတာက ချစ်ခြင်းမေတ္တာ အခြေခံပြီး ပဲ ဖြစ် လာရတာပါ။ မြလေးတို့ လင်မယားက ရန်ဖြစ်တာတို့ဘာတို့ ရှိခဲ့ပါတယ်။ ကြီးကြီး ကျယ်ကျယ် မဖြစ်တာပါ။ ခွန်းကြီးခွန်းငယ် ကတော့ ဖြစ်တာပေါ့လေ။ မြလေးတို့နှစ်ယောက်လုံးမှာ တူညီတဲ့အချက်ရှိ တယ်။ အဲဒါက ဒေါသဖြစ်နေချိန်မှာ စကားမပြော ဘူး။ ဒေါသဖြစ်နေချိန် စကားပြောရင် အမှားတွေ များတတ် တယ်လေ။ ဒေါသပြေသွားမှ ပြေပြေလည်လည် ပြောကြတယ်။ မကျေနပ် တာကိုတော့ ပြေလည် စွာဆွေးနွေး သင့်တယ်။မပြောတာများ သွားရင်လည်း အဲဒါတွေက အစိုင်အခဲတစ်ခု အဖြစ် ဖြစ်သွား ပြီး ပေါက်ကွဲထွက် တတ်တယ်လေ။ လူတိုင်းတွေ့ ရတတ်တာက ချစ်သူဘဝမှာ ကိုယ် မသိတဲ့ အချက်တွေက အိမ်ထောင်ကျပြီးမှ တွေ့လာတတ်တယ်။ ဒါကို ပြင်ယူဖို့တော့ ခက်ခဲ လိမ့်မယ်။ လူတစ်ယောက် ရဲ့ ဗီဇဆိုတာက ပြင်ဖို့ ခက်ပါတယ်။ ဒီအချက်ကို ကိုယ်က ဘယ်လောက် အထိပဲ လက်ခံနိုင်မယ်ဆို တာကို သူ့ကို ပြောပြ ထားသင့်တယ်။ မြလေးက Cobra ကို အရာရာ လိုက်ပြောပြီး ဟိုဟာမလုပ် ပါနဲ့ ဒီဟာမကြိုက်ပါဘူး မပြောတတ်ဘူး။ သေးသေးလေးတွေ ကို မပြောဘူး။ မြလေးလုံးဝ လက်မခံနိုင်တဲ့ ကိစ္စတွေကိုပဲ ပြောထားတယ်။ ဥပမာ – မြလေးက ဆေးချတာမျိုး လုံးဝမကြိုက်ဘူး။ နောက်ပြီးအိမ် အထိပါလာမယ့် မိန်းမရှုပ်တဲ့ ကိစ္စမျိုးကို မကြိုက်ဘူးဆိုတာမျိုးပေါ့။ Cobra ကတော့ မလုပ်ပါဘူး။ ဒါပေမဲ့ မြလေးက သူ့ကို ဒါတွေ မကြိုက် ဘူးနော်။ ဒါမျိုးကိစ္စမျိုးဆို လုံးဝခွင့်မလွှတ်ဘူးလို့ ပြောထားတယ်။ ကိုယ်တိုင် က ချစ်လို့ယူထား တာဖြစ်တဲ့အတွက် သူနဲ့ကိုယ်နဲ့ ကြားမှာ အခုထိတော့ နားလည်မှုလွဲတာတို့၊ ညှိနှိုင်းမရတာမျိုးတော့ မရှိသေးဘူး။အရာရာကို နှစ်ယောက် တိုင်တိုင်ပင်ပင်နဲ့ပဲ ဆွေးနွေးတယ်။ စီးပွားရေးကိစ္စပဲဖြစ်ဖြစ်၊ သားသမီးယူတာက အစ ပေါ့။ လက်ထပ်ကြမယ့် မင်္ဂလာမောင်နှံလောင်း တွေကိုလည်း မြလေးက ချစ်ခြင်းမေတ္တာ အခြေခံ နဲ့ အိမ်ထောင်တစ်ခုကိုပဲ တည်ဆောက် ကြပါလို့ ပြောချင်ပါတယ်။
ချီလီ
ချီလီနဲ့ ရန်ရန်ချမ်း လက်ထပ်ခဲ့တာ ၂ဝ၁ဝ ကဆိုတော့ အခုဆိုရင် အိမ်ထောင်သက်က ၄ နှစ်ရှိပြီပေါ့။ ချီလီတို့က ချစ်သူသက်တမ်း ၁ဝ နှစ်ကြာပြီးမှ လက်ထပ်ခဲ့ကြတာပါ။ ချီလီနဲ့ ရန်ရန်ချမ်း ချစ်သူတွေဖြစ်တော့ ချီလီအသက် က၁၆ နှစ်ပဲရှိသေးတယ်။ သူ့ရှေ့မှာလည်း တခြား ချစ်သူမရှိဖူးဘူး။ ဒီအရွယ်နဲ့ ချစ်သူထား ခဲ့တာဆို တော့တခြား ဘာတွေမှ မစဉ်းစားတတ်ခဲ့ဘူး။ ပိုက်ဆံချမ်းသာတာတို့၊ ပညာတတ် တာတို့တွေပေါ့။ ချစ်တာတစ်ခုတည်းနဲ့ ရန်ရန်ချမ်းကို လက်တွဲခဲ့တာပါ။ ချီလီတို့က ချစ်သူသက်တမ်း တော့ကြာတယ်။ သူများတွေက သုံးနှစ်သုံးမိုး လေ့လာကြတယ်ပြောတယ်။ ချီလီတို့က၁ဝ နှစ်တောင်မှလေ။ ဒီတော့ တစ်ယောက်နဲ့တစ် ယောက်အချိန်ယူပြီး ကောင်းကောင်းလေ့လာ နိုင်ခဲ့တယ်။ တစ်ယောက် ရဲ့ကောင်း တာဆိုးတာ တွေကိုတစ်ယောက် ကကောင်းကောင်း သိပြီးမှ လက်ထပ်ခဲ့ကြတာ။ ဒါကြောင့်ချီလီတို့အိမ်ေ ထာင် သည်ဘဝမှာ သိပ်ပြီး အခက်အခဲ မရှိဘူး။ လင်မယား သဘာဝ အနည်းအကျဉ်း စိတ်ဆိုးတာ တို့တော့ ရှိတာပေါ့။ ဒါပေမဲ့ အဲဒီလိုအချိန် ဆိုရင်ဒေါ သဖြစ်နေရင် ရှောင်နေလိုက်တယ် ။ နောက်ပြီး ဘာလို့ဖြစ်ရတာ လဲဆိုတာ သေချာပြန် သုံးသပ်တယ်။ ချီလီတို့နှစ်ယောက်က သဘောတူညီမှု တစ်ခုယူ ထားတယ်။ အဲဒါက ဘာလဲဆိုတော့ ရန်ဖြစ်ပြီးရင် မှားတဲ့သူကစပြီး တောင်းပန်ပြီးပြန်ခေါ် ရမယ်ဆိုတာပါ။ အိမ်ထောင်တစ် ခု ပျော်ပျော်ရွှင်ရွှင်နဲ့ ရေရှည် ခိုင်မြဲဖို့က တကယ်ချစ်ပြီး နားလည် မှုရှိရမယ်။ နားလည်မှုရှိရုံနဲ့ လည်းမပြီးဘူး။ သစ္စာရှိရမယ်။ တစ်ယောက်ကို တစ်ယောက် ခွင့်လွှတ်ရမယ် ဆိုတာမှာလည်း ခွင့်မလွှတ် သင့်တဲ့ အမှား မျိုးကို တစ်ယောက်ယောက်က မကျူးလွန်ဖို့ အရေးကြီးတယ်။ အိမ်ထောင်ရှင်မ တစ်ယောက်ရဲ့ မျှော်လင့် ချက်မှာတော့ ကိုယ့်ရဲ့သားလေးကို အကောင်းဆုံး ဘဝလေး ပေးချင်တယ်။ ခင်ပွန်းရဲ့ စီးပွားရေး၊ လူမှုရေး အစစအရာရာ ကိုလည်း ဒီထက်ပိုပြီး တိုးတက်ကောင်း မွန် စေချင်တယ်။ အိမ်ထောင်ရှင် မလောင်းတွေကို ချီလီက ပြောချင် တာတော့ အခုတွေ့အခု ကြိုက်ပြီး အိမ်ထောင် တစ်ခုကို မတည်ဆောက်စေချင်ဘူး။ တစ်ယောက် ကို တစ်ယောက် အချိန်ပေးပြီးလေ့လာ။ လေ့လာ လို့ သဘောကျပြီ တကယ်ချစ်တယ်ဆိုမှ လက်ထပ် ကြပါလို့ ပြောချင်ပါတယ်။
ဖြိုးစုပိုပို