ပန်းသွေးရောင်နှုတ်ခမ်းလေးတစ်စုံ ဖန်ဆင်း ကြည့်ရအောင်
နှုတ်ခမ်း ချစ်စရာကောင်းတဲ့ စကားလေးတွေ ခုန်ထွက်လာရာ ပြတင်းလှလှလေးနှစ်ချပ် ဒါမှ မဟုတ် နှုတ်ခမ်းလွှာလေးတစ်စုံရဲ့ ဆွဲဆောင်မှုကသိပ်ကို အရေးကြီးလှ ပါ တယ်။ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေ၊ စကားလေးတွေကို ပီပြင်ဖို့ ဒီနှုတ်ခမ်းအစုံရဲ့ လှုပ်ရှားမှုတိုင်းက လူတိုင်းက သတိထားမိကြတဲ့အရာပါ။ အထွေအထူး မပြင် ဘဲ ပေါင်ဒါလေးရိုက်ပြီး နှုတ်ခမ်းနီလေးဆိုးလိုက်ရင်ပဲ အတော်ကြည့်ကောင်းသွားတာ တွေ့ရမှာပါ။ ဒီလိုဆိုရင် မေတို့လှဖို့အတွက်ဆို ဒီနှုတ်ခမ်းလွှာ လေးတွေကို ဂရုစိုက် ရပါမယ်။ နှုတ်ခမ်းလှ မလှ ဆိုတာကို အသာဖယ်ထားလိုက်ရင်တော့ နှုတ်ခမ်း အရောင်ပင်ကိုက မလှရင် သိပ်ပြဿနာမရှိပါဘူး။ နှုတ်ခမ်းနီဆိုးလိုက်ရင် ရတာပဲလို့ ထင်စရာ ပါ။ ဒါပေမဲ့ မေတို့တစ်ချိန်လုံး နှုတ်ခမ်းနီမဆိုးဖြစ်တာ များပါလိမ့်မယ်။ ဘယ်အချိန်ကြည့် ကြည့် နှုတ်ခမ်း သားလေးက သွေးရောင်သန်းနေရင် ညိုနေမည်းနေတဲ့ နှုတ်ခမ်း ထက် သဘာဝအတိုင်းကို လှပြီးသား ဖြစ်သွားမှာပါ။ နှုတ်ခမ်း နီအရောင်လေး တွေလည်း ပေါ်လွင်လွယ်ပြီး နှုတ်ခမ်းအဆီလေး ဆိုးလိုက်ရုံနဲ့တောင် ပြည့်စုံသွားမှာပါ။ ဒီလိုဆို ကျွန်မတို့ရဲ့ နှုတ်ခမ်းလွှာလေးတွေကို အခုပဲ ဂရုစိုက်ဖို့ စပြင် လိုက်ရအောင်ပါ။
၁။ နှုတ်ခမ်းလွှာလေးကို သန့်စင်ရအောင်
ပျားရည် ၁ ဇွန်း၊ သကြားနဲ့ သံလွင်ဆီကို ရောပြီး ခပ်ပျစ်ပျစ်လေးလုပ်ကာ နှုတ်ခမ်းသားပေါ် ၃ မိနစ်လောက် လိမ်းထားပေးပါ။
သန့်စင်တဲ့မျက်နှာသုတ်ပဝါအစိုကို ရေညှစ် ပြီးသားနဲ့ နှုတ်ခမ်းသားကို ပွတ်ကာသုတ်ပေး ပါ။
ဒီလို နှုတ်ခမ်းကိုကြေးချွတ်ပေးတာက နှုတ်ခမ်းသားကို စိုပြည်ပြီး သွေးရောင်နီမြန်းဖို့ အထောက်အကူပေးပါတယ်။
၂။ နှုတ်ခမ်းသားကို အားဖြည့်ပါ
နှင်းဆီနီနီပွင့်ချပ်လေး ၄ – ၅ – ၆ ဖတ်ကို ချေပြီး နွားနို့ ၃ ဇွန်းနဲ့ ခပ်ပျစ်ပျစ်အနှစ်လေး ရအောင်လုပ်ပါ။
အဲဒါကို နှုတ်ခမ်းအလွှာလေးများပေါ် လိမ်း ပေးပြီး ၁၅ မိနစ်ထားပါ။
ဒါကတော့ ဆဲလ်သေတွေဖယ်ရှားပစ်ဖို့ အထောက်အကူပြုပြီး ပန်းရောင်သန်းတဲ့ ဖူးဖူး ပြည့်ပြည့် နှုတ်ခမ်းလေးဖြစ်အောင်ပါ။
၃။ ပန်းသွေးရောင် သန်းပါစေ
သခွားသီးကတော့ သဘာဝအရောင်ချွတ် ပစ္စည်းတစ်ခုဖြစ်ပြီး ဘာအန္တရာယ်မှမဖြစ်စေဘဲ နှုတ်ခမ်းလေးတွေ လင်းလာအောင် ကူညီပေးပါ လိမ့်မယ်။
သခွားသီးဝိုင်းလေးတွေလွှာပြီး နှုတ်ခမ်းပေါ် မှာ ပွတ်ပေးပြီး သခွားရည်စုပ်ယူမှု အားကောင်း အောင် ၅ မိနစ်လောက် အသာအယာနှိပ်ပေး ပါ။
ဒါကတော့ ပန်းသွေးနီရောင်ဖြာပြီး ရွှန်းစို နေတဲ့နှုတ်ခမ်းလွှာလေးတွေဖြစ်ဖို့ အထောက် အကူပေးပါတယ်။
၎။ ဆောင်ရန်၊ရှောင်ရန်လေးတွေ
ဒါတွေနဲ့တင်လုံလောက် ပြီလို့တော့ မယူဆ နိုင်ပါဘူး။ ရှောင်သင့်၊ ဆောင်သင့်တာတွေကို သိထားဖို့လည်း လိုပါတယ်။ ဒါတွေကိုလည်း ဖတ်ရှုကြည့်ပြီးလိုက် နာကြည့်ေ ပးပါ။
ရလဒ်သက်ရောက်မှုပိုရှိအောင် ၁-၂-၃ ဆိုတဲ့အဆင့်လေးတွေ ကိုလည်း လေးရက်တစ်ခါ၊ တစ်ပတ် တစ်ခါမျိုး ထပ်ကာထပ်ကာလုပ်ပေး ပါ။
ကိုယ့်နှုတ်ခမ်းလေးတွေကို နှင်းဆီသွေး ကြွကြွဖူးဖူး လှလှလေးဖြစ်အောင်လုပ်ကြည့်ရ အောင်နော်။
မာဦး