Quantcast
Channel: Yati Magazine »ရတီမေ
Viewing all articles
Browse latest Browse all 55

အပျော်ရွှင်ဆုံးနေ့ရဲ့အလှပဆုံး သတို့သမီးလေးဖြစ်ဖို့အတွက်

$
0
0

သင်ဟာ မင်္ဂလာခန်းမထဲကို လျှောက်လှမ်း တော့မယ့် သတို့သမီးလေး တစ်ယောက် ဖြစ်နေပြီ ဆိုရင်တော့ သင့်အတွက် ပြင်ဆင်စရာတွေ ရှိနေ ပါပြီ။ ဒီလိုနေ့မှာ သင်ဟာ ဧည့်ပရိသတ်တွေ အားလုံးရဲ့ကြားမှာ အထင်ပေါ်ဆုံးနဲ့ အလှပဆုံး မိန်းကလေးတစ်ဦးဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါကြောင် Wedding နေ့မှာ လိမ်းခြယ်မယ့် ကိုယ့်ရဲ့မိတ် ကပ် ကို ကြိုတင်စဉ်းစားဆုံးဖြတ်ထားဖို့ လိုအပ်ပါတယ်။ Wedding နေ့ဟာ သင်တို့ချစ်သူ နှစ်ဦးရဲ့ဘဝမှာ အမြဲတမ်းအမှတ်ရနေမယ့် နေ့ လေးတစ်နေ့အဖြစ် ကျန်ရှိနေမှာ ပါ။Wedding နေ့အတွက် လုပ်ဆောင်စရာရှိ တာတွေကို အခြားသူတွေက ကူညီပေးပြီး ကိုယ် စားလုပ်ပေးနိုင်ပေမဲ့ လိမ်းခြယ်မယ့် မိတ်ကပ်လိမ်း ခြယ်မှုကိုတော့ သင် ကိုယ်တိုင်ရွေးချယ် ရမှာ ဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့ မိတ်ကပ်အမျိုးအစား ဟာ သင့်အသားအရေနဲ့ တည့်မတည့်၊ သင့် အသားအရောင်နဲ့ ကိုက်ညီမှုရှိမရှိကို ကြိုတင်စမ်း သပ်လေ့လာ ထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မင်္ဂလာပွဲနေ့မှာ အဆင်ပြေတဲ့ မိတ်ကပ်လိမ်းခြယ်မှု ဖြစ်နေဖို့အတွက် လေ့လာကြည့်ရအောင်နော်။

မိတ်ကပ်အမျိုး အစားများကို ကြိုတင်စမ်းသပ် လိမ်းထားကြည့်ဖို့ လိုအပ်ပါတယ်။ အစိုဓာတ် ထိန်းခရင်မ်၊ အောက်ခံ Foundation စတာတွေ အားလုံးကို ကြိုတင်စမ်းသပ် လိမ်းခြယ်ထားကြည့် ရမှာ ဖြစ်ပါတယ်။ ဒါမှသာ ဘယ်အမျိုးအစားက ကိုယ်နဲ့သင့်တော်ပြီး သင့်မျက်နှာလေးပြေပြစ် လှပဖို့အတွက် အထောက်အပံ့ဖြစ်စေ တယ်ဆိုတာကို သိရမှာဖြစ်ပါတယ်။ ဒါ့ပြင် အရေးအကြီးဆုံးက ကိုယ့်အသားအရေနဲ့ ဓာတ်တည့်မှုရှိတဲ့ Product  ဖြစ်ရမှာ ဖြစ်ပါတယ်။ အရေပြားဟာ တစ်ခါတစ်ရံ မှာ ထိတွေ့နေကျမ ဟုတ်တဲ့ Product အသစ်နဲ့ ထိတွေ့တဲ့အခါမှာ တုံ့ပြန်တတ်ပြီး ဓာတ်မတည့်မှု Allergic ဖြစ်တတ်ပါတယ်။ Allergic ကြောင့် အရေပြားပျက်စီး မှုဖြစ်စေပါတယ်။ ဒီလိုပြဿ နာ ကြောင့်လည်း စိတ်အနှောင့် အယှက်ဖြစ်ရပြီး ကိုယ့်ရဲ့Wedding Day ဟာ အကောင်းဆုံးနေ့ တစ်နေ့ မဖြစ်နိုင်တော့ပါဘူး။ အချို့ Sensitive Skin ရှိတဲ့ သတို့သမီးများ
ပိုမိုသတိပြု  ရမယ့်အချက် ဖြစ်ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင်မယ့်နေ့ မတိုင်မီ တစ်လခန့်အလိုမှာ လိမ်းခြယ်ဖို့ သတ် မှတ်ထားတဲ့ မိတ်ကပ်ကို ကြိုတင်လိမ်းကြည့်ပါ။

ဒါမှသာ အကယ်၍ အသားအရေမှာ ပြဿနာ တစ်စုံ တစ်ရာဖြစ်ခဲ့ရင် ပြန်လည်ကုသဖို့အတွက် လုံလောက်တဲ့အချိန် ရရှိမှာဖြစ်ပါတယ်။မင်္ဂလာပွဲနေ့မ တိုင်မီမှာ ပြင်ဆင်ေ ဆာင်ရွက် စရာများကို အပြည့်အဝစီ စဉ်ဆောင်ရွက်ထားပါ။ မိတ်ကပ်ပညာရှင်၊ ပန်းအလှဆင်ပညာရှင်စတဲ့ သက်ဆိုင်ရာကျွမ်းကျင်သူများနဲ့ တွေ့ဆုံပြီး မိမိ သုံးစွဲ မယ့်ေ ငွကြေးပမာဏအတွင်း အကောင်းဆုံး ဖြစ်နိုင်မယ့် ပြင်ဆင်မှုကို ညှိနှိုင်းထားဖို့ လိုအပ် ပါတယ်။ ဒါမှသာ သုံးစွဲမယ့်ငွေကြေး ပမာဏနဲ့ ဖြစ်ပေါ်လာမယ့် မင်္ဂလာပွဲရဲ့ ပုံရိပ်ကို ကြိုတင် ခန့်မှန်းထားနိုင်မှာပါ။ ဒီလိုကြိုတင်ပြင်ဆင်ထား တဲ့အတွက် မနက်ခင်းဧည့်ခံပွဲနဲ့၊ ညပိုင်း Dinner  နှစ်ပွဲလုပ်ရင်တောင်မှ သင်ဟာသက်သောင့် သက်သာနဲ့ ကျေ နပ်ပျော်ရွှင်စရာကောင်းမှာ ဖြစ် ပါတယ်။

သတို့သမီးအနေနဲ့ မင်္ဂလာပွဲအတွက် မိတ် ကပ်ပညာရှင်နဲ့ ပြောဆိုညှိနှိုင်းတဲ့အခါမှာ ရှက်ရွံ့ မနေဘဲ မင်္ဂလာပွဲအတွက် မိမိရဲ့အမြင်နဲ့ လိုချင်တဲ့ မိတ်ကပ်၊ ဆံပင်ပုံစံများကို ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိတ်ကပ်ပညာရှင်က ချင့်ချိန်ဆုံးဖြတ်ပြီး လိုအပ် သလို စီစဉ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင်သင့်ရဲ့ လိုအပ် ချက်တွေကိုလည်း မိတ်ကပ်ပညာရှင်က အကြံပြုပေးပါလိမ့်မယ်။မင်္ဂလာပွဲမတိုင်မီ ငါးရက်အလိုမှာ မျက်နှာ ပေါင်းတင်ခြင်း၊ မျက်နှာဆေးခြင်းစတဲ့FacialTreatment ပြု လုပ်ရမယ်ဆိုတဲ့အချက်ကို သင် ကျော်ပစ်လိုက်လို့ ရပါတယ်။ Salon ကိုသွားပြီး များပြားလွန်းတဲ့Facial Treatment တွေကို ပြုလုပ်နေခြင်းက သင့်အသားအရေကို ပိုမို ကြမ်း တမ်းစေတာကို သတိပြုရပါမယ်။ မင်္ဂလာပွဲနေ့မှာ တောက်ပကြည်လင်တဲ့ အသားအရေဖြစ်ဖို့ အတွက်အဓိ ကသော့ချက်ကတော့ အနားယူခြင်းပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲနေ့  မှာတော့မိတ်ကပ် လိမ်းခြယ်မှုကို သေချာစွာ ဂရုတစိုက်ပြုလုပ် ဖို့လိုအပ်ပါတယ်။

ဧည့်သည်များကို ဧည့်ခံနေရင်း မိတ်ကပ်တွေကွက် လာတာ၊ ပျက်ပြယ်လာ တာမျိုးမဖြစ်ရလေအောင်Wedding Day  တစ်နေ့တာလုံး ကြာရှည်ခံစေဖို့ အတွက် အောက်ခံ Primer ကို အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ Sillicon  ကို အခြေခံပြီး ထုတ် လုပ်ထားတဲ့ Primer အမျိုးအစားက သင့် မျက်နှာ ကို ခြယ်သလို့အကောင်းဆုံး Canvasစလေး တစ်စလိုဖြစ်နေအောင် ထောက်ပံ့ကူညီပေးပါလိမ့် မယ်။ Primer က အရေပြားပေါ်မှာရှိတဲ့ ချွေးပေါက်နဲ့ အပြစ်အ နာအဆာတွေကို ဖုံးကွယ် ပေးမှာ ဖြစ်ပါတယ်။ ဒါ့ပြင် မင်္ဂလာပွဲချိန်တစ် လျှောက်လုံးမှာလည်း သင့်မျက်နှာရဲ့မိတ်ကပ် ပြင်ဆင်မှုဟာ သပ်ရပ်ညက်ညောနေမှာပါ။ တစ်နေ့ တာလုံး မိတ်ကပ်သား ညက်ညက်လေး ဖြစ်နေတဲ့ အတွက် တစ်နေ့တာလုံး တက်ကြွတဲ့ အသွင်ကို ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။ သတို့သမီးတော်တော် များများဟာ သဘာဝ ဆန်တဲ့ မိတ်ကပ်ပုံစံကို ကြိုက်နှစ်သက်ကြပါ တယ်။ သဘာဝဆန်တဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သမှု မျိုးဖြစ်နေဖို့အတွက် ကိုယ့်ရဲ့အသားရောင်နဲ့ ကိုက်ညီမှုရှိတဲ့မိတ်ကပ် အရောင်မျိုးကို ရွေးချယ် ရမှာ ဖြစ်ပါတယ်။ တစ်ခု သတိပြုရမှာက သတို့ သမီးတွေဟာ သဘာဝဆန်တဲ့ မိတ်ကပ်ပုံစံမျိုးကို နှစ်သက်တယ်ဆိုပေမဲ့ သဘာဝဆန်တဲ့ မိတ်ကပ်ပုံစံဟာ ပြင်ပမှာ ကြည့်ကောင်းပေမဲ့ ဓာတ်ပုံထဲ မှာတော့သင်ဟာ ပြည့်ပြည့်ဝဝ လှပနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မိတ်ကပ်ကောင်တာကို သွားတဲ့အခါမှာ ပန်းရောင်၊ မက်မွန်သီးရောင်များ ကိုရွေးချယ်ဖို့ လိုအပ်ပါ တယ်။ဒီအရောင်တွေက သင့်ကို ရှက်သွေးရောင်လွှမ်းနေ တဲ့သတို့သမီး လေးပုံစံ မြင်တွေ့စေမှာ ဖြစ်ပါတယ်။

အေမီချို


Viewing all articles
Browse latest Browse all 55

Trending Articles