လှပစိုပြည်ရတီမေ
မာဦး
ခြေတံလှလှလေးများရဲ့ပိုင်ရှင်ဖြစ်ဖို့ အကြံညဏ်များ
ရတီချစ်တဲ့ ပျိုမေတို့ရေ …လည်တိုင် လှလှ၊ ခြေတံ လှလှလေးတွေ ပိုင်ဆိုင်ချင် တာကတော့ မိန်းကလေး တိုင်းရဲ့ ဆန္ဒပါ။ ဒါ့ကြောင့် လည်တိုင် မှာအမည်း ကွက်တွေ မဖြစ်အောင် ကြေးချွတ် ရမယ့် နည်းလမ်းများနဲ့ ခြေတံသွယ် လျလှပဖို့၊ လက်ရှိ ပေါင်နဲ့ခြေတံက အဆီတွေ တက်ပြီး ဝဝတုတ်တုတ် ဖြစ်မလာဖို့ အိမ်မှာတင် လုပ်လို့ရ တဲ့ လေ့ကျင့်ခန်း တချို့ကိုလည်း ဖော်ပြပေး ချင်ပါတယ်။ နောက်ပြီး ခြေတံမှာရှိတဲ့ အမည်း ကွက်တွေကို ပျောက်သွားဖို့၊ အမာရွတ်တွေ ကိုမှိန် သွားစေဖို့ ကြေး ချွတ် နည်း လမ်းလေး ကလည်း ခြေတံလှလှ ပိုင်ရှင်လေးဖြစ် ချင်သူတွေအတွက် ကျိန်းသေ လိုအပ်မှာပါ။ ကဲ … အခုပဲလေ့လာကြည့်ရအောင်နော်။
လည်တိုင်လေးကြော့ကြော့ လှပစေဖို့
နေ့တိုင်း ကျွန်မတို့ ရဲ့မျက်နှာ အလှကို ဂရုစိုက်ပြင်ဆင် တတ်ကြပေမဲ့ လည်တိုင်ပတ်ပတ် လည်ရဲ့အလှကို ထိန်းသိမ်းဖို့ မေ့နေတတ်ကြပါ တယ်။ အထူးသဖြင့် လည်ကုပ် ပိုင်းက ဂရုမစိုက် တာကြာရင် မည်းနေတတ်ပါတယ်။ လည်ပင်း ပေါက်ကျယ်တဲ့ အဝတ်အစားတွေကို ဝတ်တဲ့အခါ မှာ၊ ဆံထုံးထုံးတဲ့အခါနဲ့ ဆံပင်ကို ခပ်မြင့်မြင့်စည်း ထားတဲ့အခါတွေမှာ လည်ပင်းရဲ့အလှဟာ အရေး ပါလှပါတယ်။ ဒါ့ကြောင့် လည်တိုင်ပတ်လည်ကို သန့်ရှင်းဖို့ အမြဲသတိရပါ။ မည်းနေ ကွက်နေရင် လည်း မပူပါနဲ့။ ရေမချိုးခင် သံပရာရည်ကို လည်တိုင်ပတ် လည်ကို လိမ်းပေးပြီး နှိပ်နယ်ပါ။ ရေချိုးပစ်ပါ။ သံပရာရည် လိမ်းထားတဲ့အချိန် လည်ပင်းကို နေရောင်မထိပါစေနဲ့။ သခွားသီးကို ခြစ်ပြီး ရလာ တဲ့ အရည်ကိုလည်း လိမ်းပေးလို့ရပါတယ်။ ဒါ့အပြင် ပျားရည်၊ သံပရာရည်နဲ့ နို့တို့ကို ပေါင်း စပ်ပြီး ကြေးချွတ်ပေး ရင်လည်း လည်ပင်းကို ဝင်းလဲ့စိုပြည်စေဖို့ အထောက် အကူပေးပါတယ်။ သန့်ရှင်းပြီးသွားတဲ့ လည်ပင်းကို ရှားစောင်းလက် ပပ်ဂျယ်နဲ့ လည်ပင်းကို တိုက်ရိုက် သုတ်လိမ်းပေး ပါ။ မိနစ် ၂ဝ ကြာပြီး မှ ရေဆေးပါ။ လည်ပင်း နောက်ဘက်မှာ မည်းနေရင် ခရမ်းချဉ်သီး ဒါမှ မဟုတ် အာလူးကို ပါးပါးလှီးပြီး ပွတ်တိုက်ပေးလို့ ရသလို Blender နဲ့ချေပြီးရတဲ့အရည်ကို လိမ်းပေး ပြီး မိနစ် ၃ဝ အကြာမှာ ရေဆေးပစ်တဲ့ နည်းကို သုံးလို့ရပါတယ်။ လည်ပင်းမည်းနေတဲ့သူ တွေဆို တစ်ပတ် နှစ်ပတ် ဆက်တိုက် လုပ်ပေးသင့်ပြီး အသား အရေထိန်း သိမ်းရုံ သက်သက် လုပ်ချင်ရင် တော့ တစ်ပတ် တစ်ခါလောက် လုပ်ပေးရင်လည်း ရပါတယ်။ နောက်ပြီး နောင်မှာ မျက်နှာကို အလှ ဆင်တိုင်း၊ ရေချိုးတိုင်း
လည်ပင်း အသား အရေကို ပါ ထိန်းသိမ်း ဖို့မမေ့ပါနဲ့။ နေပူထဲသွားရင် နေလောင်ခံ ခရင်မ်ကို လည်ပင်းမှာ လိမ်းဖို့လည်း မမေ့ပါနဲ့။
ခြေတံလှစေမယ့် လေ့ကျင့်ခန်းများ
နည်း ၁ – ခါးကိုထောက် မတ်မတ်ရပ်၊ အနေတော်ခြေလှမ်း တစ်ခုလောက် ခြေထောက် တစ်ချောင်းကို အနောက်ဘက်ပို့၊ နောက်ဘက်ပို့တဲ့ ခြေသလုံးကို ကြမ်းပြင်နဲ့ မျဉ်းပြိုင် အနေ အထား ဖြစ်အောင် ညွတ်ချပါ၊ တစ်ဖက်ကို ငါးခါစီ တစ်လှည့် – ၃ ကြိမ် ( တစ်ဖက် ၁၅ ခါ) လုပ်ပေး ပါ။ ပေါင်တံ သွယ်လျစေတဲ့ နည်းများထဲက တစ်ခု ပါ။
နည်း ၂ – ကြမ်းပေါ်ပက်လက် လှဲအိပ်ပြီး လက်နှစ်ဖက်ကို ဘေးမှာထားပါ။ လက်ကိုမြှောက် ပြီး ထလိုက်တဲ့ အခါတိုင်း ခြေတံအစုံ ကိုလည်း လက်နှစ်ဖက်နဲ့ မျဉ်းပြို င်ဖြစ်အောင် မထားပါ။ ပြီးရင် ခြေထောက်များ ကိုပြန်ချပြီး ပြန်လှဲပါ။ အစအ ဆုံးပြန်လုပ်ပါ။ ၁၅ ကြိမ်လုပ်ပါ။
နည်း ၃ – ဒူးထောင်လျက် ပက်လက်လှဲပါ။ လက်နှစ်ဖက်ကို ကြမ်းမှာ ကပ်ထားပြီး ပုံမှာ ပြထား သလို မြှောက်ရင်း လက်အားကိုသုံးပြီး ခါးနဲ့ တင်ပါးကို ကြွပြီး ခြေထောက် တစ်ဖက် ကို မ ထားပါ။ ဖြည်းဖြည်းပြန်ချပါ။ ကျန်တစ် ဖက်ကို လည်း လုပ်ပါ။ တစ်ဖက်ကို ၅ ကြိမ်စီလုပ်ပါ။
နည်း၎-ကြမ်းပေါ်မှာ လေးဖက်ထောက်ပါ။ လက်နှစ်ဖက်ကို ဖြောင့်အောင် ဆန့်ထားပြီး ခြေထောက် တစ်ဖက်ကို ခပ်မြင့်မြင့် ရောက်အောင် ဖြောင့်ဖြောင့် တန်း တန်း မြှောက်ပါ။ ထားနိုင် သလောက် အဲဒီအတိုင်း ထားပြီး ပြန်ချပါ။ ကျန်တစ်ဖက် ကိုလည်း အလားတူလုပ်ပါ။ ၁ဝ ကြိမ်၊ ၁၅ ကြိမ်ခန့်စီ လုပ်ပါ။
တစ်ပတ်အတွင်း ပေါင်တံများဝင်းလဲ့လာဖို့ နည်း လမ်း
ပေါင်တံတွေ ကို သေချာဂရုမစိုက် တဲ့သူတွေ မှာ ပေါင်အတွင်း ဘက်မှာ ညိုမည်းနေတတ်ပါ တယ်။ ဒါကို ဖြေရှင်းဖို့ နည်းလမ်း ရှိပါတယ် ။ ရေချိုးပြီးတဲ့ အခါ ပေါင်တံ ကို သေချာ ပွတ်တိုက် သန့်ရှင်းပေးပြီး အုန်းဆီနဲ့ သံပရာရည်ကို ရောပြီး သုတ်လိမ်းပေးပါ။ ဒါက အမည်းကွက်တွေကို လင်းလာစေပြီး နောက်ထပ် အမည်းကွက်တွေကို လည်း ကာကွယ်ပေးပါတယ်။ အစိုဓာတ်ကိုလည်း ထိန်းပေးပါတယ်။ သံပရာရည်က သဘာဝအတိုင်း အသားအရေကို လှပအောင် လုပ်ဆောင်ပေးသလို အုန်းဆီ ကလည်း အစိုဓာတ်ကို ထိန်းပေးပြီး ညိုမည်းကွက်များကို တားဆီးပေးပါတယ်။ ဒီနည်းကိုလုပ်ဖို့ အုန်းဆီ ၃ ဇွန်းနဲ့ သံပရာသီး ၂ ခြမ်းကရ တဲ့အရည်ကို ရောသမ လိုက်ရုံဖြစ်ပြီး အဲဒီအရည်ကို အတွင်းပေါင်တံတွေကို လိမ်းပေးပါ။ ပြီးတော့နှိပ်ပေး ပါ။ နူးညံ့လာ တဲ့အခါ ရေနွေး နွေးလေး နဲ့ ဆေးပစ်လိုက်ပါ။ အဝတ် နဲ့ ရေခြောက် အောင်သုတ်ပစ် လိုက်ပါ။ ဒါမျိုးကိုလုပ်ပေးရင် တစ်ပတ်အတွင်း ဝင်းလဲ့လာတဲ့ ပေါင်တံလေးတွေ ကို တွေ့ရ မှာပါ။ ပိုပြီး ထိရောက်အောင် body lotionတစ် မျိုးကိုလိမ်းထားပါ ။ဖော်ပြပါ နည်းလမ်းများနဲ့ ဖျတ်ခနဲ လှည့် ကြည့်လိုက်တိုင်း မိမိလည်တိုင်အလှကို အသိ အမှတ်ပြုခံရဖို့၊ သန့်ရှင်းပြီး သွယ်လျ လှပတဲ့ ခြေတံ လှလှလေးတွေနဲ့ ခြေလှမ်း တိုင်းကို ယုံကြည်မှုရှိရှိ လျှောက်လှမ်းလိုက်ရအောင်။
မာဦး