Quantcast
Channel: Yati Magazine »ရတီမေ
Viewing all articles
Browse latest Browse all 55

လှပစိုပြည် ရတီမေ

$
0
0

အလှတရား နဲ့ မွှေးရနံ့လေး တွေကို ကိုယ်စားပြုထားတဲ့ ပန်း လေးတွေမှာ ပန်းလေးတွေ နဲ့ နှိုင်းခံ ရတဲ့ မိန်းကလေး တို့အတွက် ပေးနိုင်တဲ့ လှပခြင်း၊ ပျော်ရွှင်ခြင်း၊ ကျန်း မာခြင်းတွေ လက်ဆောင်တွေ လည်း ရှိပါတယ်။ အများစုသော ပန်းတို့ဟာ အသုံးဝင်ပုံ အမျိုးမျိုး ရှိကြတဲ့အထဲက လှပခြင်းလက် ဆောင် ကိုပေးမယ့် ပန်းတချို့ အကြောင်း ကို ဒီလအတွက် ဖော်ပြ ပေးလိုက်ပါတယ်။

ချောမွေ့လှပခြင်းလက်ဆောင် (သို့မဟုတ်) နှင်းဆီ

နှင်းဆီလို့ပြောရင် မကြိုက်သူ ရှားသလောက်ပါပဲ။ နေ့စဉ် ဘုရား ကပ်၊ လက်ဆောင်ပေး၊ အလှပန်း ထိုးတာတွေ အပြင် အလှကြည့်ဖို့ လည်း စိုက်ကြတဲ့ပန်း ဖြစ်ပါတယ်။ အလှ နဲ့မွှေးရနံ့တို့က နှစ်သက်စရာ ကောင်းပြီး ရာသီမရွေး နှင်းဆီ မျိုးစုံကို ရနိုင်ပါတယ်။ နှင်းဆီပွင့် ချပ်လေးတွေက အရေပြား ဆဲလ် တွေ ပျက်စီးခြင်း ကို ကာကွယ်ပေး ပါတယ်။ ဒါကြောင့် နေလောင်တဲ့ အခါ နှင်းဆီပွင့်ချပ်က ညှစ်ယူလို့ ရတဲ့ အရည်ကို သုတ်လိမ်းပေးနိုင် ပါတယ်။ ဗီတာမင်စီပါဝင်တဲ့ အတွက် ဗက်တီးရီးယားများကို ကာကွယ် ပေးနိုင်ပြီး ဝက်ခြံကုသဖို့ နဲ့ မျက်မှန်ဆေးရာ၊ သန့်ရာမှာ သုံးနိုင်ပါတယ်။ နှင်းဆီ ပွင့်ချပ်လေး များနဲ့ သကြားကို တွဲဖက်ပြီး Scrub လုပ်နိုင်သလို နှင်းဆီရေ ဟာ လူကို လန်းဆန်းစေပြီး အရေပြားကို အားဖြည့်ပေးတဲ့ အပြင် ချွေးပေါက်ကျဉ်းစေနိုင်တဲ့ သဘာဝ  Toner တစ်မျိုးပါပဲ။ တကယ့်  Toner လို အယ်လ်ကို ဟော မပါဝင် လို့ ခြောက်သွေ့စေ ခြင်းလည်း မရှိပါဘူး။ သွားစရာလာ စရာရှိကာမှ မျက်နှာ နီမြန်းရောင် ရမ်းနေတတ်တဲ့ သူတွေ၊ မျက်နှာ နီမြန်းတတ်တဲ့ Rosacea နဲ့ Eczma ဝေဒနာရှင်တွေ အတွက် လည်း နှင်းဆီ ပွင့်ချပ်လေးတွေရဲ့ သတ္တု ရည်ကို သုံးနိုင်ပါတယ်။ နှင်းဆီ Mask နဲ့ ပေါင်းတင်ချင်ရင်  တော့ ရေ ၃၊ ၄ ဇွန်းမှာ နှင်းဆီ ပွင့်ချပ်လေးတွေ ထည့်ထားပြီး နှစ်နာရီလောက် ကြာရင် အဲဒီရေထဲ မှာ ပွင့်ချပ်တွေကို ချေပစ်ပြီး ပျားရည် နည်းနည်းထည့်ကာ မျက်နှာမှာ ၁၅ – ၃ဝ မိနစ်လိမ်း ကာ ရေအေးအေး နဲ့ ဆေးပစ်ပါ။

Pansy Flower (သို့မဟုတ်) လှပကျန်းမာခြင်းလက်ဆောင်

Pansy  ပန်းပင်တွေဟာ အာရှမြောက်ပိုင်း၊ ဥရောပနဲ့ မြောက်အမေရိက တို့မှာ အလေ့ကျ ပေါက်တဲ့ ပန်းရိုင်း တစ်မျိုးဖြစ်ပြီး သူ့ကို ငှက်မျက်လုံး၊ လိပ်ပြာပန်း၊ အရိုင်း ပန်းဆီ စသဖြင့် ခေါ်ဝေါ်ကြ ပါတယ်။ ဒီပန်းနဲ့ သူ့ရဲ့အရွက်တွေ မှာ Salicylic အက် စစ်၊ Glycoside, Flavoroid, Cyclotide, Violine စတဲ့ ဆေးဝါး ကုသရာမှာ သုံးတဲ့ ဓာတ်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်လို့ အလှကုန်တွေ ရဲ့ ကုန်ကြမ်း အဖြစ်ရော ဆေးဘက် ဝင် ပန်းခြောက် အဖြစ်နဲ့ပါ သုံးကြ ပါတယ်။ အရေပြား အရောင် ညီ ညာစေပြီး နီမြန်း ရောင်ရမ်းခြင်း ဝေဒနာနဲ့ ဝက်ခြံတို့ အတွက် သူ့ရဲ့ သတ္တုရည် ကို သုံးနိုင်ပါတယ်။ Pansy Tea ဆိုတဲ့ Pansy ပန်းနဲ့လုပ်တဲ့ လက်ဖက်ရည်ကြမ်း (ရေနွေး + Pansy) ကို သောက် ခြင်းက အသားအရေ ကို လှပစေ ပြီး၊ လည်ချောင်း၊ ချွဲအမှေး၊ အသက်ရှူ လမ်းကြောင်း ရောင်ရမ်း တဲ့ဝေဒနာကို ပျောက်ကင်းစေနိုင် ပါတယ်။ ပန်းနာ ရင်ကျပ် အတွက် သက်သာစေနိုင် သလို သွေးပေါင် ကျစေ ပြီး နှလုံးရပ်ခြင်းကို ကာကွယ်ပေးတယ် လို့ ညွှန်းဆိုခံ ရတဲ့ပန်း ဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာ ကုသရာ မှာ တရုတ်တွေ က ဆေး အဖြစ် သုံးကြပါတယ်။ အရေ ပြား ဓာတ်မတည့်မှု ဖြစ်လွယ်သူ တွေနဲ့ အထူး သင့်တော်ပြီး ယားယံခြင်း၊ သွေးခဲခြင်း တို့ ကို ကာကွယ် ပေး ပါတယ်။ ပန်းခြောက်မှုန့် နဲ့ ပျားရည်ဟာ အရေပြားပေါ် မှာ အနာတရဖြစ်ရင် လိမ်းဖို့ သင့်တော် လှပါတယ်။

ဝက်ခြံကင်းစေတဲ့ လက်ဆောင် (သို့မဟုတ်) မာရီဂိုးလ်

ကုလားပန်း လို့ မြန်မာတွေ လူသိများတဲ့ မာရီဂိုးလ်က အသား အရေတောက်ပ ဖို့နဲ့ ဝက်ခြံ ကုသဖို့ အထူးကောင်းတဲ့ ပန်းဖြစ် ပါတယ်။ လတ်ဆတ်တဲ့ မာရီဂိုးလ် ပွင့် ချပ် တွေကို ချေပြီး နွားနို့စိမ်း နဲ့ ပျားရည် အနည်းငယ် ရောပြီး လိမ်းပေးကာ ၁၅ မိနစ် အကြာမှာ ရေနွေးငွေ့နဲ့ သစ်ပေးရင် ဝက်ခြံတွေ သက်သာ ပျောက်ကင်း လာပါ လိမ့် မယ်။ ဒါပေမဲ့ အနံ့ပြင်းတဲ့ ပန်းဖြစ်လို့ သူ့ အနံ့ကို မကြိုက်သူတွေ ကတော့ တခြားနည်းကို သုံးဖို့ အကြံပြုချင် ပါတယ်။

ကြာပန်း (သို့မဟုတ်) သဘာဝ Moisturiser

ကြာပန်းရဲ့ဝတ်မှုန်၊ ကြာစေ့ တွေကို ဆေးဘက်ဝင် အဖြစ် ရှေးခေတ် ကတည်းက သုံးခဲ့ကြပါ တယ်။ ကြာပန်းပွင့်တွေမှာ လူအများစု မသုံးဖြစ်ကြတဲ့ သူ့ရဲ့ အာနိ သင်ကောင်း တစ်ခုက အသားအရေ နဲ့ အစိုဓာတ်ကို ထိန်းပေးနိုင်ခြင်း ကိုပါ။ သဘာဝ Moisturiser လုပ်ချင်ရင်တော့ ကြာပွင့် ၃၊ ၄ ပွင့်ကို ၃၊ ၄ မိနစ် ရေထဲ ထည့်ပြုတ်ပြီး အအေးခံ၊ အဲဒီရေနဲ့ ရေချိုးပေးပါ။ အထူး သဖြင့် နေလောင်ခံ ရပြီးနောက် ဖြစ်နိုင်တဲ့ မျက်နှာနဲ့ တစ်ကိုယ်လုံး နီမြန်း၊ ပူလောင်၊ ခြောက်သွေ့ခြင်း တို့ကို ကာကွယ်ပေးပါတယ်။ အစို ဓာတ်ကို ထိန်းထားပေးလို့ မျက်နှာ အသား အရေကအစ တစ်ကိုယ် လုံး ချောမွေ့ စိုပြည်စေ ပါ တယ်။ ချွေးပေါက် မပိတ်ဖို့ ကူညီပေးပါ တယ်။

ခေါင်ရန်း (သို့မဟုတ်) နုပျိုလှပ ခြင်းလက်ဆောင်

တယုတယ ထားမခံရသလို၊ တခုတ်တရ စိုက်စရာတောင် မလို လှတဲ့ ခေါင်ရန်းပန်း ရဲ့အပွင့်လေး တွေက တကယ်တော့ နုပျိုလှပမှု တွေ သင့်ကို ပေးနိုင်ပါတယ်။ အသား အရေကို အားဖြည့်ပေးနိုင် ပြီး ပါးရေတွန့်ခြင်းကို ကာကွယ်ပေး ကာ အရေး အကြောင်းတွေ လျော့ ပါးစေပါတယ်။ အဆီပြန်သူ အတွက်ရော အသား အရေခြောက် သူ အတွက်ပါ ကောင်းမွန်တဲ့ သဘာဝ Moisturiser ဖြစ်ပြီး ခေါင်ရန်း ပွင့်ချပ်လေးတွေ ကို ချေထားတဲ့ ချွဲပျစ်ပျစ် အနှစ်လေးကို ဆံပင်နှစ်ခွဖြစ်တဲ့ သူတွေက အ ဖျား လေးတွေ အနည်းငယ် ညှပ်ပြီး လိမ်းပေးပါ။ နောက်ထပ် ဆံပင် နှစ်ခွ မဖြစ်အောင် အားဖြည့်ပေးနိုင် ပါတယ်။

ပန်းပွင့်လေးတွေက ပေးတဲ့ အလှတရား လက်ဆောင်များကို ပိုင်ဆိုင်နိုင်ဖို့ လက်တွေ့သုံးရင်း ရတီမေတို့ လှသထက် လှပစိုပြည် ကြပါစေလို့ …။

မာဦး

ကြာပန်း – lotus flower

ခေါင်ရန်း – hibiscus flower
- Rose
- Pansy flower
- Marigold –  ကုလားပန်း


Viewing all articles
Browse latest Browse all 55

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း