သင့်မျက်နှာမှာ ဝက်ခြံတွေ ရှိနေလို့ စိတ်ညစ်နေ ပါသလား။ သင့်မီးဖိုချောင် အတွင်းမှာရှိတဲ့ ပစ္စည်းတွေ နဲ့ ဒီဝက်ခြံတွေကို ရှင်းလင်းနိုင်တယ် ဆိုတာ ပြောပြ ပါရစေ။ သင့်အတွက် အံ့သြဘနန်း ဖြစ်လောက်စရာ ဝက်ခြံ ကုသနည်း တွေကို သင့်မီးဖိုချောင် အတွင်းမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အိမ်တွင်း ဖြစ် ဝက်ခြံ ကုသနည်းတွေ က ဝက်ခြံတွေ ကို ဖယ်ရှား ရှင်းလင်းနိုင် ရုံသာမက အသားအရေ ကျန်းမာ စိုပြည်စေဖို့ အတွက်ပါ အထောက် အပံ့ပေးနိုင်ပါတယ်။ ဒါတွေဟာ ကြားဖူးနားဝ နည်းလမ်းတွေ မဟုတ် ဘဲ New York မှာရှိတဲ့ Skin Specially Group မှ MD ဖြစ်သူ အရေပြား ဆိုင်ရာ ကျွမ်းကျင်ပညာ ရှင် Cook – Bolden မှ အကြံပြု ထားတဲ့ နည်းလမ်းတွေ ပဲ ဖြစ်ပါ တယ်။
သခွားသီးမျက်နှာပေါင်းတင်ကပ် ခွာ
အရွယ် ခပ်ငယ်ငယ် သခွား သီးတစ်လုံးနဲ့ အုတ်ဂျုံမှုန့် တစ်ခွက် စာတို့ကို Blender ထဲမှာ ရောနှော ပေါင်းစပ်လိုက်ပါ။ ထို့နောက် ဒိန်ချဉ် စားပွဲတင်ဇွန်း တစ်ဇွန်း ထပ်မံ ပေါင်းစပ်ပါ။ ပေါင်းစပ်ထား သည်တို့ကို သင့်မျက်နှာပြင်ပေါ်မှာ သုတ်လိမ်းပြီး မိနစ် ၃ဝ ခန့်ထားပါ။ မိနစ် ၃ဝ ပြည့်ပြီ ဆိုရင်တော့ ရေဆေး ချလိုက်လို့ ရပါပြီ။
နောက်ထပ် သခွားသီး ပါဝင် တဲ့ နည်းလမ်း တစ်ခုက အရွယ်တော် သခွားသီး တစ်လုံးကို ကြိတ် ချေပြီး အရည်စစ် ယူပါ ထိုထဲသို့ သကြား လက်ဖက်ရည် ဇွန်း ပေါင်း ထည့်ပါ။ ပြီးရင်တော့ မျက်နှာပြင် ပေါ် သုတ်လိမ်းပြီး ၁ဝ မိနစ်ခန့် ထားကာ ရေအေးအေးလေးနှင့် ပြန်လည် ဆေးကြောပေးရမှာ ဖြစ် ပါတယ်။
ပျားရည် နဲ့ မျက်နှာပေါင်းတင်မယ်
ပျားရည် နဲ့ မျက်နှာ ပေါင်းတင်ခြင်း မပြုလုပ်ခင် မှာ ရေနွေးနွေး လေး နဲ့ မျက်နှာ ကို ဆေးကြော သန့်စင် ထားပါ။ ဒါမှသာ ဝက်ခြံတွေ ဟာ ပိုပြီး ပေါ်လွင်လာ မှာ ဖြစ်ပါတယ်။ ဆေးကြော သန့်စင် ပြီးရင်တော့ သန့်စင်တဲ့ ပျားရည် ကို မျက်နှာပြင် ပေါ် မှာ သုတ်လိမ်းပြီး မိနစ် ၃ဝ ခန့် ထားကာ ရေနွေးနွေးလေး နဲ့ ပြန်လည် ဆေးကြော သန့်စင်ပါ။ ပြီးနောက် ရေခဲရေ ကဲ့သို့ ရေအေး အေး နှင့် တစ်ကြိမ် ထပ်မံ၍ ဆေး ကြောပေးဖို့ လိုအပ်ပါတယ်။ ရေအေးအေး က ချွေးပေါက် များ ကို စေ့ပိတ် သွားစေ ပါတယ်။
အဆီပြန်တဲ့ အသားအရေ အတွက် ဘီယာနဲ့ဒိန်ချဉ်
အဆီပြန်တဲ့ အသားအရေ ပိုင် ရှင်တွေဟာ ဝက်ခြံ ပိုမိုဖြစ်ပွားတတ် ပါတယ်။ အခုဖော်ပြမယ့် နည်း လမ်းလေး ကတော့ အဆီတွေကို ပိုမို လျော့ချ ပေးနိုင်တာကြောင့် ဝက်ခြံ ဖြစ်ပွားမှုကို လျော့နည်းစေ ပါတယ်။ ပေါင်းစပ် ရမယ့် ပစ္စည်း တွေ ကတော့ ဘီယာ လက်ဖက်ရည် ဇွန်း ၁ ဇွန်း နဲ့ သန့်စင်တဲ့ ဒိန်ချဉ် အနည်းငယ် ကို ပေါင်းစပ်ပါ။ ထို့နောက် အဆီပြန် တဲ့ ဧရိ ယာ ကို လိမ်းကျံပြီး ၁၅ မိနစ်၊ မိနစ် ၂ဝ ခန့် ထားကာ ရေနွေးနွေး နှင့် ဆေး ကြောပေး ရပါမယ်။ ရေအေးအေး လေးကို အသုံးပြု ပေးရင်တော့ သင့် ရဲ့ ချွေးပေါက် များကို စေ့ပိတ် သွားစေမှာ ဖြစ်ပါတယ်။
ကြက်ဥ နဲ့ သံပရိုကို ပေါင်းစပ်လိုက် တဲ့အခါ
ဒီနည်းလမ်း ကတော့ ဝက်ခြံ ရှိသူများ သာမက အသားအရေ အမျိုးအစား အားလုံး အတွက် အလွန် ကောင်းမွန်တဲ့ အိမ်တွင်းဖြစ် ကုထုံး နည်းလေးပဲ ဖြစ်ပါတယ်။ သံပရို သီး တစ်ခြမ်းကို အရည်ညှစ် ယူပြီး ကြက်ဥ တစ်လုံးရဲ့ အကာနဲ့ ရောမွှေနှောက်ပါ။ ရရှိလာတဲ့ ပစ္စည်းကို ညမအိပ်မီမှာ သုတ်လိမ်းပြီး အိပ်စက်လိုက်ပါ။ မနက် မိုးလင်း တဲ့အခါမှ မျက်နှာကို ရေနွေးနွေး လေးနဲ့ ဆေးကြောသန့်စင်လိုက် ပါ။
မျက်နှာပေါင်းတင်စရာ နနွင်း
လှပတဲ့ အသားအရေ ဖြစ်ဖို့ အတွက် နနွင်းဟာ သဘာဝရဲ့ လက်ဆောင် တစ်မျိုးပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ရဲ့ ရိုးရာအရ အိန္ဒိယ သတိုးသမီးလေး တွေဟာ မင်္ဂလာ မဆောင်မီမှာ နနွင်းနဲ့ အသားအရေ ပေါင်းတင်ခြင်း ကို ပြုလုပ်လေ့ရှိကြ ပါတယ်။ ဒီဝက်ခြံကုသမှု နည်းလမ်း မှာ ပါဝင်တဲ့ ပါဝင် ပစ္စည်းတွေက တော့ အရွယ်တော် ခွက် တစ်လုံးနှင့် ကုလားပဲမှုန့် တစ်ဝက်ခန့်၊ နနွင်းမှုန့် လက်ဖက်ရည် ဇွန်းနှစ်ဇွန်း၊ စန္ဒကူးမှုန့် အနည်းငယ်၊ သန့်စင်တဲ့ ထောပတ် အနည်းငယ်နဲ့ ဗာဒံဆီ တို့ပဲ ဖြစ်ပါတယ်။ ပါဝင် ပစ္စည်း အားလုံးကို ပေါင်းစပ်ပါ။ စေးပျစ် နေအောင်မွှေဖို့ အတွက် ရေကို လိုအပ်သလောက် ပေါင်းထည့်ပါ။ အားလုံးကို ပေါင်းစပ်ပြီးပြီ ဆိုရင် တော့ မျက်နှာပြင်ပေါ် မှာ သုတ်လိမ်းပါ။ ထိုကဲ့သို့ သုတ်လိမ်းတဲ့ အခါမှာ လက်ချောင်းလေး များကို အသုံးပြုပြီး ပွတ်သပ်နှိပ်နယ်ပေး ပါ။ ထို့နောက် ၅ မိနစ်၊ ၁ဝ မိနစ် ခန့်ထား ပြီး ရေဖြင့် ဆေးကြော သန့်စင်လိုက်လို့ ရပါပြီ။
ရတီပျိုမေ တို့ရေ … အခု ဖော်ပြခဲ့တဲ့ ဝက်ခြံတွေကို ဖယ်ရှား ရှင်းလင်းပေးမယ့် အိမ်တွင်းဖြစ် ကုထုံးနည်းလေးတွေကို ပျိုမေတို့ နှစ်သက် သဘောကျကြမယ် ထင်ပါတယ်။ ဒီနည်းလမ်းတွေ ဟာ အသားအရေကို ပြန်လည်နုပျိုစေရုံ သာမက ဝက်ခြံတွေကိုလည်း ဖယ်ရှား ရှင်းလင်းပေးနိုင်ပါတယ်။ ဒီနည်းလမ်းတွေ အားလုံးမှာ ပါဝင် တဲ့ ပစ္စည်းတွေ ဟာ သင်တကူးတက ရှာဖွေနေစရာ မလိုဘဲ သင့်အိမ်ရဲ့ မီးဖိုချောင် နဲ့ ရေခဲသေတ္တာ ထဲမှာ တင် ရှာဖွေလို့ရပါတယ်။ ဒီနည်း လမ်းတွေထဲက တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုအသုံးပြုပြီး သင့် အသားအရေ ရဲ့ အခြေအနေကို စောင့်ကြည့် အကဲခတ်နိုင်ပါတယ်။
စပျစ်သီးနဲ့ သင့် အသားအရေ ကို ကြေးချွတ် သန့်စင် လို့ ရတယ် ဆိုတာကို သင်သိပါရဲ့လား။ သင့်အိမ် ရဲ့ ရေ ခဲသေတ္တာ ထဲ မှာရှိတဲ့ စပျစ်သီးခိုင်ထဲ မှ နှစ်လုံး၊ သုံးလုံး ကို ဖြုတ်ယူပြီး ခွက်ငယ်လေး တစ်ခု အတွင်းမှာ ပွတ်ချေ လိုက်ပါ။ ထွက် လာတဲ့ အရေ နဲ့ မျက်နှာပြင် သာမက၊ လည်ပင်း နေရာတွေ ကိုပါ ပွတ်သပ် လိမ်းကျံ ပေးနိုင်ပါတယ်။ ပြီး ရင်တော့ ရေအေးလေး နဲ့ သန့်စင်ဆေးကြောလိုက်ပါ။ သင့် မျက်နှာပြင်မှာ ရှိတဲ့ ကြေးညှော် တွေကို သန့်စင်ပြီး သားဖြစ် သွား ပါလိမ့်မယ်။
အေမီချို