Quantcast
Channel: Yati Magazine »ရတီမေ
Viewing all articles
Browse latest Browse all 55

ထောပတ်သီးမှ ရတဲ့ နုပျိုမှုများ

$
0
0

သဘာဝ အသီးအနှံ တွေမှာ သင့်ခန္ဓာကိုယ် ကျန်းမာ လှပမှု အတွက် အကျိုးပြုတဲ့ ဓာတ် သဘာဝတွေ တစ်မျိုး မဟုတ် တစ်မျိုး ပါဝင် နေပါ တယ်။ အဲဒီထဲမှာ မှ ထောပတ် သီး ဟာ အသား အရေ လှပမှု အတွက် အကျိုးပြုမှုတွေ များစွာ ပါဝင်နေပါသည်။ ထောပတ်သီး ဟာ အသား အရေ အတွက် သာမက ဆံပင် အတွက်လည်း အကျိုးကျေး ဇူးတွေ များစွာ ပါဝင်နေပါတယ်။ အသားအရေ ထိန်းသိမ်းမှုတွေ အတွက် ထောပတ်သီး ကို ဘယ်လို အသုံးပြုလို့ ရတယ်ဆို တာ ကြည့်ရအောင်ပါ။

 သဘာဝစစ်စစ် အစိုဓာတ်ထိန်းခရင်မ်ပါ။

ထောပတ်သီး မှာ သဘာဝ အဆီဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ သူ့ရဲ့အဆီဟာ အရေပြား အတွင်းပိုင်းကို ထိုးဖောက် ဝင်ရောက် နိုင်ပြီး အသားအရေ ကို ချောမွေ့စေ ရုံ သာမက ရေဓာတ် ကိုလည်း ဖြည့်တင်း ပေးပါတယ်။ ဘာမှ အထူးတလည် လုပ်နေစရာ မလိုဘဲ ထောပတ်သီး အနှစ်တွေကို ပျော့ဖတ် သွားအောင် ကြိတ်ချေ ပြီး မျက်နှာနှင့် ခန္ဓာကိုယ် အပေါ် သုတ်လိမ်း ပါ။ မိနစ် အနည်းငယ်ကြာတဲ့ အခါ ရေဆေးချ လိုက်တဲ့ အခါမှာတော့ သင့် အသားအရေနူးညံ့ ချောမွေ့ သွားတာ ကို သင်မြင်တွေ့ရမှာဖြစ်ပါ တယ်။

ကြမ်းရှတဲ့ အရေပြားအတွက် အကောင်း ဆုံးအဆီ

ထောပတ်သီးမှ ထုတ်လုပ်တဲ့ အဆီကို Supermarket ဆိုင်များမှာ ဝယ်ယူ ရရှိနိုင်ပါ တယ်။ ဒီအဆီ ဟာ ခြေဖဝါး၊ လက်ဖဝါးနေရာ တွေကြမ်းရှပြီး အသားမာ တက်နေခြင်း များကို ဖယ်ရှားပေးမယ့် အကောင်းဆုံး အဆီပဲ ဖြစ်ပါတယ်။ ရေဓာတ် ကို ဖြည့်တင်းပေးတဲ့ အကျိုး အာနိသင် ရှိတာကြောင့် အရေပြားနူးညံ့ စေဖို့ ကူညီပေး ပါတယ်။ အရေပြား စိုပြည် တောက်ပစေတယ်။

ထောပတ်သီးရဲ့ အကျိုး အာနိသင်ထဲ မှာ အရေပြားကို စိုပြည် တောက်ပလာစေတဲ့ အကျိုး အာနိသင် လည်း ပါဝင်ပါတယ်။ ထိုသို့ ပါဝင် ရခြင်း ကတော့ ထောပတ်သီး မှာ အရွယ်တင် နုပျိုစေတဲ့ အင်တီအောက်ဆီးဒင့် ဓာတ် တွေပြည့်ဝစွာ ပါဝင်တဲ့ အတွက် အရေပြားကို နုပျို စိုပြည် လာစေတာ ဖြစ်ပါတယ်။ ထောပတ်သီးကို Facemask အဖြစ် ကိုယ်တိုင် ပြုလုပ်နိုင် တဲ့ ပုံစံ ကတော့ အရွယ်တော်ခွက် တစ်ခုနှင့် ထောပတ်သီး အနှစ် တစ်ဝက်ခန့်ပျားရည်

အနည်းငယ် တို့ကို ရောစပ်ပြီး မျက်နှာပြင်ပေါ် သုတ်လိမ်းပါ။ ၁ဝ မိနစ် ခန့်ထားပြီး ရေဆေး ချလိုက်ပါ။ ဒါကတော့ ကိုယ်တိုင်လုပ် သဘာဝ  Facemask ပဲဖြစ်ပါတယ်။

အရေပြား အက်ကွဲ ပျက်စီးခြင်း၊ ဝက်ခြံ ဖြစ်ပေါ်ခြင်း ကိုလည်း ကာကွယ်ပေးပါတယ်။ ထောပတ်သီး ဟာ ဗီတာမင် E ဓာတ်ကို လည်း ဖြည့်တင်းပေးတဲ့ အတွက် ဝက်ခြံ ကုသရာမှာ လည်း ကူညီ ပံ့ပိုးပေးတဲ့ အပြင် အရေပြား ခြောက်သွေ့ အက်ကွဲခြင်းတွေ ကိုပါ လျော့ပါး သက်သာစေပါတယ်။ ထောပတ်သီး နဲ့ ပျားရည်ရောနှော ထားတဲ့ Facemask ကို တစ်ပတ်တစ်ကြိမ်၊ ဒါမှမဟုတ် တစ်ကြိမ် ထက် လည်း ပိုပြီး ပြုလုပ်ပေးခြင်းက သင့်အရေပြား ကို သင်ကိုယ်တိုင် ထိန်းသိမ်းပေးခြင်း ပဲ ဖြစ်ပါ တယ်။

 ခြောက်သွေ့ပျက်စီးနေတဲ့ ဆံပင်တွေ အတွက် အံ့သြလောက်စရာ conditionor.

 ခြောက်သွေ့ ပျက်စီးနေတဲ့ သင့်ဆံပင်တွေ အတွက် အလွန်အမင်း စိုးရိမ်ပူပန်နေစရာ မလိုပါဘူး။ ထောပတ်သီး နဲ့ အစိုဓာတ်ကို အကောင်း ဆုံးဖြည့်တင်းပေးနိုင် မယ့် Hair Mask တစ်ခု သင်ဖန်တီးနိုင်ပါတယ်။ ပါဝင်ရမယ့် ပစ္စည်းတွေ က ကြက်ဥ တစ်လုံးပျားရည်၊ လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း ၊ ထောပတ်သီး တစ်ခြမ်းတို့ကို ရောနှောပေါင်း စပ်ကာ သင့်ရဲ့ဆံပင် များကို သုတ်လိမ်းပါ။ အထူးသဖြင့် ဆံပင် အဖျားပိုင်းတွေကို ပိုမို ဂရုတစိုက် လိမ်းပြီး ၁၅ မိနစ် ခန့်ထားကာ Shampoo နှင့် ခေါင်းလျှော် ချလိုက်ပါ။ သင် အလွန်အမင်း အံ့သြလောက်အောင် ဆံသား တွေနူးညံ့ တောက်ပြောင် နေတာကို တွေ့ရပါ လိမ့် မယ်။ နေလောင်ခြင်း ကို ကုသနိုင်တယ်။

 ထောပတ်သီး ရဲ့ နောက်ထပ် ကောင်းကျိုး တစ်ခုကတော့ နေလောင်ခံ ရတဲ့အခါမှာ ထောပတ်သီး နဲ့ ကုသလို့ ရတာပဲ ဖြစ်ပါတယ်။ သင့်အရေပြား မှာ နေလောင် ကွက်တစ်ခု ဖြစ်ပေါ် လာပါက ထောပတ်သီး ကို ကြိတ်ချေပြီး နေလောင်ကွက်ကို ချက်ချင်း သုတ်လိမ်းလိုက်ပါ။ ဒါဟာ နေလောင်ခြင်း ကို ကုသနိုင်တဲ့ ကုထုံးတစ်ခု လည်း ဖြစ်ပါတယ်။

အေမီချို


Viewing all articles
Browse latest Browse all 55

Trending Articles