စိတ်ဖိစီးမှုတွေနဲ့ ရှင်သန်နေထိုင်ရတဲ့ နေ့ရက်တွေကို ကျန်းမာစွာ ကျော်လွန် ဖြတ်သန်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီလ ရတီ ပရိသတ်တွေ အတွက် စိတ်ကို ငြိမ်းချမ်းစေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေ မယ့် ယောဂ နည်းလမ်း တချို့ ဖော်ပြပေး လိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကိုတော့ ကျင်းလိ ခေါ် Jenny က သရုပ်ပြသခဲ့ပါတယ်။
(၁) ဒူးနှစ်ဖက် နဲ့ လက်နှစ်ဖက်
(၂) ခါးကော့နှိမ့်ချပြီး တင်ပါးကို အပေါ် မြှင့်တင်လိုက်ချိန် မှာ အသက်ကို ရှုသွင်းလိုက် ပါ။ ခေါင်း ကို ဖြည်းညင်း စွာမော့ပါ။
(၃) ခေါင်းကို အောက်စိုက်ပြီး ခါးကို ဖြည်းဖြည်းချင်း ကုန်းလိုက်ချိန်မှာ အသက်ကို ရှုထုတ်လိုက်ပါ။ ပခုံးကို အလိုက်သင့် လျှော့ထားပါ။ ၀မ်းဗိုက်ဟာ ချပ်ထား သလို ဖြစ်နေရပါမယ်။ ဒီလို အနေအထားနဲ့ အသက် ကို ဖြည်းဖြည်းချင်း ရှုသွင်းရှုထုတ် ပြုလုပ်ပါ။ (ဒီကျင့်စဉ် လက်ထောက်ထားတဲ့ အခါ လက်ဆယ်ချောင်း စလုံး ကို ဖြန့်ထားဖို့ လိုပါတယ်။ ဒါမှ လက်ကောက်ဝတ် အန္တရာယ်မဖြစ်မှာပါ)
ကြောင် ကိုယ်ဟန်ကျင့်စဉ်ဟာ ကျောပြင်တစ်ခုလုံးကို ပျော့ပျောင်းစေသလို အမျိုးသမ
ကျားကိုယ်ဟန်ကျင့်စဉ်
(၁) ကြောင် ကိုယ်ဟန် ကျင့်စဉ် အစမှာကဲ့သို့ လေးဖက်ထောက်လိုက်ပါ။ ဘယ်ဘက် ခြေထောက် ကို မြှောက်တင်လိုက်ချိန်မှာ ခေါင်းကိုမော့ရင်း အသက်ရှု သွင်း ပါ။ ခါးကို ကော့ပြီး နှိမ့်ချတဲ့အခါ အလိုက်သင့် လျှော့ထားပါ။
(၂) ဘယ်ဒူးကို ကွေးလိုက်ပြီး တတ်နိုင်သလောက် ရှေ့ကို ပို့လိုက်ကာ နဖူးနဲ့ထိအောင် ပြုလုပ်ချိန်မှာ အသက်ရှုထုတ်ပါ။
အသက်ရှုသွင်း ရှုထုတ်တာကို အဓိကထားပြုလုပ်ပါ။ ဖြည်းညင်းစွာ ပြုလုပ်ပါ။ ဒီကျင့်စဉ်က သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
လိပ်ပြာကိုယ်ဟန်ကျင့်စဉ်
(၁) ဒူးနှစ်ဖက်ကို ကွေးပြီး ခြေဖ၀ါး နှစ်ဖက်ကို မျက်နှာချင်းဆိုင် ပူးကပ်လိုက် ပါ။ ခြေထိပ်ဖျားနဲ့ ဖနောင့် တစ်ညီတည်း ဖြစ်ရပါမယ်။
လက်ဆယ်ချောင်းလုံးကို ယှက်ပြီး ခြေချောင်းတွေရဲ့ ထိပ်ကို ကိုင်လိုက်ပါ။ ပေါင်ရင်ကြောတွေ ကို လျှော့ထား ပါ။ ကျောကို မတ်မတ်ထားထိုင်ပါ။
အသက် ရှုသွင်းချိန်မှာ ဒူးနှစ်ဖက် ဟာ လိပ်ပြာ တောင်ပံ ပုံစံ ထောင်ရက်သား ဖြစ်နေရပါမယ်။
တံတောင်နှစ်ဖက်ကို ကွေးပြီး ခြေထောက်ကို ဖြန့်ချလိုက်ရမှာ ဖြစ်ပါတယ်။ တတ်နိုင်သလောက် အကြောလျှော့ထားပါ။
(၂) ပြီးရင် ခန္ဓာကိုယ် အပေါ်ပိုင်း တစ်ခုလုံးကို အရှေ့ကို ကွေးချလိုက်ပါ။
လိပ်ပြာကိုယ်ဟန် ကျင့်စဉ်ဟာ ၀မ်းဗိုက်တစ်ဝိုက်ကို သွေးလည်ပတ် မှု ကောင်းမွန်စေ ပါတယ်။ ပေါင်နှစ်ဖက်ကို ပေါ့ပါးစေပါတယ်။ ကိုယ်ဝန်ဆောင်များ အတွက် လည်း ကောင်း မွန်ပြီး ကလေးကိုလည်း အထောက်အပံ့ပြုပါတယ်။
ကြာပန်းကျင့်စဉ်
(၁) ခြေထောက်ကို သက်တောင့် သက်သာ ဆန့်ထားပါ။ ဘယ်ဘက် ခြေထောက်ကို အရင် ကွေးယူလိုက်ပါ။
(၂) ညာဘက်ဒူးကို ကွေးလိုက်ပါ။ ညာခြေကို သက်တောင့်သက်သာ ထားပါ။ ခြေနှစ်ခုကို ထပ်လျက်သား ဖြစ်နေပါစေ။ ခြေထောက်ကို မထပ်ဘဲ ပြေလျော့ပြီး ထိုင်ရင်လည်း ရပါတယ်။
(၃) ကြာပန်း ကိုယ်ဟန်ကျင့်စဉ် ဟာ ခြေထောက်ပေါ်မှာ ခန္ဓာကိုယ် အလေးချိန် အားပြုထားရတဲ့ ကိုယ်ဝန်ဆောင်သူတွေ အတွက် လည်း စိတ်ကို တည်ငြိမ်စေ ပါတယ်။ ဘုရား ရှိခိုးခြင်းမှာလည်း ဒီလို ထိုင်နည်းကို ထိုင်နိုင်ပါတယ်။
ဦးခေါင်းစိုက်ချ ကျင့်စဉ်
(၁) ဒူးနှစ်ဖက်ကို ကွေးပြီးတင်ပါးကို ဖနောင့်ပေါ် ထိုင်ချလိုက်ပါ။ ဒီလို ပဆစ်တုပ် ထိုင်ရာကနေ တင်ပါးကို ဖြည်းဖြည်းချင်း မလိုက်ပါ။ ဦးခေါင်းဟာ သူ့အလို လို ဖြည်းဖြည်းချင်း စိုက်ကျလာမယ်။
(၂) ငယ်ထိပ်က မြေကြီး နဲ့ ထိချိန်မှာ ရပ်လိုက်ပါ။ ခြေထောက်က ထောင့်မှန် ကျနေရပါမယ်။ စလုပ်ခါစမှာ ခေါင်းက နာတယ်လို့ ထင်ရတတ်ပါ တယ်။ ဖြည်းဖြည်း ချင်းပြုလုပ်သွား
ဒီကျင့်စဉ်က စိတ်ဖိစိမှု များသူတွေအတွက်နဲ့ အမြဲ ခေါင်းကိုက်နေတတ်သူတွေ အတွက်