Quantcast
Channel: Yati Magazine »ရတီမေ
Viewing all articles
Browse latest Browse all 55

သင့်လက်သည်းတွေကို ခြောက်သွေ့ ပျက်စီးမှုမှ ကာကွယ်ပေးနိုင်မယ့် အချက် ၁ဝ ချက်

$
0
0

အမျိုးသမီးတွေ ဟာ သူတို့ရဲ့ လက်သည်းလေး တွေ ခြောက်သွေ့ ပျက်စီးပြီး အက်ကွဲ လာခြင်း၊ ကျိုးပျက် သွားခြင်းတွေကို အလို မရှိကြပါဘူး။ လက်သည်းတွေ ကျိုး ပျက် ပဲ့ထွက် လာခြင်းက သူတို့ရဲ့ Image ကို ထိခိုက် တာကြောင့် ဖြစ်ပါတယ်။ လက်သည်းတွေဟာ တစ်ခါ တစ်ရံမှာ အကြောင်း အချက် မျိုးစုံကြောင့် အားနည်း ပြီး ခြောက်သွေ့ ကျိုးပျက် တတ်သလို မျိုးရိုး စဉ်ဆက် ကြောင့်လည်း ဖြစ်တတ်တယ် ဆိုတာကို သတိပြု ရပါမယ်။ ဒါပေမဲ့လည်း ကောင်းမွန်အောင် ထိန်းသိမ်း ပြုစု ဖို့ ကတော့ မိမိ ရဲ့ တာဝန်ပဲ ဖြစ်ပါ တယ်။ ဒါကြောင့် လက်သည်းလေး တွေ ခြောက်သွေ့ ပျက်စီးမှု ဒဏ် မှ တားဆီး ကာကွယ် ပေးပြီး သန်စွမ်း ကြံ့ခိုင်ပြီး တောက်ပနေတဲ့ လက်သည်းလေး တွေကို ပိုင်ဆိုင်နိုင်မယ့် နည်း လမ်းလေးတွေ ကို ရှာဖွေကြည့် ရအောင်ပါ။

သံလွင်ဆီ သုတ်လိမ်းပါ

လက်သည်းသား ပါးလွှာတဲ့သူတွေဟာ ခဏ လေးနဲ့ ကျိုးပဲ့ လွယ်တတ်ပါတယ်။ သင့်လက်သည်း သားလေးတွေဟာ ပါးလွှာတယ် ဆိုရင်တော့ လက်သည်းလေးတွေ ကြံ့ခိုင် သန်စွမ်းလာဖို့ အတွက် သန့်စင်တဲ့ သံလွင်ဆီကို တစ်လ တစ်ကြိမ် ၁ဝ မိနစ် ၁၅ မိနစ်ခန့် သုတ်လိမ်း စိုစွတ်ပေးပါ။ ဒီထက်ပိုပြီး လိုအပ်တယ် ဆိုရင်တော့ တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါဟာ ငွေကုန်ကြေးကျ လည်း သက်သာပြီး အိမ်မှာတင် ပြုလုပ်နိုင်မယ့် အလှအပ ဆိုင်ရာ ကုထုံးမျိုးပဲ ဖြစ်ပါတယ်။ ဒီကုထုံး ဟာ အားနည်း ပျက်စီး လွယ်တဲ့ လက်သည်းလေး တွေကို အခိုင်အမာ ကူညီပေးနိုင်တဲ့ ကုထုံးမျိုးပဲဖြစ်ပါတယ်။

အသားမာလိမ်းခရင်မ်ကို အသုံးပြုပါ

လက်သည်းခွံရဲ့ ဘေးပတ်လည် ဝန်းကျင်မှာ အသား မာခွံလေးတွေ ရှိနေတယ် ဆိုရင်တော့ အာဟာရ ဖြည့်တင်း ပေးနိုင်မယ့် အသားမာလိမ်း ခရင်မ်ကို အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ ဗီတာမင် E ပါဝင်တဲ့ အသားမာ လိမ်းခရင်မ်က ခြောက်သွေ့မှု၊ လက်သည်းလေးတွေ ကြွပ်ဆတ်၊ ကျိုးပဲ့လွယ်မှုတို့ မဖြစ်ရအောင် အာဟာရ ဖြည့်တင်း ကူညီပေးပါတယ်။ ညအိပ်ရာ မဝင်ခင် မှာ ဒီခရင်မ်ကို လက်သည်းခွံ နဲ့ သူ့ဘေးပတ်လည် ဝန်းကျင်ကို လိမ်းကျံပြီး ပွတ်သပ်နှိပ်နယ်ပေးပါ။

နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် လက်အိတ် သုံးပါ

သင်ဟာ နေ့စဉ် လုပ်ငန်းဆောင်တာ များကို လုပ်ဆောင်နေတဲ့ အချိန်မှာ လက်အိတ် စွပ်ထားပါ လို့ အကြံပြုပါရစေ။ အိုးခွက် ပန်းကန်များ ဆေးကြောချိန်၊ အိမ် သန့်ရှင်းရေး ပြုလုပ်ချိန် နဲ့ ပန်းခြံများကို ပြုပြင်မှု ပြုလုပ်ချိန်တွေမှာ လက်အိတ် ကို အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ အစွန်း ချွတ်ဆေးတွေနဲ့ အိမ်သုံး သန့်စင်ဆေးတွေ ဟာ သင့် လက်ချောင်းနဲ့ လက်သည်းခွံလေးတွေ ကို ခြောက်သွေ့ ကြမ်းတမ်း ပျက်စီးစေနိုင်ပါတယ်။ ပန်းခြံတွေ ကို ပြုပြင်တဲ့ အခါမှာ မြေဆီလွှာတွေ နဲ့ ထိတွေ့ခြင်းက လက်သည်းခွံ တွေ ပျက်စီးမှု ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မိမိအိမ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို လုပ်ဆောင် နေတဲ့အချိန်တွေ မှာ လက်အိတ်စွပ် ထားခြင်း က အကောင်းမွန် ဆုံး ကာကွယ် ထိန်းသိမ်းမှုပဲ ဖြစ်ပါ တယ်။

Biotin ဓာတ်ပါတဲ့ အစားအစာများကို စားသုံးပါ

သင့်လက်သည်းတွေမှာ အားနည်းပျက်စီးမှု တွေ ရှိနေတယ် ဆိုတာက သင့်ရဲ့ ကျန်းမာရေး ကို လည်း ပြသနေရာ ရောက်ပါတယ်။ သင့်ရဲ့ စားသောက်မှု ပုံစံမှာ Biotin ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ကို စားသုံးပေးဖို့ လိုအပ်တယ်။ Biotin ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက အသည်း၊ ဥ၊ အစေ့အဆန်များ၊ ပန်းဂေါ်ဖီ ၊ ထောပတ်သီး စတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ Biotin ပါဝင်တဲ့ အစားအစာတွေက သင့်ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးကို အကျိုး ဖြစ်ထွန်းစေမှာ ဖြစ်သလို သင့်လက်သည်းတွေကို လည်း ခွန်အား ဖြစ်စေ ပြီး ထူထဲသန်မာစေပါတယ်။

နေ့စဉ်အာဟာရဓာတ် စုံလင်အောင် ဖြည့်ဆည်း ပါ

အာဟာရ ဓာတ်ဟာ သင့်ခန္ဓာကိုယ် တစ်ခုလုံး အတွက် မရှိမဖြစ် လိုအပ်သလို သင့်ရဲ့ လက်သည်း တွေအတွက်လည်း အံ့သြဖွယ်ရာ ပြောင်းလဲ ကောင်းမွန်စေနိုင် ပါတယ်။ ဗီတာမင် A ၊ ဗီတာမင် C နဲ့ Calcium တို့ဟာ သင့်လက်သည်းတွေ ခြောက်သွေ့ခြင်း၊ ကြွပ်ဆတ် ကျိုးပဲ့ခြင်းတို့မှ ကင်းဝေးစေနိုင် ပါတယ်။ ဒါကြောင့် multivitamin နဲ့ Calcium ဓာတ်တွေကို သင့် ခန္ဓာကိုယ် အတွက် နေ့စဉ် သေချာစွာ ဖြည့်စွက်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် Protein နဲ့ Calcium ဓာတ် တို့ကြွယ်ဝ စွာ ပါဝင်တဲ့ အစားအစာတွေ ကိုလည်း သေချာစွာ စားသုံးပေးဖို့ လိုအပ်ပါတယ်။

လက်သည်းဖျက်ဆေးကို မကြာခဏ အသုံးမပြု ပါနှင့်

လက်သည်းဖျက်ဆေး ကို တစ်လလျှင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်ထက် ပိုပြီးတော့ အသုံးမပြု ပါနဲ့လို့ အကြံပြုပါရစေ။ လက်သည်း ဖျက်ဆေးမှာ အက်စီတုန်း ဓာတ်ငွေ့ ပါဝင် တာကြောင့် လက်သည်းတွေကို ခြောက်သွေ့ ပျက်စီးစေပါ တယ်။

လက်သည်းလေးတွေကို နှိပ်နယ်ပေးပါ

သင့်ရဲ့ လက်သည်းလေးတွေကို ပွတ်သပ် နှိပ်နယ်ပေးခြင်းက လက်သည်းခွံ ဧရိယာတစ်ဝိုက် ရှိ သွေးလည်ပတ် စီးဆင်းမှုကို လှုံ့ဆော်ပေးပါ တယ်။ ဒါ့ပြင် လက်သည်း ခွံလေးတွေ ကျန်းမာ သန်စွမ်းစွာ ရှည်လျား လာစေဖို့အတွက် ကူညီမှု ပေးပါတယ်။ နှိပ်နယ်တဲ့ အခါမှာ အစိုဓာတ်ဖြည့် တင်းပေးတဲ့ Lotion ကို လိမ်းကျံပြီး နှိပ်နယ်ပေး ပါ။ ဒါဟာ အသားမာတွေ ကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။ ရေချိုးပြီး ချိန်တိုင်းမှာ ပြုလုပ်ပေးပါလို့ အကြံပြုပါရစေ။

ရေများများသောက်ပါ

ရေသောက်ခြင်းဟာ အလုံးစုံသော ကျန်းမာရေး ကောင်းမွန်မှုကို ရရှိတယ် ဆိုတာကို အားလုံးပဲ သိထားပြီး သားဖြစ်ပါတယ်။ ဖြည့်စွက် ပြောပြချင်တာ တစ်ခုကတော့ အလုံးစုံသော ကျန်းမာရေး ကောင်းမွန်မှု ဆိုရာမှာ သင့်လက် သည်းလေးတွေလည်း ပါဝင်နေတယ် ဆိုတာကို မမေ့ပါနဲ့။ ရေသောက်ခြင်းက ခန္ဓာကိုယ်ရဲ့ ရေဓာတ် ပမာဏ ကို ဖြည့်တင်းပေးတာ မို့ လက်သည်းတွေ ခြောက်သွေ့ ပျက်စီးမှု မရှိအောင် ကူညီပေးပါတယ်။ လက်သည်း အပြင် သင့်ဆံပင် နဲ့ အရေပြား အတွက် လည်း ကောင်းမွန် တဲ့ အကျိုး ကျေးဇူးကို ပေးစွမ်းနိုင် ပါသေးတယ်။

သင့်လက်သည်းကို ကြမ်းတမ်းစွာ အသုံးမပြု ပါနဲ့

သင့်ရဲ့ လက်သည်းလေး တွေကို ထိခိုက် ပဲ့ထွက် သွားလောက်တဲ့ အထိ ကြမ်းတမ်းစွာ အသုံးမပြုပါနဲ့လို့ အကြံပေး ပါရစေ။ အအေးဘူး တွေကို လက်သည်းခွံနဲ့ ဖွင့်ဖောက် တာ၊ ဖုန်း ခလုတ်တွေကို ကြမ်းကြမ်း တမ်းတမ်း နှိပ်တာတွေ ဟာ လက်သည်းလေးတွေ ကို ထိခိုက် ပျက်စီးစေ ပါတယ်။ ဒါကြောင့် နေရာတိုင်း လက်ချောင်း လေးတွေကို အသုံး မပြုဘဲ လက်ချောင်း များ နေရာမှာ ကိရိယာ တစ်ခုခုကို အစားထိုး သုံးစွဲပါလို့ ဆိုပါရစေ။

အေမီချို


Viewing all articles
Browse latest Browse all 55

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး