Quantcast
Channel: Yati Magazine »ရတီမေ
Viewing all articles
Browse latest Browse all 55

Their O

$
0
0

ဒီလမှာတော့ O စာလုံးကိုရွေးထားပါတယ်။ ‘O’ စာလုံးမှာရှိတဲ့ စကားလုံးတွေ အများကြီးထဲမှာ Overcoming , Outstanding , Opportunity  စတဲ့ စကားလုံးတွေကို ဦးကျော်သူ(နာရေးကူညီမှုအသင်း ရန်ကုန် ဥက္ကဋ္ဌ)၊ မြရွှေဝါ (Myanmar Model Management) နဲ့ Online Blogger တစ်ဦးဖြစ်တဲ့ ဆရာမနိုင်းနိုင်းစနေတို့က သူတို့ ကိုယ်ပိုင်အမြင်တွေနဲ့ ဆွေးနွေးပေးထားပါတယ်။

မြရွှေဝါ

Overcoming

Overcoming ဆိုတာ ကျော်လွှားနိုင်တာကို ပြောတာပေါ့။ အစ်မရဲ့ Life နဲ့ ယှဉ်ပြီးပြောရရင် ဘဝမှာ ကောင်းတာတွေနဲ့ ကြုံတွေ့နိုင် သလိုဆိုး တာတွေ လည်း တွေ့ ရတာပဲ။ ဒါတွေအားလုံးကို ကိုယ်က ရဲရဲရင်ဆိုင်ပြီးကျော်လွှားရတာပဲ။ အစ်မကတော့ ဘာပဲလုပ်လုပ်ဘုရားသခင်ကို ဦးထိပ်ပန်တယ်။ ကိုယ့်အ လုပ်တွေ မှာ တွေ့ရတဲ့ အခက်အခဲတွေကိုလည်း အစ်မလုံးဝမကြောက် မရွံ့နဲ့ နောက်မဆုတ်ဘဲ ရင်ဆိုင်ပြီး ဖြတ်ကျော်ခဲ့တယ်။ ကိုယ့်ဘဝကို ကိုယ် လုံးဝစိတ်ဓာတ် မကျဘူး။ ဒါက ဘုရားသခင်ရဲ့ ကျေးဇူးပါပဲ။ ဘုရားသခင်က အစ်မကို အဲဒီလိုခွန်အားတွေ၊ ဥာဏ်ပညာတွေပေးထားလို့။ အစ်မဒီလို ဖြတ်ကျော်နိုင်တာပါ။ အစ်မပြောချင်တာက ဘယ် အလုပ်ကိုမဆို လုပ်နိုင်တယ်ဆိုတဲ့စိတ်မျိုး အရင်မွေးစေချင်တယ်။ လဲသွားရင်လည်း စိတ်ဓာတ်မကျဘဲ ပြန်ထဖို့ ကြိုးစားစေချင်တယ်။ လူ့ဘဝက ဒီလိုပဲ။ လူတိုင်း မှာမွေး ကတည်းက Talent  တွေ ပါလာကြတယ်။ ကိုယ်က စွမ်းဆောင်နိုင်တယ်ဆိုတဲ့ စိတ်မွေးထားရင်ဘယ်လိုအခက်အခဲကိုပဲ ဖြစ်ဖြစ် Overcoming လုပ်နိုင်မှာ ပါ။ အစ်မက ကိုယ့် တပည့်တွေကိုလည်း ဒီလိုစိတ်မျိုးရှိအောင် လေ့ကျင့်ပေးတတ်တယ်။

Outstanding

Outstanding ဖြစ်ရတယ်ဆိုတာ အများထက်ထူးခြားကောင်းမွန်တာ၊ သာလွန်တာကို ပြောတာပေါ့။ အစ်မဆိုရင် ကိုယ်တတ်တဲ့ပညာဖြစ်တဲ့ Modelling  မှာပဲဖြစ်ဖြစ်၊ အခု ‘အိပ်မက်ဆုံရာ’ မှာ training  ပေးတာမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ကလေးတွေကို ဆရာစားမချန်ဘဲအားလုံးကို သင်ပေးတယ်။ အစ်မတို့တုန်းကဆိုရင် ဒီ Model  ပညာကို သင်ပေးဖို့ ဆရာတွေမရှိခဲ့ဘူး။ အခွေ တွေကြည့်ပြီး အိမ်မှာ ကျင့်ရတာ။ ကိုယ့်ရဲ့ရူးသွပ်မှု ကို အဲဒီလို ကြိုးစားခဲ့ရတယ်။ သူများထက် ထူးခြားဖို့၊ သာလွန်ဖို့ဆိုတာ ကြိုးစား မှု က အဓိက ပဲ။ ကိုယ့်ရဲ့ Talent ကို ပိုပြီး ကောင်းမွန်အောင်မပျင်းဘဲ ကြိုးစားရမယ်။ ‘You Can Do it’  ဆိုတဲ့ စကားက လူတိုင်းအတွက်ပါပဲ။ လူတစ်ယောက် Outstanding  ဖြစ်ဖို့ဆိုတာ ကိုယ့်ရဲ့ Talent ကို ဘယ်လောက်တောင် ပြလို့ရမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ကိုယ့်ဆီမှာရှိတဲ့ creative idea ကို ရဲရဲပြသနိုင်ဖို့ အ တွက် ကြိုးစားမှုတော့ ရှိရမှာပေါ့။

Opportunity

Opportunity ဆိုတာ အခွင့်အလမ်းပေါ့။ လူတိုင်းမှာ အချိန်အခါတစ်ခုမှာ ကိုယ့်ဆီကို အခွင့်အရေးတွေ ရောက်လာတတ်တယ်။ အဲဒီလို ရောက်လာတတ်တဲ့ အခွင့် အရေးတွေကို လက်မလွှတ်လိုက်သင့်ဘူး။ ကိုယ့်သား၊ သမီးတွေကိုလည်း သူတို့လုပ်ချင်တဲ့ အခွင့်အရေးတွေကို မိဘတွေကလုပ်ပေးသင့်ပါတယ်။ ဒါက အစ်မ အမြင်ပါ။ ပညာရပ်မှာတင်မကဘဲ Talent ပိုင်းဆိုင်ရာတွေမှပါ ပံ့ပိုးပေးသင့်တယ်။ ကိုယ့်ဆီ ဘယ်အချိန်ရောက်လာမှန်း မသိတဲ့အခွင့်အရေး ကို မိမိရရ ဆုပ်ကိုင်ဖို့ အတွက်က ကိုယ့် ဘက်က တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရမယ်။ သင်ယူစရာရှိတာတွေ သင်ယူထားရမယ်။ အမြဲပဲ ကိုယ့်အရည် အသွေးကို ကျေနပ် မနေ ဘဲ သွေး နေ ရမှာ။ ကောင်းတဲ့အခွင့်အရေးကို ရအောင် ယူနိုင်ရမယ်။ နောက်ပြီး ဒီလို opportunity  တွေက လာရင် စိန်ခေါ်မှုတွေနဲ့အတူ တွဲလာတတ်တယ်။ ဒီစိန်ခေါ်မှုတွေ ကို စောစောကပြောတဲ့ overcoming လုပ်နိုင်ရမယ်။ ကိုယ်က opportunity  ဖြစ်နေရင် ဘယ်လိုအခွင့်အရေးကို မဆို ကိုယ်က မိမိရရ ဆုပ်ကိုင်နိုင်မှာပါ။

ဖြိုးစုပိုပို


Viewing all articles
Browse latest Browse all 55

Trending Articles