Quantcast
Channel: Yati Magazine »ရတီမေ
Viewing all articles
Browse latest Browse all 55

လှပစိုပြည် ရတီမေ

$
0
0

ဝသန်ကာလအသားအရေထိန်းသိမ်းနည်းများ

ဝသန်ကာလမိုးရာသီမှာ စိုစွတ်မှုနဲ့ မကြာခဏထိတွေ့ရလို့ ဆံပင်နဲ့ အသားအရေ ပြဿနာတွေကို ကြုံရတတ်ပါတယ်။ ဒါတွေကို ဘယ်လိုနည်းသွားအောင် ကိုယ့်အလှကို ထိန်း နိုင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းလေးတွေ လေ့လာရအောင်။

ဘာတွေပြောင်းလဲဖို့လိုလဲမိုးစက်တွေအကြားမှာ ပျော်မြူးနိုင်ဖို့ ထီးလှလှလေး၊ မိုးကာ၊ မိုးရေစိုခံလက်ကိုင်အိတ် တွေကို ပြောင်းသုံးလိုက်ပါ။ မကြာခ ဏလျှောက် ဖို့ နေ ပူလှမ်းဖို့လည်း မမေ့ပါနဲ့။ မှိုစွဲတတ်လို့ပါ။ ရေစိုခံ၊ ချောမလဲတဲ့ ဖိနပ်တွေကို ပြောင်းစီး ပါ။ ရွှံ့မစင်အောင် ရှူးဖိနပ် ဒါမှမဟုတ်  ကြိုးသိုင်း ဖိနပ်ေ လးတွေ ရွေး စီးနိုင်ပါ တယ်။ ခြေထောက်မှာ မှိုမစွဲ၊ ယားနာမစွဲဖို့ ညစ်ပေတဲ့ရေတွေထဲ ဖြတ် လျှောက်တာကို တတ်နိုင်သမျှ ရှောင်ပါ။ မရှောင်နိုင်တဲ့အခါ ခြေထောက် ကို သေချာ စွာ ဆေးေ ကြာပြီး ခြောက်အောင် ပြန်သုတ်ထားပါ။

ဒီလိုလုပ်နိုင်ဖို့ သင့်ရုံးမှာ ဖိနပ်တစ်ရံအရံအဖြစ် ထားထားသင့်သလို သင့်ရုံးလော့ကာထဲမှာလည်း ဝတ်စုံအပိုတစ်စုံ ဆောင်ထားသင့်ပါတယ်။ မိုးရေထဲမှာ လျှောက် ရ လွ ယ်ပြီး စတိုင်ကျစေ မယ့် ဘောင်းဘီစက၊ ဘောင်းဘီရှည်ကို ခေါက် ဝတ်ခြင်း၊ စကတ်ဒူးဖုံးလေးတွေ ရွေးဝတ်ခြင်းက အဆင်ပြေစေမှာပါ။ အစိုဓာတ်ထိန်းတဲ့ ခ ရင်မ် တွေ၊ အဆီပါဝင်မှုများတဲ့ အောက်ခံခရင်မ်နဲ့ မိတ်ကပ်တွေကို ဖယ်ပစ်လိုက်ပါတော့။ မိတ်ကပ် ကို ခပ်ပါးပါးပဲလိမ်းပါ။ မျက်တောင်ကော့ဆေးကို ရေစိုခံသုံးပါ။

မိုးရေစိုတဲ့အခါ မျက်နှာလည်ပင်းနဲ့ ရင်ဘတ် တစ်ဝိုက် ယားယံတတ်တာကြောင့် မိုးရေစိုရင် ခြောက်အောင်သုတ်ပြီး Anti Fungal Powder သုံးနိုင်ပါ တယ်။ အိပ်ရာ မဝင် ခင် ရေနွေးနဲ့ မျက်နှာသစ်ပါ။ခေါင်းစည်းများ၊ ခေါင်းအုံးစွပ်များ၊ အဝတ် အစားများကို လျှော်ဖွပ်သန့်စင်ခြင်း ပုံမှန်ပြုလုပ် ကာ ခြောက်သွေ့အောင်ထားပြီး မီးပူတိုက်ပါ။ မှိုမ စွဲပါစေနဲ့။ မသန့်တဲ့နေရာတွေ လက်နဲ့ ကိုင်ပြီး တိုင်း လက်ကိုဆေးပါ။

ဆံကေသာကို ဂရုစိုက်

မိန်းကလေးအများစုရဲ့ဆံပင်ဟာ မျက်နှာပြင် နဲ့ ထိတွေ့နိုင်လောက်အောင်တော့ ရှည်ကြပါ တယ်။ ဒီတော့ ဆံပင်က စိုထိုင်းစေးကပ်ပြီး ညစ်ပတ်လာတာနဲ့အမျှ အဲဒီ ဆံပင်နဲ့ ထိတွေ့နေရ တဲ့ မျက်နှာနဲ့ အသားအရေကိုပါ ထိခိုက်တတ်ပါ တယ်။ ဒါ့ကြောင့် ဆံကေသာသန့်ရှင်းခြောက် သွေ့အောင် ဂရုစိုက်ပါ။

ဘယ်လိုဂရုစိုက်မလဲ

ဆံပင်ကို ဟိုဟာလိမ်းလိုက် ဒီဟာလိမ်းလိုက် နဲ့ မျိုးစုံလျှောက်မလိမ်းပါနဲ့။ ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးကိုလည်း အပျော့စားတွေပဲ သုံးပါ။ခေါင်းကို ပုံမှန်လျှော် ပါ။ လျှော်ပြီး တိုင်း ပျော့ ဆေးသုံးပါ။ ဒါပေမဲ့ ဆံပင်အရင်းထိ ပျော့ဆေးကို မလိမ်းပါနဲ့။သန့်စင်တဲ့ရေနဲ့ ချိုးပါ။ သန့်တဲ့ရေကို သောက်ပါ။ဟင်းသီးဟင်းရွက်၊ သစ်သီးများနဲ့ အ တူ  ပရိုတိန်း သင့်တင့်စွာပါဝင်တာတွေကို စားသောက် ပါ။

အသားအရေအလိုက် ထိန်းသိမ်းရမည့်အချက်များ

အဆီပြန်သူ – တစ်နေ့ကို ၂ ကြိမ်မှ ၃ ကြိမ် မျက်နှာသစ်ပါ။ မျက်နှာသစ်ခရင်မ်တွေ သိပ် မသုံးပါနဲ့။ ရေနွေးနွေးနဲ့ မျက်နှာသစ်နိုင်ပါတယ်။ ချွေးပေါက်မပိတ်ဖို့နဲ့ ဆဲလ်ေ သတွေဖယ်ရှားဖို့ မျက်နှာကို Scurb လုပ်ပါ။ သစ်သီးများနဲ့ ပေါင်းတင်ပါ။အသားအရေခြောက်သူ – ရေများများ သောက်ပြီး အသားအရေကို ပြုပြင်ပေးနိုင်တဲ့ ဗီတာ မင်တွေကို စားသုံးနိုင်ပါတယ်။ ခရင်မ်ကို အခြေခံတဲ့ မျက်နှာသစ်ဆေးနဲ့ လိုက်ဖက်ပါတယ်။  အယ်လ်ကိုဟောမပါတဲ့ တိုနာကို သုံးနိုင်ပါ တယ်။ပေါင်းစပ် အသား အရေ- သင့်မျက်နှာ T Zone စာ အဆီပြန်လိုက် ခြောက်သွေ့လိုက်ဆိုရင် တော့ ဒါက ပေါင်းစပ်အသားအရေကို ပိုင်ဆိုင် ထားလို့ပါ။ ပုံမှန်ထက် နူးညံ့ညင်သာစွာ သန့် စင် ပေးဖို့လိုသလို ပုံမှန် Scurb လုပ်ပေးဖို့ လိုပါ တယ်။

အထက်ပါထိန်းသိမ်းနည်းများကို ဂရုစိုက်ရင် အလှအပအပြင် တစ်ကိုယ်ရည်သန့်ရှင်းရေးကိုပါ ဂရုစိုက်ပြီးသားဖြစ်လို့ ကျန်းမာရေးကို အထောက် အကူ ပြုပါတယ်။ ဒါ့ အပြင် လိုအပ်တဲ့အခါမှာ ဆရာဝန်နဲ့ ပြသတိုင်ပင်ခြင်း၊ မိုးကာလနဲ့သက်ဆိုင် တဲ့ အချက်များကို လေ့လာခြင်း၊ မိုးနဲ့လိုက်ဖက်ပြီး ကိုယ်လည်းဝတ်ရတာအဆင်ပြေ၊ အရေပြား အတွက်လည်း သင့်တော်တဲ့ဖက်ရှင်ကို ရွေးချယ် ခြင်းက သင့်ကို လှပစိုပြည်တဲ့ရတီပျိုမေများ ဖြစ်စေပါလိမ့်မယ်။

မာဦး


Viewing all articles
Browse latest Browse all 55

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း