မိုးရာသီ ကေသာထိန်းသိမ်းနည်းများ
မိတ်ကပ် ခပ်ပါးပါး၊ ရေစိုခံမျက်လုံး လိုင်နာခဲတံ တစ်ချောင်းနဲ့ ရေစိုခံ မျက်တောင်ကော့ဆေး ပြီးတော့ နှုတ်ခမ်းနီလေး ရှိရင် သာမန် ပြင်ဆင်မှုမျိုး အတွက်တော့ မိုးတွင်း ကာလမှာ လုံလောက်နေ ပါပြီ။ ပေါင်ဒါကိတ် ဘူးလေးတော့ ဆောင်ထား ပေါ့။ ဒါပေမဲ့ မျက်နှာလေး တစ်ခုတည်း သနေလို့ တော့မရပါဘူး။ ဆံပင်ရဲ့ အလှ၊ စတိုင်၊ သန့် ရှင်းမှု စတာတွေ ကလည်း ကိုယ့်အလှ၊ ကိုယ့်ကျန်းမာရေး နဲ့ ဖက်ရှင် အတွက် ဂရုစိုက်ရမှာပါ။ မိုးရာသီမှာက ခေါင်းခဏခဏ လျှော်လို့ကလည်း မဖြစ် ရေငွေ့က လည်း ခဏခဏ ရိုက် အခန့် မသင့်ရင် မိုးစိုတတ် တော့ ဆံပင်မသန့်ဘူး ဆိုရင် ဆံပင်ကတစ်ဆင့် မျက်နှာပေါ် ကျလာတဲ့ မိုးရေတွေကြောင့် အသား အရေလည်း ထိ ခိုက်နိုင်၊ ဆံပင် အစိုဓာတ် များနေရင်လည်း သင်နေမကောင်းဖြစ်နိုင်တော့ ခေါင်းကို ရေမစိုအောင် ကာကွယ်တာက အကောင်းဆုံး ပါပဲ။ ရေမစိုအောင် ကာကွယ်ဖို့ မိုးကာကို သုံးရင် ပိုစိတ်ချ ရပေမဲ့ ပျိုမေတွေ အများစု ကတော့ ထီးလေးတွေကို ပဲကြိုက်ကြ သုံးကြတာလေ။ ထီးက မိုးပက်တဲ့အခါ ရေငွေ့တွေ လုံအောင် ကာ ကွယ်ပေးနိုင် မှာမဟုတ်လို့ ဆံပင် စိုတာ သက်သာအောင် အရေးကြီးတဲ့ အထဲမှာ ဆံပင်ပုံစံ ကလည်း ထိပ်ဆုံး ကပေါ့။ ဆံပင်ညှပ် ထား ပုံစတိုင် တင်မက ဆံပင်ကို ထုံးဖွဲ့ ၊ စည်းနှောင် ပုံကိုပါ ဆိုလိုတာပါ။
Hairstyles for the monsoon
အလွယ်ဆုံး ထိန်းသိမ်းနိုင် တာက တိုတဲ့ဆံပင် ပုံစံတွေပါ။ ဒါ့ကြောင့် ဆံပင်တိုတဲ့ သူတွေ ဆိုရင် တော့ အထွေအထူး ဘယ်လိုလေး စည်းပါ။ ပြင်ပါ လို့ပြောဖို့မလိုပါဘူး။ ပုံမှန် ပြင်ဆင်နေကြ အတိုင်း ပဲရပါတယ်။ ဒါပေမဲ့ မိန်းကလေး အများစုကတော့ ခပ်တိုတို ဆံပင်ပုံစံ ဆိုတာ ထားလေ့ မရှိပါဘူး။ အနည်းဆုံး ကတော့ ပခုံး ဝန်းကျင်လောက်ပေါ့။ ပခုံးလောက် အရှည်ကနေ ဒီ့ထက်ရှည်တဲ့ ဆံပင် ပုံစံတွေ အတွက်တော့ မိုးရွာတဲ့ အချိန် အပြင်ကို ထွက်ရင် ဆံပင်ကို စည်းထားပါ၊ ထုံးသွားပါ ။ ဆံပင်ကို ဖြန့်ထားတာက ရေစိုနိုင်ခြေ ပိုများသလို သူများတွေနဲ့လည်း ဆံပင်က ငြိပါသွားနိုင်ပါ တယ်။ ကိုယ်သွားတဲ့ နေရာက ဆံပင်လေး ချထားမှ ဖြစ်မယ်၊ ကိုယ်က ချထား ရတာကြိုက်တယ် ဆိုရင် တောင် အဲဒီနေရာ ကိုရောက်ခါနီး၊ ရောက်မှပဲ ချလိုက်ပါ။ သင်သွားရမယ့် နေရာ၊ ရုံးခန်းထဲ မဝင်မီ မှာ သန့်စင်ခန်းကို သွားပြီး ဆံပင်ကို စိတ်ကြိုက် ပြန်ဖြီးလို့ ရပါတယ်။ ဆံပင်အလိပ်တွေ ကောက် ထားရင်တော့ အရည်အသွေး ကောင်းတဲ့ ဂျယ်ကို သုံးပါ။ ဆံပင်ဖြောင့်စက် မသုံးပါနဲ့။
ကျစ်ဆံမြီး မျိုးစုံ ကျစ်ပြီး လေတိုက် ဒဏ် ခံနိုင် အောင် လုပ်လို့ရပါတယ်။ မိုးသက်လေတွေ တိုက်လို့ ဆံပင် ပုံပျက် မသွားအောင် ကလစ်တွေ နဲ့ထိန်းရင်း လည်း အလှ ဆင်နိုင် ပါတယ်။ မုတ်သုံ ကာလ နဲ့ သင့်တော်တဲ့ ဆံကေသာ စတိုင် နမူနာ လေးတွေကိုလည်း ဖော်ပြပေး လိုက်ပါတယ်။
Hair care
စိုစွတ် ထိုင်းမှိုင်းမှုက ဆံပင်နှစ်ခွတွေ ဖြစ်ဖို့နဲ့ ဗောက်ထဖို့ အားပေးပါတယ်။ ဆံပင်ကျွတ်နိုင် ပါတယ်။ ဒါ့ကြောင့် ဦးရေပြားကို မှိုမတက်အောင် ဂရုစိုက်ဖို့ လိုပါ တယ် ။ ဗောက်ပျောက်တဲ့ ခေါင်း လျှော်ရည်နဲ့ မကြာခဏ လျှော်ပေးဖို့နဲ့ လျှော်ပြီး တိုင်း ပျော့ဆေး သုံးဖို့ မမေ့ပါနဲ့။ တတ်နိုင်သမျှ ဆံပင် အခြောက်ခံစက် မသုံးပါနဲ့။ အ ဖျားနှစ်ခွ ဖြစ်စေနိုင်ပါတယ်။ သုံးခဲ့ရင် Hair Dryer ကို ဆံပင်နဲ့ ခပ်ခွာခွာ ကနေ မှုတ်ပေးပါ။ ခေါင်းလျှော် ပြီးတာနဲ့ ခြောက်အောင် ဆံပင်ကို သုတ်ဖို့ ကလည်း အရေး ကြီး ပါတယ်။ မိုးကာလမှာ တတ်နိုင်ရင် ဆံပင်ကို လုံးဝဆေး မဆိုးပါနဲ့။ ဆံပင် အတွက် Stress ဖြစ်စေနိုင်လို့ပါ။ ဆံပင်ကို သုတ်တဲ့ ပဝါ ကို လည်း သေချာ ပုံမှန်လျှော်ပါ။ ရေစို သုတ်ပြီးတိုင်း ခြောက်အောင် လှန်းပါ။ ခေါင်း မလျှော်တဲ့နေ့တွေ မှာ ရေချိုးတိုင်း ရေစိုတာ ကာကွယ်ပေးမယ့် ပလတ်စတစ် ခေါင်းဆောင်းလေး စွပ် ထားပါ။
Eat for healthy locks
ဟင်းသီး ဟင်းရွက်များများစားပါ။ ဗီတာမင် အီးရဖို့ မနက်တိုင်း ပထမဆုံး လုပ်သင့်တာက ဗာဒံစေ့ ၅ စေ့စားပါ။ ဆံပင် အတွက် ကောင်းမွန် ပါတယ်။ ညအိပ်ရာ မဝင်ခင် လည်း ဗာဒံစေ့ထပ် စားပါ။ ဗာဒံစေ့ပေါ်က အမှေးလေးတွေ ကို ခွာပစ် ပြီးမှ စားဖို့တော့ မမေ့နဲ့ပေါ့။
How to kill head lice
ခေါင်းမှာ ကြေးတင်နေတဲ့ အခါ မိုးငွေ့ရိုက် သွားရင်၊ မိုးရေစိုရင် အလုပ်များတာနဲ့ မလျှော် ဖြစ်လိုက်ပဲ ရေသုတ်ရုံ သုတ်လိုက်တယ်၊ သုတ်ပစ် တာက လည်း သေချာ မခြောက်ဘူး ဆိုရင်တော့ ခေါင်းမှာ သန်းတွေရောက်လာ တတ်တာကလည်း မိုးကာလရဲ့ သတိပြုစရာ ကေသာဆိုင်ရာ အချက် တစ်ခုပါပဲ။ တကယ် လို့များ သူများဆီ က ဖြစ်ဖြစ် ကိုယ့် ဘာသာဖြစ်ဖြစ် သန်းတွေ ခေါင်းပေါ် ရောက် လာရင်တော့ အနေရ ခက်ပြီး ရှက်ရတာ ကျိန်းသေ ပါပဲ။ ဒီအခြေ အနေကို အမြန်ဆုံး ဖြေရှင်း ဖို့ ဘာတွေ လုပ်နိုင်မလဲ။
၁။ ဘီးစိပ်တစ်ခု ဝယ်ပြီး သေချာတိုက်ချပါ။ သန်းဥများကို ဖြစ်နိုင်ရင် ဆွဲဖယ်ပစ်ပါ။ တတ်နိုင် သမျှ လုပ်ပြီးရင် ခေါင်းလျှော်ပြီး ခြောက်အောင် ပဝါနဲ့သုတ်ပါ။ စိုထိုင်း ထိုင်းဆံပင်ကို ချက်ချင်း ဆံပင်ပျော့ဆေးလိမ်းပါ။ ရေနွေးဇလုံ တစ်ခု မိမိရှေ့ချပါ၊ ရေအေးလည်း ရပါတယ်။ ဆံပင်ကို ဘီးနဲ့ သေချာဖြီးချပါ။ ခေါင်းမှ ကျသမျှ ဇလုံ ထဲ ရောက်ပါစေ။ ဆံပင်ကို နေရာတိုင်း အနှံ့ ဖြီးမိပါ စေ။ ထိုသို့ အနှံ့လုပ်ပြီးက ခေါင်းကို ရေဆေးချပါ။ ခြောက်အောင် သုတ်ပါ။ ဒီလို ပုံမှန် လုပ်သွားခြင်း အားဖြင့် သန်းများ ပျောက်သွားပါလိမ့်မယ်။ သန်းတွေဟာ သက်တမ်း သိပ်မရှည်ပါဘူး။ ရေဓာတ် မရရင် သေကျေ ကုန်ပါတယ်။ ဒါပေမဲ့ ရေလောင်းချိုး လိုက်ရုံနဲ့တော့ မသေနိုင် ဘူးနော်။ သူတို့က ဒါမျိုးကို ၆ နာရီလောက်ထိ ခံနိုင်ပါ တယ်။
ခပ်မြန်မြန် ချက်ချင်းပဲ ရှင်းပစ်ချင်သူတွေ အတွက် နောက် တစ်နည်းက သန်းသေအောင် သတ်တဲ့ ပိုးသတ်ဆေး သုံးတာပါ။ ဒါကို ဆရာဝန် တစ်ယောက် ရဲ့ ညွှန် ကြားချက် နဲ့ပဲ လုပ်ဆောင်ဖို့ အကြံပြုပါရစေ။ မိမိဘာသာ ဆေးဝယ် မသုံးသင့် ပါဘူး။ နောက်ပြီး အဲဒီဆေးမျိုးတွေကို ခေါင်း လျှော်ရည်၊ ပျော့ဆေးတို့နဲ့ ရောစပ်ပြီး တစ်ပြိုင် တည်းသုံးလို့မရပါဘူး။
ဆံပင်ကို အရက်လောင်း ချပြီး ဘီးစိပ်တိုက် ကာ ခေါင်းလျှော်ချတဲ့ နည်းလမ်း၊ သန်းသေနိုင်တဲ့ သဘာဝ သစ်စေ့တွေကို အမှုန့်ကြိတ်ပြီး ခေါင်းမှာ လိမ်းလို့ သန်းတွေသေ မှ လျှော်ပစ်တဲ့ နည်းလမ်း စသဖြင့် ဒေသအလိုက် နည်းမျိုးစုံ လည်း ရှိနိုင် ပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် ကျွန်မတို့ ရဲ့ကေသာ တွေ လှပ ကျန်းမာနေအောင် သန်းတွေ မရှိအောင် ကာကွယ်ဖို့နဲ့ ရှိလာရင် ရှင်းပစ်ဖို့ ကတော့ သိပ် အရေးကြီးတယ် မဟုတ်လား။
မာဦး